အချစ်ဆိုသည်မှာ

in #myanmar7 years ago (edited)

အချစ်အကြောင်းတွေ အလွမ်းအကြောင်းတွေ ဖတ်လာရတာများတော့လည်း
ကိုယ်တောင် လွမ်းတတ် ချစ်တတ်လာတာဟာ ဟိုးအဝေးကြီးလောက်ကို ကျန်ရစ်သွားခဲ့ရသလိုပါဘဲ ။

သူတို့ တွေကိုယ့်ထက်ချစ်တတ်ကြပါလားလို့ဖြည့်တွေးကြည့်မိတယ် ။
ဒါကြောင့်လည်း ကိုယ့်ထက်ပိုတဲ့ဝေဒနာကို ခံစားရလေသည်လား ?

ချစ်တိုင်းလည်းမညား

ညားတိုင်းလည်းမချစ်

ဆုတောင်းတိုင်းလည်း မပြည့် ……

ဟူသောစကားများကြောင့် ချစ်သူတိုင်းညားကြပါစေလို့ ဆုတောင်းပေးချင်သော်လည်း ဆုတောင်းမပြည့်မှာစိုးရိမ်မိသလို ကိုယ်ဆုတောင်းပေးလိုက်လို့  ချစ်သူတွေ ပေါင်းဖက်ညားကြပြီး မချစ်ကြတော့မှာလဲ ပူပန်ရ၏ ။ ကိုယ်ဆုတောင်းပေးတိုင်းကလည်း ပြည့်ချင်မှ ပြည့်မှာလေလို့  ဖြည့်တွေးကြည့်လိုက်မိပါတယ် ။

၅၂၈ချစ်လို့ ဖြစ်ဖြစ်

၁၅၀၀ချစ်လို့ ဖြစ်ဖြစ် ……

ချစ်လာကြတာနဲ့ ပူပင်စိုးရိမ်မှုတွေက နောက်ကတသီကြီး ကပ်ပါလေတော့ သောကတွေပွားကြရပါတယ် ။

ကျမတို့အမေက ကျမတို့ အတွက် မိဘဖြစ်တော့ ပူသလို
ကျမကအမဆိုတော့ အငယ်ဖြစ်တဲ့ ညီမနဲ့မောင်လေးအတွက်ထပ်ပူ
အဲ့ဒီလိုပါဘဲ ကျမညီမလေးကလဲ သူ့ ထက်ငယ်တဲ့ မောင်လေးအတွက်ထပ်ပူပြီး
အကြီးတွေက အငယ်အတွက်သလို အငယ်တွေကလဲ အကြီးအတွက်ပူပန်ရင်း
အပူသံသရာတွေ လည်ပြီးရင်းလည်နေတော့တာပါ ။ဒါကတော့ မိသားစုအချစ် ၅၂၈ ဆိုတော့ ပူပန်ပြီး စိုးရိမ်တာကလွဲလို့ အမုန်းတရားမရှိဘဲ မခေါ်တော့ဘဲ မနေတဲ့ အချစ်ပေါ့ ။

၁၅၀၀အချစ်ဆိုတဲ့ ချစ်သူရီးစား လင်နဲ့မယားတွေမှာကြတော့ စိုးရိမ်ပူပန်မှုတွေကတဆင့် သောကတွေဖြစ် သံသယတွေဝင်လာတတ်ကြပြီး ရန်သူကြီးတွေလိုဖြစ်ကုန်တတ်ကြပြီး မခေါ်တာမျိုး အမုန်းတရားပွားထားပြီး အညှိုးထား ပြတ်သွားကြတာမျိုးတွေရှိလာတတ်ကြပါတယ် ။

အကြောင်းကြောင်းကြောင့် ဒီအချစ်၂မျိုးကို ဂဏန်းအရေအတွက်နဲ့ သတ်မှတ်ခဲ့လဲဆိုတာ ကျမ သေချာမပြောပြတတ်ပေမယ့် ၅၂၈ ထက် ၁၅၀၀ က တမ်ဘိုးပိုများလေတော့ များတဲ့အချစ်နဲ့ချစ်ကြသူတွေက များများပိုပူပန်ရလို့  ပြတ်တဲ့အထိဖြစ်ကုန်ကြလေသည်ဟုသာ ဖြည့်တွေးလိုက်ပါတယ် ။

image

photo credit # facebook

မင်္ဂလာပါ စတီးမစ်သူငယ်ချင်းများရှင် ။
၁၅၀၀ ဆိုတဲ့အချစ်နဲ့ ချစ်နေကြတဲ့သူငယ်ချင်းတွေလည်း ဆင်ခြင်ချစ်နိုင်ကြပါစေ လို့  ဆုတောင်းပေးလိုက်ပါတယ် ။ ခိုင်ခိုင်မြဲမြဲလက်တွဲသွားနိုင်ကြရန်အတွက် တဦးနှင့်တဦး ခွင့်လွှတ်နားလည်နိုင်သောသူများလည်း ဖြစ်ကြပါစေရှင် ။

@thetlyar

MSC 027

Sort:  

တစ်ထောင်ငါးရာနဲ့ငါးရာနှစ်ဆယ်ရှစ်ပေါင်းတော့နှစ်ထောင်နဲ့နှစ်ဆက်ရှစ်ပေါ့မသက်လျာရယ်
ဒီထက်ပိုသွားခဲ့ရင်တော့စိတ်တွေဘယ်လိုဖြစ်သွားမယ်မသိဘူးဗျာ……သူရ

ဟုတ်ကဲ့

ချစ်တာလည်းကောင်းပါတယ်
လွမ်းတာလည်းကောင်းပါတယ်
သို့သော် လွမ်းရင်တော့ တန်ဖိုးရှိအောင်လွမ်းကြပါလို့

ဟုတ်ကဲ့

အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု သီချင်းဆိုသွားတာပါ အစ်မ

ဟားး

1500က ပိုများလို့ ပိုခံစားကြရတာ ဟုတယ်😁😁

ဆုံးမလိုက်ပါအုံးမမရေ

Good post
Thank for post

thank you

အပူ နဲ့ အအေး ပါလေ

အိမ်ကအငယ်မနဲ့တင် အတော်ပူနေလို့  အကိုရေ ခ်ခ်

အချစ်ဆိုသည်မှာ အံ့ဩမှုများနဲ့ ဆန်းကျယ်သောအရာ
သီချင်းဝင်ဆိုသွားသည် 😁😁😂😂

အသံကောင်းတယ် ဆက်ဆိုပါ အားပေးနေပါတယ်ရှင့်

နှုတ်ခမ်းမွှေးကြီးလှုပ်စိလှုပ်စိဖြင့်သီဆိုသွားသည်ပေါ့လေ 😜

ဟိဟိ😂😂😂😂

ဘယ်လိုမှမချစ်ဘဲကိလေသာကုန်သွားတာပဲကောင်းတယ် 😁

ဘုန်းကြီးဝတ်မလား သင်္ကန်းလှူမယ်လေ

ဒါ​တော့ဒါ​ပေါ့ဒါ​ပေမဲ့လည်း၂ခုလုံးလိုပါတယ်

လိုတာပေါ့ မလိုတာကိုဖယ်ရမှာပါ

၁၅၀၀+၅၂၈😁😁😁

ပိုဆိုးပြီ ခ်ခ်

အရမ်း​ကောင်းပါတယ်​ စာကတို​နေသလိုပဲ​နော်

တိုနေရင် ဖြည့်ပေးပါ့မယ်ရှင် စာလုံးရေ1000ခန့် လို့  ပရိုကစည်းကမ်းပါပြီးသားပါ

၁၅၀၀ တွေနားလည်ဘူးအေ

အချစ်ဆိုတာ ဆားလို့ပဲ...

အမစာတွေမှန်သမျှအရမ်းကောင်းတယ်

အချစ်ဆိုသည်မှာ ခံစားမှုများနဲ့ ဆန်းကျယ်သောအရာ

အပြန်အလှန်နားလည်မှုရှိရင်၂ခုစလုံးမှာဘာပြဿနာမှမတတ်နိုင်ပုလို့ထင်မိပါတယ်

တဦးနဲ့တဦးနားလည်မှုရှိမှအဆင်ပြေမှာပါ။