ဒီနေ့ ကိုဟင်က ထူးထူးဆန်းဆန်း ပုံတစ်ခုပို့လာတယ်။ အောက်ကပုံပေါ့
ဒါဘာအရွက်ခေါ်သည် မြန်မာပြည်ဝယ်တဲ့။
မသိဘူးလေ ဒီအရွက်ကတော့ဖြင့် အမည်နာမသာမသိတာ အအေးပိုင်းတွင် အများအားဖြင့်ပေါက်တဲ့အရွက်ပဲ ဆိုတာတော့သိတယ်။
ငယ်ငယ်ကအိမ်ရှေ့နှုတ်နှုတ်နေရတာကိုး။
နောက်တော့ @domelay ရောက်လာပီး မိုချဉ်ရွက်ခေါ်တယ် ပေါတယ်တဲ့သူတို့အိမ်ထဲတဲ့။
အဲ့ဒါနဲ့အစ်ကိုဟင်ကလည်း
ကဲအဲ့ဒါဆိုရင် လေးရွက်ပါတဲ့အပင်ရှာကြတော့ စင်ကာပှု ဒေါ်လာ 200 ပေးမယ် ဆိုလိုက်တော့
ဒိုမီလေး ဖုံးကိုင်ပီး အိမ်ပေါ်က ပြေးဆင်းကာရှာတော့သည်။ (တကယ်က 500$ပေးတယ်ဗျ။ ကျနော်က ပွဲညွန့်ခုပ်တာ ဘယ်သူမှမသိစေနဲ့)
ကသက်က ဥာဏ်ကြီးရှင်ပီပီ တွေးလိုက်တယ် ဒါဆို 500$ မကလောက်ဘူး ကိုဟင် ပွဲညွန့် ခုတ်တာသိပေမယ့် ထားလိုက်တော့သည်။
@ansoe ဆိုတာတော့ တုတ်တချောင်းနဲ့ စစ်ကိုင်းတောင်ပေါ်ပြေးတတ်သွားတော့တာပဲ။
ထို့နောက် ရွာထဲ လမ်းဆုံ MSC New Chat ထဲ ပွဲသွားတိုက်တာပေါ့။
တယောက်ထဲရှာတာထက် အများရှာခိုင်းတာပိုအဆင်ပြေမယ်ထင်တယ်လေ။
ပုံလေးပို့ကာရှိသေး ဝိုင်းပြောကြပုံများ စကားပြောရမှာတောင်ခပ်လန့်လန့် အဲ့လမ်းဆုံ လူမိုက် ကထက် ကထွေး ကလင်း တို့ သိမ်းပိုက်ဆက်ကြေးတောင်းနေကြတာများ
ဈေးတောင်းတော့
ဟော့ဒီအရွက်လေး လေးရွက် ပါတယ်ဆိုရင်
သိပ်မခုတ်ပါဘူး ဘေ ၅၀၀၀ ကျပ်ဖိုးအထိထည့်ပေးမယ် စဖွင့်တယ်။
နောက်ကြာတယ် အမြတ်ကြီးစားတယ်ထင်မှာစိုးလို့
နောက်ထပ် ဘေ ၅၀၀၀ ကြီးများတောင်တိုးပေးပလိုက်တယ်။
ဒါပေမယ့် အပင်တောင်မရှာရသေး အထွေးပြောပုံကတော့ဖြင့် ကြည့်ကြပါဦးဗျာ။
နောက်တယောက် ထက်ဝေဟင်း ကတော့ဖြင့် google ကနေရှာလာပီး
ဈေးကွက်တွေ လုကုန်ကြရောဗျာ။
ဒါနဲ့အမြင်ကပ်တာနဲ့ ဒိုမီ ရသွားပီ 8 သိန်းနဲ့ လျောက်ပြောတာပလိုက်တော့ နည်းနည်းငြိမ်သွားပီး ဘယ်လိုအသုံးဝင်တာလဲတဲ့ ။
ကိုယ်လဲ စလုံး ပိုက်ဆံပဲ သိတာဆိုတော့ ခပ်တည်တည်နဲ့ ပန်းသေပန်းညိုး၊ မိန်းမဟော်မှုန်းများတာ ပျောက်တယ်ပြောလိုက်တယ်။
အဲ့မှ ဇတ်လမ်းပိုရှုပ်ကုန်ပီး ဆေးကြော်ငြာတွေ ပုံလာကြတော့တာပဲဗျာ။
ကိုယ့်တောင် ဘယ်ပြေးရမလိုလိုဖြစ်ကုန်တော့တယ်။ မတတ်နိုင် ရနည်းလားပြောမိပါတယ်။
တကယ်တော့ ထိုအပင်ရဲ့နာမည်မှာ Lucky clover leaf ဆိုပြီး နာမည်ကြီးပါတယ်။ သူက ... clover လေးရွက်ပါတဲ့ အပင်လေးကို ဆောင်ထားရင် ကံကောင်းတယ်ဟုယူဆပီး ဆောင်ကြတာပါ။ အပင်ပေါပေမယ့် သူ့သဘာဝကိုက သုံးရွက်သာပါတတ်လေသည်။ လေးရွက်ပါတာ အင်မတန်ရှားပါသည်။ Wiki တွင် ကိုဟင်ရိုက်ရှာကြည့်တော့ဖြင့် အပင်တသောင်းတွင် တပင်ခန့်မှန်းချေပါတတ်သည်ဟုဆိုသည်။ လေးရွက်ဆိုပေမယ့် ဈေးကွက်ဝင်သည်က အသည်းပုံလေးရွက် အရွယ်ညီရမည်ဟုဆိုလိုထားသည်။ 7 ရွက် 8ရွက်ပါသည်များလည်းရှိတတ်သည်။ အဖြူရစ်လေးများပါပါက ဈေးပိုပေးကြသည်ဟုဆိုထားသည်။
US တွင် ဇီဝဗေဒ ဖြင့်ပြန်လည်ပြုပြင်ထားသော အရွက်များ ရှိသည်ဟုဆိုလေသည်။ သို့သော်original အရိုင်းပင်ကနေ လေးရွက် ထွက်နေတာမှ ဈေးကောင်းရသည်ဟုဆိုလေသည်။ ထိုသို့ပြုပြင်ပြောင်းလဲထားသည့်အရွက်များမှာမှု အများဆုံးမှ 10$ ခန့်သာရသည်ဟုဆိုသည်။ အဓိကကတော့
ထိုလေးရွက်ပါသော အပင်သည် နတ်သမီးစောင့်ရှောက်သည်ဟု ယုံကြည်ကြသည်။ ထိုကြောင့် ထိုအရွက်ဆောင်ထားပါက နတ်သမီးသည် မိမိအား စောင့်ရှောက်မည်ဟု ယုံကြည်ကာ luckyအဆောင်သဘောမျိုး ဆောင်ကြသောကြောင့် ဈေးပေါက်နေရခြင်းဖြစ်သည်။
ကဲ မြောင်းဘေးဆင်းရှာကြပေတော့ခင်ဗျား။ sp လေးဝယ်စုကြရအောင်လို့။ အထွေးကတော့ဖြင့် ရေမချိုးပဲ ကုန်းကုန်းကွကွ ရှာနေလေပြီ။
ဘာလုပ်နေတာလဲ။ ခင်ဗျားတို့ကောရှာကြလေ။
That Ko Zaw
MSC 005
အအေးပိုင်းမှာပေါက်တယ်ဆိုတော့ ကိုယ်တေရောက်နေတာ ကျောက်ပန်းတောင်း နီးစပ်ပြီလေ 😁😁😁
အင်း တုံးတွေကြားမှာပေါက်တယ် ဇွဲမလျော့နဲ့ ဟွာကောင်းတယ်ဆိုပဲ
ကသက်ဆီညေးပို့ပေးရင် တစ်ဝက်ဈေးရမှ ပို့တော့မယ် 😀😀
မနက်ဖြန်ကစပြီး ဘယ်နေရာကိုသွားသွား ဘယ်နေရာကိုရောက်ရောက် သတိထားရပေတော့မည် တစ်ကျင်းလောက်သာတွေ့မိလို့ကတော့ ထောပြီ
ထောရင်သာ မမေ့နဲ့ သလား
ရှာပီလေ
ဟိုဟာလိုဖစ်နေပြီ
ရန်ကုန်က ငါ့အဘကြီးကရေနံကြီးတပိပ်သာ တသိန်းပေးမယ်တဲ့
မင်းသွားပို့လိုက် ဒါပေမဲ့အနာသုပ်ဖို့ ရ ချင်တာတဲ့ ဆိုသလိုဖြစ်နေပြီ ခ်ခ်
ဟာဒါက စင်ကားပူး ဒေါးလား ၂ထောတောင်နော်
အော် အော် ဒါကြောင့် ကိုသက်လာမေးနေတာကိုး😁😁
ကန်ထဲ ချောင်းထဲ မြောင်းပါမကျန် နောက်နေ့ပစပီး ရှာပီလေ ဟိဟိ
လိုက်ရှပေတော့ပဲပြောမယ် ကိုယ့်ဆီသွင်းနော် ဟဲဟဲ
အုံနဲ့ရရ ဖွနဲ့ရရ ရှာကြည့်အုန်းမှ
ပေါ်လစီလိုက်ရမယ် ကွီးရွှေ ရှတော့
ရှာပြီလေ..☺☺
ရှာကြည့် ရောင်းပေးမယ်
ညင်ဖူးသလိုလိုလယ်တောက ကန်ဘောင်တွေမှာပေါက်တေ🙄🙄
ပြေးရှာလေ တကယ်ဝယ်မှာ
ရီလည်းရီရ .. ဗဟုသုတလည်းရ ..းD
ဆေးတွေထိုးကြတာ ဟီးဟီး
တစ်ကယ်လာပေါတယ်အများကြီးရှိဆယ်
ရှာလေ ရှာကြပေါ့
ဘယ်နား ရှာရမေ ရှာမေ 😉😉😋😋
အတာ ရုံးထဲက ကလေးတေ တပင်တစ်ထောင်ပေးမယ်ပြောပီးရှာခိုင်းပေါ့
အမှန်တကယ် ဒီမှာ ဟင်းပေါင်းလုပ်ရောင်းနေကြတာ အဲ့လောက်ကိုပေါတယ်။
နိဟာက မှိုနာတို ဆေးမြင်းခွာရွက်
ခုမှမြင်ဖူးတယ်
နောက်ဆို ဆင်ခြင်မှပါ post ထည်းပါလိမ့်မယ် ဟားးး
ဟဲဟဲ လွတ်မယ်ထင်လား
ရှာတွေ့မတွေ့တော့သိဘူး ဖက်လိုက်ရတာ အူတက်တော့မယ်
တကယ့်လူကြီးဗျာ ဖွေဖွေရှာရှာ ဒိုးခဘဲ
နာ့ဆို အငြိုးတေနဲ့ အုပ်ကြတာ
တော်သေးတယ်ကိုသက် ဖေ့ဘုတ်မှာ အတင်မခံရလို့ ဟီးးးး
ဂယ်ဘဲလားကိုသက်ရေ
ဂယ်ပါဆိုနေမှ
အာ့ကြောင့် ချက်ဂရုမှာအာ့ပုံတွေနဲ့ပြောနေကြတာကိုး အခုမှဈေးအမှန်သိတော့တယ် 😂
နည်းနည်းခုပ်ကြည့်တာပေါ့
ဆေးမြင်းခွါလို့ခေါ်သေးလားဗျ
မှိုနာတို ဆေးမြင်းခွာ မှိုချဉ်မတူပါ အလွယ်မှတ်ရင် အသည်းပုံပဲ
နက်ဖြန်ကျရင်ထွက်ရှာဦးမှပါ...😁
Sp ဝယ်ဖို့ ရှာလေ
မှိုချဉ် ကုန်သည်ကြီး😁
ရှာပြီလေ
ရှာကြည့်
မိခါနီးပီ မိုးမရွာသေးလို့စောင့်နာ ☻☻☻
တွေ့ရင်တဝက်
ရှာ ပြီဗျာ အာ့ဆိုရင် စင်ကာပူ ကို Export လုပ်မယ်
aww..
ခါတော်မီ ဈေးကွက်ရှာဖွေရေးတွေ လုပ်နေပီ