"မြစ်ကမ်းဆီမှလွမ်းမောသံ" (ဇာတ်သိမ်း)
လူဆိုတာ ကံကြမ္မာဆိုးဝင်လာပြီဆို ထိုင်နေရင်းတောင် ၀င်လာတာမျိုးပါ။ စကားပုံတောင်ရှိသေး “ကံဆိုးမသွားရာ.. မိုးလိုက်လို့ရွာ” ၊ခုလဲ ဦးလေးသာအောင်တစ်ယောက် အတိတ်ဘ၀၀ဋ်ကြွေးပါလာတော့လဲ ကုန်အောင်ဆပ်ရပေဦးမည်။ဘာဖြစ်လို့ဆို ပထမ ဦးလေးသာအောင် စကားများရန်ဖြစ်ရင်း လှေနံကွာသွားသောကြောင့် သူ၏နေ့စဉ်လုပ်နေကြဖြစ်သော လှေပို့ခြင်းကိုမလုပ်နိုင်သည့်အပြင် လူသတ်သမားအဖြစ်ပါ သတ်မှတ်ခြင်းခံနေရပေသည်။ဦးလေးသာအောင်တစ်ယောက် ဘယ်ရောက်လို့ ဘယ်သွားနေသည်ဆိုတာလဲ မည်သူမှမသိပေ။တစ်ရွာလုံးကတော့ လူသတ်တရားခံဆိုပြီး ထင်နေကြပြီ။
၃ရက်မြောက်သောအချိန်တွင် ဦးလေးသာအောင်တစ်ယောက် ဘယ်အချိန်ကရောက်လာတယ်မသိ၊ အထုပ်အပိုးတစ်ခုလွယ်ရင်း တစ်နေရာသွားရန် ထွက်လာခဲ့ပါသည်။
“ ဟေ့ ကိုသာအောင်ကြီးဘယ်ကိုသွားမလဲမသိဘူးကွ ငါ ခုတွေ့ခဲ့တယ် ဥက္ကဌ ကိုသွားပြောကြရအောင်” ဟုရွာသားတစ်ယောက်မှပြောလိုက်ပါသည်။
ဦးလေးသာအောင် ပြန်လာသည်ဆိုသော သတင်းကြားသည်နှင့်ရွာသားအချို့သည် ဦးလေးသာအောင်အား ဖမ်းဆီဖို့ရန် စုဝေးရောက်ရှိလာကြလေသည်။ဦးလေးသာအောင်လဲ ရွာသာများ စုဝေးရောက်ရှိလာကြသည်ကို ထူးဆန်းသောပုံစံနှင့်ကြည့်နေပေသည်။ တကယ်ဘဲ မသိလေသလား ဟန်ဆောင်လေသလားဆိုသည်ကိုတော့ ဦးလေးသာအောင်တစ်ယောက်သာသိပေလိမ့်မည်။
“ရွာထဲကလူတွေ စုဝေးလို့ပါလား ဘာဖြစ်လို့လဲကွ “ဟု ဦးလေးသာအောင်မှ လူအုပ်ကိုမေးလိုက်လေသည်။
“ဒီမှာ ကိုသာအောင် ခင်ဗျား ခုမှမသိချင်ယောင်ဆောင်နေတာလား အရင်ရက်က ခင်ဗျား ကိုချစ်မြိုင်ကို လှော်တက်နဲ့ ရိုက်သတ်လိုက်ပြီး အခုထွက်ပြေးမလို့မလား”
“ဘာကွ ကိုချစ်မြိုင်ကို ငါသတ်တာဟုတ်လား ဘာကြောင့်ငါသတ်တယ်လို့ပြောရတာလဲ အခုငါကိစ္စရှိလို့ ခရီးသွားမလို့ လိုအပ်တာတွေပြန်လာယူတာကွ”
“ခင်ဗျား ထွက်ပြေးမလို့လုပ်နေတာမလား ဟေ့ကောင်တွေ မပြေးစေနဲ့ဟေ့ မပြေးအောင်ဖမ်းကြကွာ ၀ိုင်းဖမ်းကြဟေ့”ဆိုပြီး ရွာသားများလဲ ပြောပြောဆိုဆို ဖမ်းတဲ့လူကဖမ်း ရိုက်တဲ့လူကရိုက်ဆိုတော့ ဦးလေးသာအောင်ခင်ဗျာ ခေါင်းမှ သွေးများပင်ကြလာသည်။အသက်ကလဲ ရလာပြီမို့ ရိုက်လိုက်တဲ့ဒဏ်ကြောင့် မူးခနဲဖြစ်သွားပြီး လဲကျသွားပါသည်။
“ဟာ ရပ်ကြပါဦးဟ မင်းတို့ကလဲကွာ အသာလုပ်ကြပါကွ ဟိုကဖြင့် တရားခံမှန်း ဘာမှန်းသိရသေးတာမဟုတ်ဘူး လက်လွန်ကုန်ကြပါမယ်ကွာ”
“ဟာဗျာ သူကလူမသတ်ရင် ထွက်ပြေးဖို့လုပ်စရာအကြောင်းမရှိပါဘူး”
“ဟ သူသတ်မသတ် သေချာမှမသိရသေးတာကွာ မင်းတို့၇ိုက်တာနဲ့ဒီမှာသေလိမ့်မယ် ဟော ဟိုမှာ ဥက္ကဌလဲလာနေပြီ”
“ဟာ ဘယ်လိုဖြစ်ကြတာလဲကွ မင်းတို့ဟာကလဲ လူတစ်ယောက်ကို အဖြစ်မှန်မသိဘဲ ရိုက်မယ်ဆိုတာချည်းဘဲ သေသွားရင်မင်းတို့တရားခံဖြစ်သွားမယ်”
“ဟာ ဥက္ကဌ ကလဲ သူကထွက်ပြေးဖို့လုပ်နေတာဗျ”
“အေး အဲဒါကြောင့်ပြောတာပေါ့ အဖြစ်မှန်မသိဘဲ ရိုက်လိုက်တော့ မရိုက်သင့်တဲ့လူကိုရိုက်သလိုဖြစ်ကုန်ပြီကွ”
“ဘာဖြစ်လို့လဲ ဥက္ကဌ”
“အေး ဒီလိုကွ မင်းတို့လာအကြောင်းကြားတဲ့အချိန်မှာ တပြိုင်တည်း ရဲစခန်းကလဲ အကြောင်းကြားလာတယ်ကွ ချစ်မြိုင်ကိုသတ်တာ ကိုသာအောင်မဟုတ်ဘူးကွ ၊တစ်ခြားလူကွ”
“ဗျာ! ဟင်…. ဘာတွေဖြစ်ကုန်တာလဲဗျ “ဆိုပြီးရွာသားများလဲ အံ့သြကုန်ကြပါတယ်။
“အသတ်ခံရတဲ့နေ့က ချစ်မြိုင်က အရက်သောက်ဖို့ မယ်တင်ဆီက ပိုက်ဆံတောင်းပြီး အရက်သောက်ရာက မိုးညိုတို့အုပ်စုနဲ့ စကားများကြတာကွ အရက်တွေကလဲမူး နေကြတာဆိုတော့ ချစ်မြိုင်ပြန်လာတဲ့အချိန်မှာ မိုးညိုတို့အုပ်စုက ချောင်းရိုက်ပြီး ကျူတောထဲပစ်ထားခဲ့တာ နောက်ပြီး သူတို့သတ်တာသံသယမဖြစ်အောင်ဆိုပြီး ကိုသာအောင်ရဲ့လှော်တက်ကိုခိုးပြီး ချစ်မြိုင်ဘေးပစ်ထားခဲ့တာ၊အဲဒီမှာ ကိုသာအောင်က သတ်တယ်ဆိုပြီးထင်ကုန်ကြရောပေါ့ကွာ”
“အဲဒါ ဘယ်လိုပေါ်သွားတာလဲဗျ”
“စခန်းက ပြောတာကတော့ ချစ်မြိုင်ရဲ့အလောင်းဘေးမှာ အဲဒီနေ့က ကိုသာအောင်ရဲ့ လှော်တက်အပြင် ကွဲနေတဲ့ အရက်ပုလင်းရယ် ခြေရာတွေအများကြီးကိုလည်း တွေတယ်တဲ့။အဲဒီတော့ သတ်တဲ့လူတွေဟာ တစ်ယောက်ထဲမဟုတ်ဘူး လူများတယ်ဆိုတာကတစ်ကြောင်း ၊အရက်ပုလင်းတွေ့တော့ ရွာထဲက အရက်ဆိုင်ကိုစုံစမ်း အဲဒီနေ့က သောက်တဲ့လူတွေစုံစမ်းလိုက်တော့ မိုးညိုတို့အုပ်စုကို မသင်္ကာတာနဲ့ စစ်လိုက်တော့ တစ်ယောက်တစ်ပေါက်ထွက်ဆိုကြတော့ ပိုလို့သံသယဖြစ်သွားတယ်။နောက်ဆုံး မိုးညိုတို့အုပ်စုက ကြောက်တတ်တဲ့ ပြောင်ကြီးကဖော်လိုက်တော့ သတ်တဲ့လူ အကုန်လုံးကိုဖမ်းထားလိုက်ပြီ”
“ဟာ အဲဒါဆို ကျွန်တော်တို့က မှားရိုက်မိပြီပေါ့ ဒုက္ခပါဘဲဗျာ “
“ ကျွန်တော်တို့ မဆင်မခြင်လုပ်မိတဲ့အတွက် ဦးလေးသာအောင်အပေါ်မှာ ကျွန်တော်တို့မတရားသလိုဖြစ်သွားပြီ ကျွန်တော်တို့ကိုခွင့်လွှတ်ပါဗျာ”
“ရပါတယ်ကွာ ငါဝဋ်ကြွေးပါလာတယ်လို့ဘဲ သဘောထားပါတယ်ကွာ လူသတ်တရာခံလို့အထင်ခံရတဲ့ဘ၀ကလဲ လွတ်သွားပြီပေါ့ကွာ” ဦးလေးသာအောင်လဲ ဒဏ်ရာများနှင့်အားယူရင်းပြောနေရပါသည်။
“ဟာ အဲဒါကအရေးမကြီးဘူး ကိုသာအောင်ကို ဆေးရုံပို့ရအောင်လုပ်ကြပါဦးဟ”
ဒီလိုနဲ့ တစ်ပတ်လောက်အကြာမှာတော့ ဦးလေးသာအောင်လဲ သက်သာပြီး ဆေးရုံမှဆင်းခဲ့ပါတယ်။ဦးလေးသာအောင်ရဲ့ စိတ်ထဲမှာလဲ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေပေါ်မှာ ဆင်ခြင်ရင်း အတိတ်ဘ၀က မကောင်းမှုတွေရဲ့ အကုသိုလ်ကံတွေကြောင့် ယခုဘ၀မှာ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရတာကို နောက်နောင်မကြုံချင်တော့တာကြောင့် ကုသိုလ်တရားရှာမှီးရန် ရဟန်းဘောင်ကို ထာဝရ၀င်ရောက်လိုက်ပါတော့တယ်။ အခုဆို အရှင်သုမနဆိုတဲ့ဘွဲ့နဲ့ ရဟန်းဝါတော်ပင် ၁၀၀ါရှိခဲ့ပါပြီ။ ဦးလေးသာအောင်တစ်ယေက် ရဟန်းဘ၀မှာ ကုသိုလ်တရားများရှာမှီးရင်း ၀ဋ်ကြွေးများလဲ ဒီဘ၀နှင့်သာကျေပါစေတော့လို့ ဆုတောင်းပေးနေမိပါတယ်……………….။
အားလုံးကိုကျေးဇူးတင်ပါတယ်။
Photo Credit : Google Image
MSC 134
Writer - Thant Zin Soe(@tharpauk)
ဖက်ရတာ ဂွတ်တယ် ကိုသန့်ဇင်ရေ....
တစ်ကယ်တန်းကျတော့ အဓိက တရားခံက အရက်
ဘယ်သူမှမဟုတ်ဘူး။
ဟုတ်တယ်ကိုလင်းရေ အရက်ကြောင့်သာမလုပ်သင့်တာတွေလုပ်ကုန်ကြတာပါ
ဝဋ်ကြွေးပါလာရင် ဘယ်သူမှမလွတ်ဘူး
ျွန်တော်တို့ ဘုရားရှင်တောင်မလွတ်ပါဘူးဗျာ
လူတွေက အဲဒီလိုဘဲဗျ အမှားအမှန်းသေချာမခွဲခြားဘူး
ဆွမ်းကြီး ဝိုင်းလောင်းဖို့လောက်ပဲ သိကြတယ့်
ဗျာ
ဟုတ်တယ်အစ်ကိုရေ လူတွေက ဆွမ်ကြီးဝိုင်းလောင်းဖို့ဘဲ လုပ်ကြေတာ
ဝဋ်ပါလာရင်..ဘယ်နေရာမှာပုန်းပုန်း၊ပြေးမလွတ်ဘူး။ဒါကြောင့်ဆရာတော်ဦးဗုဓ်က၊နန်းမတော်မယ်နုအသတ်ခံရခါနီးမှာ၊"မိနု..ဝဋ်ကြွေးပါရင်
ကျေအောင်ဆပ်သွား"လို့ပြောတာက၊စိတ်ကိုပြောတာ။
ဖြစ်သမျှကို..မကျေမနပ်နဲ့ဒေါသဆက်မလိုက်ဖို့။
ရေးတာကောင်းတယ်နော်..။
ဟုတ်ကဲ့ ကျေးဇူးပါဗျာ
တော်တော်ကြောက်ဖို့ကောင်းတယ်ဝဋ်ကြွေးကသရဲထက်ဆိုးတယ်
ဟားဟား မှန်တယ်ဗျာ သရဲက ဘုရားစာရွတ်ရင်လွတ်နိုင်သေးတယ် ဝကြွးကတော့မလွတ်နိုင်ဘူးဗျ
တရားခံပေါ်သွားပီ
ပေါ်သွားပြီပေါ့ hee hee
ဒီတပတ်တော့ မအားတော့လို့ မလွမ်းတော့ဘူး
မအားလဲလွမ်း အားလဲလွမ်းမှာဘဲ hee hee
လောကီ လူ့ဘောင်က ရှုပ်ထွေးလှပါတယ်ဗျာ သာသနာ့ဘောင်မှာပဲ တစ်သက်လုံးပျော်မွေ့နိုင်ပါစေ။
ကြီးလာရင် ၀တ်သင့်တယ် hee hee
ဝဋ်ကြွေးတွေ တကယ်ကြောက်စရာကောင်းတယ်နော် ကိုသန့်ဇင်
မှန်ပါတယ် ကိုအောင်ကြီးရေ
အင်း ဒါလည်း ဝဋ်ကြွေးတစ်မျိုးပါပဲဗျာ။
ဟုတ်ပ ကိုမိုးဇော်ရေ
ဝဋ်ကြွေးပါလာတော့ ဆပ်ရတာပေါ့ဗျား
မှန်ပါ့ဘုရား
ဝဠ်ကျွေးပါတော့ ဆပ်လိုက်ရတာပေါ့နော့် ဘဒို
ဟုတ်တယ်ကိုစိုင်းရေ
ဝဋ်ကြွေးရှိရင် နောက်ဘဝမကူးဘူးပဲ
...ရဟန်းဘဝနဲ့ ကုသိုဘ်ယူရမှာပဲဗျာ
ဟုတ်ပါတယ်ဗျာ
အရေးအသားလေးတွေကြိုက်တယ်အကိုရာ
ကျေးဇူးပါ
တကယ့်အဖြစ်အပျက်လား ကိုသန့်ဇင်ရေ
တကယ့်အဖြစ်အပျက်ကိုတော့ မှီငြမ်းထားပါတယ် နည်းနည်းလွဲတာတွေလဲပါတယ် ဇာတ်သိမ်းတူတယ်
အားလုံးပဲ ညီအစ်ကိုတွေကော သာသနာ့ဘောင်မှာပဲ လူ့ဘဝကိုချုပ်ငြိမ်းကြမလားဗျို့
ဟင် ! ဗျာ !
ဝဋ်လို့ကြားလိုက်ရင် ပြုသူအသစ်ဖြစ်သူအဟောင်း ဆိုတဲ့ ဦးလေးပြောဖူးတဲ့စကားကိုသတိရမိတယ်။
ဟုတ်ပါတယ်ဗျာ
This post has received a 0.71 % upvote from @booster thanks to: @tharpauk.
Thank!
အကျိုးအကြောင်းသေချာမသိပဲမိမိအထင်နဲ့ပဲဆုံးဖြတ်လို့ကမရပြန်ဘူးဗျာ
မှန်ပါတယ်ဗျာ
အော် အဲ့ဒါပဲ လူတွေက ဘာမှန်းမသိညာမှန်းမသိ ကြားထဲကလူက အချောင်ခံရတယ်ဗျာ ၀ဠ်ကြွေးလို့ပဲ သက်မှတ်ရတော့မပေါ့လေ
ဟုတ်ပဗျာ လူတွေကဒီအတိုင်းများပါတယ်
ဇာတ်သိမ်းပုံလေးသဘောကျပါတယ်
ကျေးဇူးပါဗျာ
ဝဋ်ကြွေးပါလာတော့လည်း မရှောင်နိင်ပါလားနော်
ဘုရားရှင်တောင် မရှောင်နိုင်ပါဘူးဗျာ
မြတ်စွာဘုရားတောင်မလွတ်တာပဲ တရားကိုနတ်စောင့်ပါတယ်ဗျာ
မှန်ပါတယ်ဗျာ
သံဝေဂ ရစရာပါပဲ။
အခုလို လာရောက်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါဗျ