ပြီးဆုံးသွား​သောပုံပြင်​​လေးတစ်​ပုဒ်​(၂)

in #myanmar7 years ago

images(14).jpg

"မစ​တော့ဘူးဆိုလည်း ပြီး​ရော ဟွန့်​! အမြင်​ကပ်​​အောင်​လာမလုပ်​နဲ့"
"ကဲပါ ပြန်​ရ​အောင်​ ငါ့အ​မေကအိမ်​ပြန်​​နောက်​မကျ​စေနဲ့တဲ့ ငါပြန်​မှရ​တော့မယ်​"
"​ဩ ​အေ​အေ အာ့ဆိုလည်းပြန်​ကျရ​အောင်​ နင်​တို့အိမ်​လမ်းထိပ်​ထိငါလိုက်​ပို့​ပေးမယ်​ "
"​နေပါ​စေ... ငါ့ဘာသာငါပြန်​လိုက်​ပါ့မယ်​ နင်​အလုပ်​ရှုပ်​​နေအုန်းမယ်​"
"မရှုပ်​ပါဘူးဟာ ငါမှနင်​တစ်​​ယောက်​ထဲပြန်​တာကိုစိတ်​မချတာ မရဘူးငါလိုက်​ပို့​ပေးမယ်​ သွားမယ်​လာထ"ဆိုပြီးသူ့လက်​က​လေးကိုကိုင်​ပြီး ဆွဲထလိုက်​ချိန်​မှာ သူ့ရဲ့ပါးနုနု​လေး​တွေက ရှက်​​သွေး​လေး​တွေကို ​နောက်​ထပ်​တစ်​ကြိမ်​ထက်​​တွေ့ရပြန်​သည်​။သူလည်း ရုတ်​တရက်​ဆို​တော့အူ​ကြောင်​​ကြောင်​နဲ့လိုက်​ပါလာသည်​။ဆိုင်​ကယ်​နား​ရောက်​မှလက်​တွဲဖြုတ်​လိုက်​သည်​။သူ ​ကြောင်​ငန်းငန်းနဲ့ဆိုင်​ကယ်​​ပေါ်တက်​ကာ စက်​ကိုနိုးပြီး​ရှေ့က​နေ့ကျွန်​​တော့်​ကိုမ​စောင့်​ပဲ​မောင်းထွက်​သွား​လေသည်​။သူ့ပုံစံကိုကြည့်​ပြီးကျွန်​​တော်​ပြုံးမိသည်​။ ရင်​ထဲကလည်း သူမတူတဲ့ခံစားချက်​​တွေနဲ့ ​လှိုက်​လှိုက်​လှဲလှဲကို​ပျော်​ရွှင်​​နေသည်​။သူ့အိမ်​လမ်းထိပ်​​ရောက်​​တော့လက်​ပြနှုတ်​ဆက်​ပြီးအိမ်​သို့မြှားဦးလှည့်​ကာထွက်​လာခဲ့လိုက်​သည်​။အိမ်​အပြန်​တစ်​လမ်းလုံးလဲစိတ်​ကူးရင်​အ​တွေး​တွေနဲ့​ပေါ့။အိမ်​ပြန်​​ရောက်​​တော့သူ့ဆီကိုဖုန်းလှန်းဆက်​လိုက်​သည်​။
"သဲသဲ ငါအိမ်​ပြန်​​ရောက်​ပြီ နင့်​အ​မေတို့ ဆူ​သေးလား"
"အ​မေ​တော့မဆူပါဘူး ဒါနဲ့နင်​အိမ်​ကိုတန်းတန်းမတ်​မတ်​​ကောပြန်​ရဲ့လား ​နောက်​ကျတယ်​​နော်​ ဘယ်​​တွေဝင်​​နေတာလည်း ?"
"ဘယ်​ကိုမှမဝင်​ပါဘူးဟာ အိမ်​ကိုပဲတန်းပြန်​တာပါ"
"ဒါဆိုဘာလို့ကြာ​နေတာလည်း မလိမ်​နဲ့​နော်​ လိမ်​တာငါမုန်းတယ်​"
"မလိမ်​ရပါဘူးဟာ လမ်းမှနင်​နဲ့​တွေ့ပြီးပြန်​​တော့ စိတ်​ကူး​တွေယှဉ်​ပြီး ​အ​ပျော်​​တွေလွန်​​နေလို့ ဆိုင်​ကယ်​​မောင်းတာ​နှေးပြီး နဲနဲ​နောက်​ကျသွားတာပါဟာ"
"ဟွန့်​! အပို​တွေ၊ လမ်းမှာ ဘယ်​​ကောင်​မ​လေးကိုလိုက်​​​ငေး နေလည်းမသိဘဲနဲ့ စကားတတ်​တိုင်း ဟွန့်​! မ​ပြောလိုက်​ချင်​ဘူး"
"ဘယ်​လိုများ​ပြောလိုက်​ရတာလည်းဟာ ငါ့မှာနင်​တစ်​​ယောက်​ထဲကိုပဲချစ်​ရတာပါ တစ်​ခြားဘယ်​သူ့ကိုမှစိတ်​နဲ့​တောင်​မပစ်​မှားဘူး"
"ကဲပါ ထားပါ​တော့ ငါ့​မေ​မေ​ခေါ်​နေလို့ ဒါပဲ​နော်​ ငါဖုန်းချလိုက်​​တော့မယ်​"
"​အေ​အေ ဒါပဲ​နော်​"
"ခဏ​လေး...ခဏ​လေး"
"သဲသဲ ! အရမ်းချစ်​တယ်​​နော်​ "
ထိုသို့​ပြောလိုက်​ရာ "နင်​ဆို..." ဆိုတဲ့စကား​လေးတစ်​လုံး​ပြောကာ ရှက်​​သွေးများဖြာလျက်​ဖုန်းကို​ကောက်​ကာငင်​ကာ ​ချသွား​တော့သည်​။ကျွန်​​တော်​လည်း လုပ်​​နေကျ ဖုန်းအင်​တာနက်​ကို ဖွင့်​ ဂိမ်း​ထဲကိုဝင်​ ပြီး ဂိမ်းထိုင်​​ဆော့​နေလိုက်​သည်​။ညကျဂိမ်း​ဆော့တာနားပြီးလိုင်း​ပေါ်တက်​သည်​။သူ့ account ​လေး active now ပြ​နေ​တော့ကျွ​န်​​​တော်​ စကားသွား​ပြောသည်​။
"သဲသဲ ဘာ​တွေလုပ်​​နေတုန်း"
"ဒီလိုပါပဲဟာ Newfeed ကို အ​ပေါ်ဆွဲလိုက်​​အောက်​ဆွဲလိုက်​​ပေါ့"
"င​အောင်​! ငါနင့်​ကို​မေးစရာရှိတယ်​"
"အွန်း​မေး​လေသဲသဲ ဘာ​မေးမို့လည်း"
"နင်​...ငါ့ကိုတကယ်​ချစ်​တာလား?"
"တကယ်​ချစ်​တာ​ပေါ့ဟ ချစ်​တာမှနည်းနည်း​လေးချစ်​တာမဟုတ်​ဘူး အများကြီး အများကြီးချစ်​တာ"
"ဟုတ်​ပါပြီ ဒါဆို ဘာလို့ချစ်​တာလည်း?"
သူ​မေးပြီ​လေကျွန်​​တော်​တို့​ယောကျာင်္​လေး​တွေအတွက်​အ​ဖြေရခက်​ဆုံး​မေးခွန်းကိုမှသူ​မေးလိုက်​ပြီ။ကျွန်​​တော်​ခဏတာစွံ့အသွားခဲ့တယ်​။ဘယ်​လို​ဖြေရမလည်းဆိုပူး​ခေါင်းလည်းပူထူသွားခဲ့တယ်​။
"ငါဘာလို့ချစ်​တာလည်းဟုတ်​လား"
"အင်​.............."
"​​မွေးလာကတည်းကနင့်​ကိုချစ်​ဖို့ နင့်​တစ်​​ယောက်​ထဲကိုပဲစွဲစွဲလမ်းလမ်းချစ်​ဖို့ကံဇာတာပါလို့နဲ့တူတယ်​ အခုငါ​လေနင့်​ကိုအရမ်းချစ်​တယ်​"
ကျွန်​​တော်​အဲ့လို​ဖြေလိုက်​တယ်​။သူလည်းအဲ့စာကိုseen ဖြစ်​သွားတယ်​​။ဒါ​ပေမဲ့သူစာမပြန်​လာပဲလိုင်းဆင်းသွားတယ်​။ကျွန်​​တော်​လည်းစဉ်းစားတယ်​ကျွန်​​တော်​​ဖြေလိုက်​တဲ့အ​ဖြေမှာဘာအမှားများပါသွားသလဲ​ပေါ့။နောက်​ရက်​ကျသူ့ကိုဖုန်းဆက်​ပြီး​​မေးကြည့်​တယ်​။
"သဲသဲ နင်​မ​နေ့ညကဘာလို့မ​ပြောမဆိုနဲ့လိုင်းဆင်းသွားတာလည်း ငါ​ပြောလိုက်​တဲ့အထဲအမှားပါလို့လား!"
"ဟားဟား..........."
"နင်​ဘာလို့ရယ်​တာတုန်း ငါ​ပြောတဲ့စကားကရယ်​စရာကြီးဖြစ်​​နေလို့လား"
"မဟုတ်​ပါဘူးဟာ ငါမ​နေ့ညက​ဘေလ်​ကုန်​သွားတာဟ"
" ​အေးပါကွာ... ငါ့မှာ​တော့နင်​ဘာများဖြစ်​သွားတာလည်း ငါ​ပြောလိုက်​တာဘာများအမှားပါသွားသလဲဆိုပြီး ​​တစ်​​ယောက်​ ထဲ​ခေါင်း​တွေပူထူ​နေတာ"
"ငါလည်းထင်​​တော့ထင်​လိုက်​တယ်​ဟ နင်​များတစ်​ခုခုစိတ်​ခုသွားမလားလို့ ငါထင်​တဲ့အတိုင်းပဲ"
"ကဲပါငါဖုန်းချလိုက်​​တော့မယ်​​​နော်​င​အောင်​ ငါမအား​သေးလို့"
"​အေးပါ​အေးပါအာ့ဆိုဒါပဲ​နော်​"
ဒီလိုနဲ့ပဲကျွန်​​တော်​တို့နှစ်​​ယောက်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ကြားမှာ ဆက်​လို့မလွယ်​ ဖြတ်​ရလည်း ခက်​တဲ့ သံ​ယောဇဉ်​ဆိုတဲ့​နှောင်​ကြိုးကြီးချည်​​နှောင်​မိသွားခဲ့ကြတယ်​။သူ့ဆီကတတွတ်​တွတ်​​တောင်း​နေတဲ့ ကျွန်​​တော်​ လိုချင်​တဲ့အ​ဖြေကို သူ့ကို propose လုပ်​ပြီး၎လ​မြှောက်​မှာ ကျွန်​​တော်​သူ့ကို propose လုပ်​ခဲ့တဲ့​နေရာ​လေးမှာ ရရှိခဲ့ပါတယ်​....

images(12).jpg

ဆက်​ရန်​.....

Photo Credit ;Google Image

MSC.119
@thantzinwin
Thant Zin Win

Sort:  

ရှောက်တောသားလား?

ဘာ​ပြောတာလည်းအကို