ဓာတ်ပုံ ပညာ ဟူသည်

in #myanmar7 years ago

ဓာတ်ပုံပညာဟာ လွယ်မရောင်နဲ့ ခက်ခဲတဲ့ ပညာရပ်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဓာတ်ပုံကောင်းတစ်ပုံရဖို့ မလွယ်ကူပါဘူး။ ကျမ ငယ်ငယ်က ဓာတ်ပုံပညာနဲ့ သတင်းထောက်ပညာကို အတော်ရူးသွပ်ခဲ့ဘူးပါတယ်။ ၁၀တန်းအောင်ရင် ရန်ကုန်မှာ သတင်းနှင့် ဓာတ်ပုံပညာ သင်ယူမယ်လို့တောင်စိတ်ကူးရှိခဲ့ဖူးပါတယ်။ ကျမ စိတ်ကူးကို သဘောမတူသူက ဖေဖေပါ။ မိန်းကလေးဖြစ် ပြေးပြေးလွှားလွှားနဲ့ သတင်းယူရသောကြောင့် ဘဝင်မကျပါ။ ဒါနဲ့ ရည်မှန်းချက်ကို စွန့်လွှတ်ထားခဲ့ရပါတယ်။ ဒါပေမဲ့ ဝါသနာကိုတော့ မစွန့် လွှတ်နိုင်ခဲ့ပါဘူး။

ကိုယ့်မျက်စိထဲ Viewကောင်းတာလေးတွေ့ရင် ဖုန်းကင်မရာလေးထုတ် ရိုက်လိုက်ရမှ နေသာထိုင်သာရှိပါတယ်။ ကျမ ဓာတ်ပုံ ရိုက်ရင် လူပုံတွေတော့ ရိုက်ခဲပါတယ်။ လူတွေကို ရိုက်ဖို့လည်း ဝါသနာမပါလှပါဘူး။ အထူးသဖြင့် ပန်းတွေကို ရိုက်ပါတယ်။ 4 ကတ်အပြည့်နဲ့ နောက်ခံ အဝါးရိုက်ချက်ကို ကျမ သဘောကျလှပါတယ်။ မြင်ကွင်းသေးသေးလေး ဖြစ်စေကာမူ အဲ့လိုလေး ချဲ့ရိုက်လိုက်ရင် အင်မတန်လှပါတယ်။

image

ဒီဘက်ခေတ်မှာတော့ ဓာတ်ပုံရိုက်ခြင်းအတက်ပညာဟာ လူတိုင်းနဲ့ နီးစပ်လှပါတယ်။ ကင်မရာကြီးတွေ ဝယ်စရာမလိုဘဲ ဖုန်းကင်မရာလေးတွေနဲ့ လှလှပပ ရိုက်နိုင်ကျပါပြီ။ ကိုယ်က ဝါသနာပါလို့ ဖုန်းနဲ့ ရိုက်မယ်ဆိုရင် ကင်မရာကောင်းတဲ့ ဖုန်းမျိုးကို ရှာဝယ်သင့်ပါတယ်။ Ray Fileနဲ့ marual ရိုက်လို့ ရတဲ့ ဖုန်းကင်မရာဆို အဆင်ပြေပါတယ်။ နောက်ပြီးတော့ pro modeနဲ့ expert modeတို့ ပါရှိဖို့လည်း လိုပါတယ်။ ဒါမှလည်း ဖုန်းကင်မရာ ဖြစ်စေမူ ရိုက်ချက်ကောင်းထွက်ပါတယ်။

ကျမ အခု အသုံးပြုထားတဲ့ ဖုန်းကင်မရာကတော့ Huawei GR 5 2017 အမျိုးအစားဖြစ်ပါတယ်။ ရှေ့ကင်မရာ ၂လုံး ပါရှိပြီးတော့ ကင်မရာ အရည်အသွေး အတော်ကောင်းမွန်ပါတယ်။ ဒါကြောင့် ဓာတ်ပုံ ဝါသနာပါသူတွေ အနေနဲ့ ဖုန်းဝယ်ယူတဲ့အခါမှာ ဖုန်းကိုသာ အဓိက မထားဘဲနဲ့ ဖုန်းကင်မရာ အရည်အသွေးကိုလည်း စစ်ဆေးဝယ်ယူသင့်ပါကြောင်းနဲ့ ရိုက်ကူးထားသော ဓာတ်ပုံ အချို့ကို ခံစားနိုင်ပါရန် ထည့်သွင်းဖော်ပြလိုက်ရပါတော့တယ်။

image

image

image

image

image

image


msc 175
photo by me@suhlaing

Sort:  

အားပေဲးပါတယ်

အားပေးတဲ့အတွက် ကျေးဇူး အထူးပါ

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thank you very much, for follow and upvoted.

အဲ့ဝါသနာက ခုsteemit နဲ့တော့ ကွက်တိ ဘဲ
camera ကောင်းကောင်လေးလွယ် view ကောင်းတာလေးတေ ရှာ
ရိုက်လိုက် post တင်လိုက်တော့

ဟုတ်တယ် မမမြန်မာရေ ဝါသနာကို အစွမ်းပြခွင့် ရတာပေါ့

လှတယ်လို့ခံစားရတာထက်..သာလွန်သောခံစားမူ့ကိုပေးနိုင်သောရိုက်ချက်တွေပါ။ဓာတ်ပုံပညာကိုနားမလည်ပေမဲ့..ရိုက်ချက်ရဲ့အစွမ်းကိုတော့ခံစားမူ့ကိုတော့နားလည်တယ်။ဝါသနာဆိုတာ..စိတ်ပျော်ရွှင်နှစ်မြှု ပ်မူ့ဘဲ။ကိုယ်ပျော်တဲ့
အလုပ်ကိုလုပ်ရတော့..ပိုပီးအားထည့်တယ်။ဒီတော့..အောင်မြင်တယ်ပေါ့...ဆက်လုပ်ပါ...တနေ့မှာ..အောင်မြင်လာမယ်။

သေချာလေး ခံစားပေးပြီးတော့ အားပေးတဲ့အတွက် ကျေးဇူးပါ အန်တီဆွေ ဝါသနာပါတော့ ကိုယ့်စိတ်နဲ့ အေးချမ်းစေမဲ့ အရာလေးတွေ ရှာရိုက်မိပါတယ်

ပုံလေးတွေအရမ်းလှတယ်

ကျေးဇူးပါ ညီမရေ

အမရိုက်ထားတဲ့ပုံလေးတေ တော်တော်လေးလှတဟ်
ဓါတ်ပုံဆရာလုပ်ဖို့ကောင်းတယ်

steemitမှာ ကိုယ်ရိုက်ထားတဲ့ photoလေးတွေ အခါအခွင့်သင့်တိုင်းတင်မယ်လေ မောင်လေး