အပျော်တမ်းဝါသနာလေးများ

in #myanmar7 years ago

လူတိုင်းမှာ လေးနက်တဲ့ ဝါသနာနဲ့ အပျော်တမ်းဝါသနာဆိုပြီး ဝါသနာလေးတွေ ခွဲခွဲခြားခြားရှိကျမယ် ထင်ပါတယ်။ တစ်ခါတလေလည်း ဝါသနာဆိုတာ မျိုးရိုးဗီဇနဲ့ဆိုင်သလို ပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်တယ်လို့ ထင်မိပါတယ်။ တကယ့်ဝါသနာကတော့ ဘဝနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီး ရည်မှန်းချက်ပြည့်မြေမာက်အောင် ကြိုးစားရတာဖြစ်ပြီး အပျော်တမ်း ဝါသနာတွေကတော့ အားလပ်တဲ့ကိုယ်ပိုင်အချိန်လေးတွေမှာ စိတ်ပြေပျောက်မှုတစ်ရပ်အနေနဲ့ မိမိနှစ်သက်ရာ လုပ်ဆောင်ကျတာပါ။ ကျမမှာလည်း အဲ့လိုဝါသနာမျိုးလေးတွေ ရှိပါတယ်။ ကျမရဲ့ အပျော်တမ်း ဝါသနာလေးတွေကတော့ တံဆိပ်ခေါင်း သိမ်းတယ် ဓာတ်ပုံရိုက်တယ် ငွေအကြွေစေ့လေးတွေသိမ်းတယ် ဓာတ်ပုံ အဟောင်းလေးတွေ သိမ်းတယ်စသည်ဖြင့် အပျော်တမ်းဝါသနာလေးတွေ တော်တော်များများရှိပါတယ်။

ကျမရဲ့ အပျော်တမ်းဝါသနာတွေထဲက တံဆိပ်ခေါင်း သိမ်းတဲ့ အကြောင်းလေးကို အရင်ဆုံး ပြောပြချင်ပါတယ်။ ကျမရဲ့ တံဆိပ်ခေါင်း အဟောင်းထဲက အချို့ကို ဥပမာပြပါ့မယ်။
image
ဒီ တံဆိပ်ခေါင်းဟာဆိုရင်ဖြင့် ၁၉၉၅ခုနှစ်မှာ ကျရောက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ စိန်ရတု အထိမ်းအမှတ် တံဆိပ်ခေါင်းဖြစ်ပါတယ်။
image
image
ဒီတံဆိပ်ခေါင်းများကတော့ လွတ်လပ်ရေးနေ့နဲ့ အမျိုးသားနေ့ အထိမ်းအမှတ်တံဆိပ်ခေါင်းများဘဲ ဖြစ်ပါတယ်။
image
ဒီ တံဆိပ်ခေါင်းကတော့ ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံတံဆိပ်ခေါင်းဖြစ်ပါတယ်။

တံဆိပ်ခေါင်းများဟာ စာများပေးပို့ရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ထုတ်လုပ်ထားခြင်းထက် နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်းကို ကိုယ်စားပြု နေတယ်လို့ ကျမ မြင်မိပါတယ်။ အထူးသဖြင့် တံဆိပ်ခေါင်းတစ်ခုရဲ့ နောက်ကွယ်မှာ ထိုနိုင်ငံရဲ့သမိုင်းကြောင်းဟာ ပါလာတက်စမြဲပါ။ နိုင်ငံတစ်နိုင်ငံနှင့် ပတ်သက်သော မမေ့အပ်သည့် နေ့ထူးနေ့မြတ်ကြီးများကို အမှတ်တရဖြစ်စေရန် ရည်ရွယ်ထုတ်လုပ်ခဲ့ကျခြင်းဖြစ်ဟန်တူပါတယ်။ တံဆိပ်ခေါင်းထုတ်ဝေတဲ့ အကြိမ်မြောက်ကို ကြည့်ခြင်းအားဖြင့်လည်း ဘယ်နှစ်ကြိမ်မြောက် လွတ်လပ်ရေးနေ့စသည်ဖြင့် ဒီနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာ ဘယ်နှစ်ကြာပြီ။ သူ့ကျွန်ဘဝကနေ လွတ်မြောက်ခဲ့တာ ဘယ်၍ရှိပြီ စသည်ဖြင့် သိရှိနိုင်သလို စိတ်ပါဝင်စားပါက ထိုနိုင်ငံသူ့ကျွန်ဘဝကျရောက်ချိန်မှစ၍ ယနေ့ မျက်မှောက်ခေတ်အထိ လေ့လာနိုင်ပါသေးတယ်။ ကျမတို့ မြန်မာနိုင်ငံ အနေနဲ့ လွတ်လပ်ရေးနေ့ အမျိုးသားနေ့ တောင်သူလယ်သမားနေ့ အာဇာနည်နေ့ စသည့်နေ့ထူးနေ့မြတ်များ အပါအဝင် အထိမ်းအမှတ် နေ့များမှာလည်း တံဆိပ်ခေါင်းများ ထုတ်လုပ်ထားတာ တွေ့မြင်ရပါတယ်။

ဒါကြောင့်လည်း အမိမြန်မာပြည်မှ ထုတ်လုပ်သော တံဆိပ်ခေါင်းများကို လက်လှမ်းမိသလောက် စုဆောင်းထားခဲ့ပါတယ်။ မိမိတန်ဖိုးထားရာသည် အဖိုးအဖြတ်နိုင်သကဲ့သို့ ကျမ၏ တံဆိပ်ခေါင်း အဟောင်းလေးများသည်လည်း ကျမအတွက် အဖိုးမဖြတ်နိုင်ပါကြောင်းနဲ့ နောင်အလျှင်းသင့်လျှင် ကျမ၏ အပျော်တမ်း ဝါသနာအကြောင်းများကို ဆက်လက်ရှု့စားကျပါရန် လေးစားစွာ ရေးသားအပ်ပါသည်။

သတ္တဝါအားလုံး ကျန်းမာ ချမ်းသာကျပါစေ....

@suhlaing
msc 175
credit google image

Sort:  

စာအုပ်ထဲဘဲ ဖတ်ဖူးတာ အပြင်မှာအဲလိုစုတဲ့သူ ခုတော့တွေ့ပြီ

လူထူးလူဆန်း

အရင်​တုန်းက ပိုက်​ဆံ လား။ တခါမှမ​တွေ့ဘူးပါ။ကျေးဇူးတင်​ပါတယ်​။
နောက်​လည်းဗဟုသုတ ရမယ့်​ ဟာ​လေးတင်​​ပေးပါဦး

ပိုက်ဆံ မဟုတ်ပါဘူး မောင်လေးရေ တံဆိပ်ခေါင်းပါ

ဝါသနာက​တော့ တစ်​​ယောက်​တမျိုးစီဘဲ​နော်​အမ

ဟုတ်တယ် အောင်ကြီးရေ အဲ့ဒီလို ဝါသနာသေးသေးလေးတွေက တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ဘူး

စာက ဖတ်မရလို့ voltup တော့ ပေးထားခဲ့တယ် ခမျ image

ဘာဖုန်းသုံးတာလည်း

မိုက်တညဗျာ

အတုခိုးစရာပါ​လေ

အပျော်ဝါသနာများကိုလား

ကောင်းသောအကျင့်တစ်ခုပါ အစ်မ

ကျေးဇူးပါရှင့်

ဂျော့ဘုရင်တံဆိပ်ခေါင်းမြင်ဖူးချင်တယ် မရှိဖူးလား မစု

နိုင်ငံခြားတံဆိပ်ခေါင်းတွေတော့ စုထားဘူး ဦးဇင်း

ဝတ္ထု ​တွေထဲမှာ​တော့ ဖတ်​ဖူးတယ်​။ တချို့သူ​တွေ တံဆိပ်​​ခေါင်းဆုတာ ၀ါသနာပါတယ်​ဆိုတာ။ အခုမှ တံဆိပ်​​ခေါင်းဆုတဲ့သူကို ကိုယ်​​တွေ့မြင်​ဖူး​တော့တယ်​😁။ မစု ​ကျေးဇူး​ကြောင့်​ တံဆိပ်​​ခေါင်း​လေး​တွေ မြင်​ဖူးသွားပြီ 😃

ဟုတ်လား ညီမလေး အမလည်း အဲ့လိုဆုတာ ဝါသနာပါတာ ငွေအကြွေစေ့လေးတွေနဲ့ အရင်က မြန်မာငွေ စက္ကူ တစ်ချို့လည်းစုထားတာရှိသေးတယ်

မမြင်​ဖူးဘူးအစ်​မ​ရေ
ခုမှမြင်​ဖူးတာ
ကျေးဇူးပါဗျ

ဟုတ်ကဲ့ပါရှင့်

ခု မှမြင်ဘူးတယ်

ဟုတ်လား ညီမလေး

အ​ကြွေ​စေ့​တွေ​တော့ရှိတယ်​...

25ပြားစေ့ရှိလား

အမှန်ပဲမဆု
များများဆုထားနော်
ကျန်တော်လာမှ ပုံထပ်လာရိုက်မယ်ဟီး 😁😁

အခုလက်ရှိသုံးနေတဲ့ဟာတွေလည်း ရှိသေးတယ်

ခုမှ မြင်ဖူးတာ အစ်မ

ဟုတ်လားကွယ်

တံဆိပ်ခ်ေငထးတွေမိုက်တယ် အရင်က ကျနော့်မှာအများကြီးပဲ အခုတော့ မရှိတော့ဘူး

သိမ်းတော့မထားဘူး

မြင်ဖူးသွားပီ

ဟုတ်ကဲ့ပါ

ကျွန်​​တော်​တို့က​တော့ အ​ပျော်​တမ်းဆို သိတဲ့အတိုင်းပဲ ​မော့ကြတာ​လေ ဟီးး

ယောက်ျားလေးတွေအတွက် အပျော်တမ်း အားကစားတစ်ခုခုပေါ့

တံဆိပ်ခေါင်းတွေတော်တော်များများရှိတယ်လား

burma-1956-union-buddhist-council-monuments-set-fine-used-55425-p.jpg

အဲ့ဒါတွေ ရှိသေးဘူး ကိုစိုး

သိမ်းထားတာလေးတွေလည်း ဘယ်ရောက်ကုန်မှန်းမသိပါဘူ ပျောက်ကုန်ပြီ

အဖိုးတန်တယ် ကိုစိုး ပြန်ရှာထားအုံး

ငယ်​တုန်းက သိမ်းဖူးတယ်

အခု ရှိတော့ဘူးလား

တွေ့တဲ့အခါမျိုးမှတန်ဖိုးးသိမ်းထားပမယ်ဗျာ

စာထည့်တဲ့ခေတ် မဟုတ်တော့ဘူးဆိုတော့ တကူးတကရှာမှ တွေ့တော့မယ်

အစ်မစုရေ တစ်ချိန်ချိန်မှာ လေလံဆွဲလောက်တယ် စုထားတာကောင်းတယ်ဗျ။လွန်ခဲ့တဲ့အနှစ်100က တံဆိပ်ခေါင်းတစ်ခုကို သိန်းတစ်သောင်းတို့ဘာတို့

အေးဆို သိမ်းထားတယ် ပြခန်းလုပ်မလားလို့

ဝါသနာမတူကြဘူးနော်

ဟုတ်တယ် ညီမ

ကျွန်တော့်အဖေလည်း တံဆိပ်ခေါင်းစုတာ ဝါသနာပါတယ်ဗျ

ရဲဝင့်ကော အမွေမရလိုက်ဘူးလား

သမိုင်းအမှတ်တရလေးတွေဆိုလည် မမှားပါဘူး...
အဲ့လို ဝါသနာလေးလည်းကောင်းတာပဲ။စုတဲ့သူတွေတော့သိပ်မတွေ့ဖူးဘူး။
သူငယ်ချင်းရဲ့အဖေတယောက်စုတာတွေ့ဖူးတယ်။အမက ဒုတိယမြောက်ပဲ။

ဝါသနာတူတွေ တွေ့ချင်တာ ရှိတာလေးတွေ ထုတ်ကြွားမို့

ကျေးဇူပါအစ်မ ဗဟုသုတရပါတယ်

တစ်ခုခုရသွားရင် အမလည်း ကျေနပ်ပါတယ်

Wow ခုခေတ်အဲလိုဝါသနာပါတဲ့သူရှားသွာပြီ

ဟုတ်တယ် အရင်ခေတ်က လူတွေ ပိုဝါသနာပါပုံဘဲ

တံဆိပ်​​ခေါင်းဆိုလို့ စာတိုက်​က​နေပို့လိုက်​တယ်​ ပါဆယ်​မှာပဲ ​တွေ့ဘူး

အခုက စာပို့စနစ်က သိပ်မတွင်ကျယ်တော့ဘူး စာတိုက်ကနေ အသစ်ထွက်တာမေးပြီး ဝယ်စုထားရတာ

ရှေူးရှေးက တံဆိပ်ခေါင်းလေးတွေ ရှားပါးပစ္စည်း

ဟုတ်တယ် ကိုညီ ရှားပါးသွားပြီ