အပျော်လေးများနဲ့ ထို တစ်ည

in #myanmar6 years ago

လွန်ခဲ့သော စနေနေ့က msc new chat boxကနေ မိတင် ရှိတဲ့ အကြောင်း အသိပေးစာတွေ တဒိန်း ဒိန်းနဲ့ တက်လာပါတယ်။ မတ်မတ်စုလည်း freeကွိုင်လေးတွေ ခဏရပ်ပြီး ဘာများသတင်းထူးလို့ မိတင်ခေါ်သလဲ စိတ်ဝင်စားသွားပြီးသကာလ အကြောင်းရင်းကို ရှာကြည့်လိုက်တော့ mscရဲ့ စည်းကမ်းချက်တချို့ကို ပြုပြင်ရန်အတွက်လို့ သိရပါတယ်။ ဒါနဲ့ မတ်မတ်စုလည်း going လိုက်ပြီး စိတ်ဝင်စားစွာနဲ့ စောင့်စားနေခဲ့ပါတယ်။ msc မိတင်ကို ည ၈နာရီမှာ စမှာဖြစ်ပေမဲ့ ၇:၃၀ထဲက အစောရောက်နှင့်နေပါတယ်။ မတ်မတ်စုထက်စောနေတာက Leader ကိုဟင် ဖြစ်ပါတယ်။ လူစုံပြီးလား ဘယ်သူတွေ ရောက်ပြီလဲနဲ့ မေးတော့ ရောက်တဲ့သူတွေက လက်မလေးတွေ တစ်ထောင်ထောင်ပေါ့။

မတ်မတ်စုလည်း ပတ်ဝန်းကျင်ဝေ့ကြည့်။ ကိုယ့် Groupက ဘယ်သူတွေများ ရောက်နေပြီလည်းပေါ့။ တွေ့ပါပကောအေ။ ကလင်း။ အောင်ကြီး ၁၀၀။ ခိုဇာနဲ့ ဟိုကောင်လေး ရဲလင်း။ ဦးဇင်းကတော့ ရောက်ရဲ့သားနဲ့ Groupထဲ လေဝင်ဖောနေသေးတယ်။ Adminထဲကတော့ သွက်သွက်လက်လက်နဲ့ လူငယ်ကလေး ဒိုမီက အရင်ရောက်လာပြီးတဲ့နောက် အချိန်ကိုက်လိုဘဲ Adminတွေ ရောက်လာပါတယ်။ Leader ကိုဟင်က အစည်းအဝေး စစချင်းဘဲ Pro postမှာ လူနည်းရချင်းအကြောင်းရင်းနဲ့ ဘယ်လို လုပ်သင့်တယ်ဆိုတာ ဆွေးနွေးပါတယ်။ ဒါနဲ့ တစ်ယောက်စ နှစ်ယောက်စ ထင်မြင်ချက်တွေ ဆွေးနွေးကျပြီးတော့ စည်းကမ်းချက်အသစ်တွေနဲ့ ပြင်ဆင်ချက် အချို့ကို လုပ်ဆောင်ပါတယ်။

IMG_20180531_063948.png
Photo by me

MSC smart cardကိစ္စကို Admin ကိုဒွန်က ရှင်းလင်းပြောကြားပြီး စည်းကမ်းချက်တွေကိုတော့ Admin ပြည့်စုံမှ ထုတ်ပြန်ပါတယ်။ အဲ့ဒီနောက်တော့ အစည်းအဝေးကို ၉နာရီ ကျော်လောက်မှာ ရုပ်သိမ်းပြီး အလာဘ သလာဘစကားတွေ ဆက်ပြောကျပါတယ်။ Daily pro တင်ခွင့်ရလို့ မတ်မတ်စုတစ်ယောက်တော့ အဲ့နေ့ညက ပျော်နေခဲ့ပါတယ်။ ဒါနဲ့ဘဲ နောက်တစ်နေ့ကစလို့ ဦးဇင်းရယ် မတ်မတ်စုရယ် Group 1နဲ့ Group 2ကို လည်ပတ်ခွင့် ရခဲ့ပါတယ်။ ကိုယ့် Groupမဟုတ်တော့ အခြေအနေလေးလည်း ကြည့်ရသေးတယ်ပေါ့လေ။ Groupပိုင်ရှင်တွေ ဘယ်သူတွေ ဘယ်နှစ်ပိုလ့်တင်ပြီးပြီလည်း ခဏ ခဏကြည့်လိုက် မန့် ဝင်လိုက် vote ပေးလိုက်နဲ့ နေ့ ၁၂နာရီကျော်လောက်မှဘဲ ကိုယ့်ပိုလ့်လေးကို ပစ်တင်ခဲ့ရပါတယ်။

ပိုလ့်တင်ပြီးတော့လည်း ကိုယ့်Groupလေးမဟုတ်တော့ ခပ်လန့်လန့်ရယ်လေ။ Mscသာဆိုတာ ကိုယ့်Groupလောက်သာ မျက်နှာတန်းကျတာ မဟုတ်လား။ မန့်မှ ရပါ့မလား။ လာမှ voteကျပါ့မလားပေါ့။ ဦးဇင်းထဲလည်း ခဏ ခဏ လှန်ကြည့်။ ကိုယ်စိုးရိမိနေသလို ဖြစ်မလာတော့ ပျော်ပြီပေါ့လေ။ ဒါနဲ့ Group 1ပြီးတော့ Group 2 ရက် ထပ်တင်ကြည့်ပြန်ပါတယ်။ မဆိုးဘူး ပြောရမှာပါဘဲ။ သူများ လူကြီးရယ်လို့ တစိမ်းမဆန်ကျဘဲ နွေးထွေးကျလို့ပေါ့။ ဒါကိုက Mscရဲ့ အနှစ်သာရ ဖြစ်ပါလိမ့်မယ်။ အခုတော့ မတ်မတ်စုလည်း Group တကာလှည့်ပြီး ပျော်နေတက်ပါပြီ။ မနက်ဖြန်တော့ မတ်မတ်စုတို့ရဲ့ Group 3 pro ရက်ပါလို့ အားလုံးကို အသိပေးရင်း အလည်လာခဲ့ကျပါအုံးလို့ ဖိတ်ခေါ်ပါတယ်ရှင်...

Screenshot_2018-08-21-13-39-09.png
Screenshot_2018-08-21-13-39-23.png
Screenshot_2018-08-21-13-39-38.png

@suhlaing
msc 175

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

msc new chat boxကိုဘယ်လိုလုပ်ရမှာလဲ

msc memberဝင်တွေ အားလုံးကို adminတွေက mess chat groupထဲ ထည့်ပေးပါတယ် အမ msc memberဖြစ်မှ ဝင်ခွင့်ရပါတယ်

လာလည်​ပြီ​နော်​မမစု။

မနက်ဖြန် G 3 proကို လာလည်ပါအေ မအိ

group မခွဲခင်က pro ကို အလုအယက်တင်ခဲ့ကြရတာ အချိန်နောက်ကျမှာစိုးရသေး လူပြည့်သွားမှာလည်းစိုးရသေး အဲဒီ ခံစားချက်လေးကပျော်စရာတစ်ခုပါပဲ

ဟုတ်တယ် ကိုစိုးရေ အဲ့အချိန်က မနက်အစောမှာ လုတင်ကျတာ ပျော်စရာလည်း ကောင်းတယ်

ဒီအစီအစဉ်‌‌လေးဟာ ‌ရေတိုplan ဆို‌ပေမယ့်‌ အလွန်‌အကျိုး များ‌စေပါတယ်‌။အားလုံးကို‌တွေ့ရသလို member အချင်းချင်း ထိ‌တွေ့ခွင့်‌ ပိုရ‌စေတယ်‌။အရင်‌က ကိုယ်‌ gp ‌လောက်‌သာ သိကြတာ။ ရှိပြီး အခုမှ မိတ်‌‌ဆွေ ဖြစ်‌ရတာ။ ကျွန်‌‌တော်‌က လှတဲ့သူဆို ပိုခင်‌တတ်‌တယ်‌။

မှန်ပါတယ် ကိုဟော် Groupတွေ ခွဲထားတော့ ကိုယ့်လူ သူ့လူလောက်သာ ရင်းနှီးကျတာများတယ် အခုတော့ msc အားလူံးနဲ့ ထိတွေ့ခွင့်ရတဲ့ planလေးမို့ Group 1.2.3ရယ်လို့ မထင်မိတော့ဘဲ mscပါလားလို့ ခံစားရတယ်

စုရေ ရေးထားပျော်စရာကြီးဘာအေ😊

အလည်လာအုံးမယ် ကြည်ရေ

အပြေးသာ လာခဲ့ပါ Pro ရှိရာစီ
😂

နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဘဲ ကိုဒွန်ရေ

ကျွန်​​တော်​က​တော့ဒီအစီအစဉ်​ကြိုက်​တယ်​ဗျာ အလုပ်​လုပ်​ရင်
လုပ်​တဲ့သူရမှာပဲ

ရေးတဲ့သူ ရေးနိုင်သလောက် အကျိုးရှိစေပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မတ်မတ်စု့ကတော့ msc chat meeting နဲ့ကို အလုပ်ဖြစ်နေပါရော

ရေးစရာလေး ဖြစ်လာတာကိုးအေ

တခြားဂရုတွေ မရဲတရဲ ဆိုပေမဲ့လည်း နွေးထွေးမှုက အပြည့်ပဲလေ msc ရဲ့ အနှစ်သာရက အဲ့ဒါပဲ စည်းလုံးနေရမယ်ပေါ့

ဖိုက်တင်း ဦးဇင်းရေ

ဂရုတွေမှာပျော်နေတဲ့ မတ်မတ်စု အားကျတယ်ဟေ့
ရေအားကောင်းလို့

ဦးထွေးလည်းတင်သင့်တယ် proမှန်တဲ့သူတွေ

စာမေးပွဲပြီရင်တော့ Daily ပြန်တင်နိုင်အောင် ကြိုးစားမယ်မစုရေ

စာကိုသာ အာရုံစိုက်ပါ မောင်လေး

မတ်​မတ်​စုတစ်​​ယောက်​ group ​တွေအလည်​သွား​နေသည်

နိလည်း လိုက်လည်လေ အောင်ကြီး

ကဲ...အလည်လာပြီနော်

ကြိုဆိုပါတယ် ညီမရေ

အစီးအဝေးမှာ ငါလည်းပါတယ်လေ

ဟုတ်ကဲ့ မြင်ပါတယ်ရှင့်

ဒီထက်ပိုပြီး ဆထက်တပိုး ရေးနိုင်ပါစေဗျာ

ပေးတဲ့ဆုနဲ့ပြည့်ပြီး ဆုပေးသူလည်း ထပ်တူရပါစေ

အမက ဘယ်ဂရုကလည်း။တခါမှလည်း မမြင်ဖူးဘူး။
လာလည်သွားတယ်နော်... :-P

ဘယ်မြင်ဖူးမလဲအေ Group3ကို မေ့နေတာ ဟုတ်

အေးဗျာ ဘာမြင်မြင်ရေးတတ်သွားရင် Good ပေါ့လို့။

စာရေးစက တပုဒ်ဆို ခေါင်းပူအောင်တွေးနေရတာ အရှိန်ကလေးများရလာတော့ ရေးပြီးရင်း ရေးချင်တယ် ကွီးရွှေရေ

ဒါပေါ့ ရေးတာအရှိန်ရလာရင် ရေးကောင်းလာတာပါဗျာ။

တတ်လဲ တတ်နိုင်ပါပေ့ မတ်မတ်စုရယ်

မကြာမကြာ လာလည်ပါ ဒိုမီရေ Ssစာလေး ကျွေးချင်လို့😂

မတ်မတ်စုလို ရေးတတ်ချင်လိုက်တာ

steemမှာ အရင်ဆုံး စာ စရေးကျတော့ ကထက်ရဲ့ ဝတ္တုတိုလေးကောင်းလွန်းလို့ အားကျခဲ့ဖူးတယ် သူ့လိုရေးတက်ချင်လိုက်တာပေါ့ ဒါနဲ့အဲ့အချိန်ကစပြီး လေ့လာလိုက်တာ အခုတော့ စာရေးရတာ အရမ်းကြီး အပန်းမကြီးတော့သလို ခံစားလာရပြီ အရမ်းကောင်းပြီး အချိတ်အဆက်မိတဲ့ ဇာတ်လမ်းတွေရေးသားနိုင်အောင် ဆက်လက်ကြိုးစားရအုံးမယ် ကထက်ရေ
စာရေးကောင်းတဲ့ ကထက်ကို အားကျစိတ်နဲ့ ကြိုးစားခဲ့သူပါ

ဟီး ကျနော် ကစိတ်ကူးပေါက်ရင်ကောင်းတယ် မပေါက်ရင်လည်း ဘာရေးရမှန်းကိုမသိတာ 😀

ဆုရတဲ့အထိ ရေးနိုင်တာ နည်းတဲ့ စကေးလာအေ

နေ့တိုင်းစာရေးနိုင်အောင်ကြိုးစားတော့မယ်အစ်မရေ