Announcement about our steemit account's status !(အသိပေးစာလွှာ)

in #myanmar7 years ago (edited)


မင်္ဂလာပါ ခင်ဗျာ

@steempowergroup1 မှ လေးစားစွာဖြင့် ကြေညာအပ်ပါသည်။

ဤ group ကို ယခင်က MSC Group 1 မှ ညီအစ်ကိုများ SP500 ပြည့်ရန် စုဆောင်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကျွန်တော် Group1 leader ကိုမိုးဇော်မှ ရည်ရွယ်ဖွင့်ဖြစ်ခဲ့ပါသည်။ သို့သော်လည်း မိမိတစ်ဦးတည်း ကိုင်ဆောင်နေသော အကောင့်ပုံစံဖြစ်နေသောကြောင့် Group-1 မှ ညီအစ်ကိုများကို ၄င်းတို့၏ post များကို ဆက်လက် မမန့်ရင် တားမြစ်ထားပြီး ဆက်လက်အသုံးမပြုခဲ့သည်မှာ အတော်လေးကြာသွားပါသည်။

ယခုအခါတွင် မိမိနှင့်စိတ်တူကိုယ်တူ ညီအစ်ကိုတစ်စုဖြင့် မိမိတို့၏ SP ကို တိုးတက်အောင် အထောက်အကူပေးမည့် Project တစ်ခုကို လုပ်ဆောင်ရန် စီစဉ်ထားပါသဖြင့် ဤ Group ကို အသွင်တစ်မျိုးဖြင့် အသုံးပြုသွားပါမည်။

ထို့ကြောင့် @steempowergroup1 သည် MSC Group1 နှင့် မသက်ဆိုင်တော့ဘဲ ၄င်းမှ ရရှိသည့် အကျိုးအမြတ်များသည်လည်း မိမိတို့လုပ်ဆောင်နေသည့် Project ဖြင့်သာ တိုက်ရိုက်သက်ဆိုင်ပါမည်။ Group ကိုလည်း မိမိတစ်ဦးတည်းမှ ထိန်းသိမ်းမထားဘဲ အဖွဲ့ဝင်ညီအစ်ကိုများမှ ဘုံအကောင့်အဖြစ် အတူတူထိန်းသိမ်းပါမည်။

  • ယခု Project သည် MSC ၏ စည်းကမ်းချက်များကို ဖောက်ဖျက်ရန် ရည်ရွယ်ထားခြင်း မဟုတ်ပါ။
  • Project အတွက် မတည်ငွေများကိုလည်း မိမိတို့ဘာသာ ပြင်ပမှ ၀ယ်ယူဖြည့်တင်းထားခြင်း ဖြစ်ပါသည်။
  • မိမိတို့၏ Project အတွက်သာ သီးသန့်အသုံးပြုမည်ဖြစ်ပါသည်။
  • မတော်တဆ ဆုံးရှုံးမှုများ ရှိလာပါကလည်း မိမိတို့ အတူတူမျှဝေခံပါမည်။
  • ဖြစ်ထွန်းလာသည့် အသီးအပွင့်များကိုလည်း ညီတူညီမျှ ထုတ်ယူသုံးစွဲပါမည်။ မိမိတို့ meeting minute များအတိုင်း တစ်သွေမလွဲ ဆက်လက်လုပ်ဆောင်ပြီး မိမိတို့၏ ကိုယ်ပိုင်အကောင့်များကို အထောက်အကူပေးသည့် စတီးမစ်သီးပင်တစ်ပင် ဖြစ်ထွန်းလာအောင် လုပ်ဆောင်ပါမည်။
  • မိမိတို့၏ အတွေ့အကြုံများကိုလည်း မှတ်တမ်းတင်ထားပြီး အခွင့်သာလျှင် သာသလို သတင်းထုတ်ပြန်သွားပါမည်

လေးစားစွာဖြင့်

ကိုမိုးဇော်

Credit;google images

Sort:  

ဘယ်လိုဖြစ်ဖြစ် ချကျမယ်
ready all bro! 😀

ဘာတွေဖြစ်ဖြစ် စိတ်မညစ်ကြေး၊
ဘယ်လိုဖြစ်ဖြစ် ချကြမယ်။
Do or Die သာ နှစ်ခုပါမို့
မDie ချင်ရင် Do ကြမည်။
All are ready!

ဟုတ်တယ် ဟုတ်တယ် ဘဒို
ချက်ခြင်းကြီး အပင်မကြီးနိုင်ပေမဲ့ ဖြေးဖြေးခြင်းကြီးအောင်လုပ်ကျမယ်။

အောင်ပွဲဆီသို့ အတူတူ ချီတက်ကြမယ်။

လူညီတဲ့သူတွေ အတူတူ လျှောက်ဖို့
ဖောက်ခဲ့တဲ့လမ်းမှာ စည်းလုံးမကွာ ၊ စည်းကမ်းတကျ
နည်းလမ်းပြလို့ စမ်းတဝါးဘဝမှ ရုန်းထွက်ကြမည် အောင်ပွဲဆီ။

ကျွန်တော်တို့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ညီညီညာညာနဲ့ လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းကြပါမယ်

ဆိုးတိုင်ပင် ကောင်းတိုင်ပင် အကြံဉာဏ်တွေ ဝေမျှလို့
စည်းလုံးညီညာ စည်းကမ်းလိုက်နာ၍ အတူတကွ ကြိုးစားကြ
လျှင်ဖြင့် အောင်ပွဲကို ဆွတ်ယူနိုင်မည်ဟု ယုံကြည်မိပါသည်။

အကောင်းဆုံးကြိုးစားပြီး
ရည်မှန်းချက်ပန်းတိုင်ဆီသို့ လျှင်မြန်စွာရောက်ရှိအောင်
ညီညီညာညာလက်တွဲရင်း အရောက်မှန်း လျှောက်လှမ်းကြမယ်ဗျာ

မိမိရဲ့ စွမ်းအားတွေကို အကောင်းဆုံး အသုံးချ
ရည်ရွယ်ရာ ပန်းတိုင်ကို မျက်ခြေအပြတ်မခံဘဲ
တဖြည်းဖြည်း တစ်လှမ်းချင်း ညီညာစွာ၊ စည်းလုံးစွာ၊
စည်းကမ်းတကျ ချီတတ်ကြလျှင်ဖြင့် အောင်မြင်မှုဆီ
ရောက်မည် မလွဲပင်။

အပြုသဘောဖြင့် ဖြည့်စွက်အကြံပေးခြင်းများကို ကြိုဆိုပါသည်

စွန့်ဦးတီထွင်ကြမဲ့ ကျွန်တော်တို့ရဲ့ group1 ပေါ့ဗျာ ဟုတ်တယ်မို့လား။

စွန့်ဦးတီထွင် စွမ်းအားရှင်တွေပေါ့ ဟုတ်လား။
လုံ့လကိုပြု အားကိုစု၍ ဉာဏကိုသုံး
စည်းလုံးခြင်းဖြင့် စည်းကမ်းလိုက်နာ
ဝီရိယထား ကြိုးစားကြမည့် @steempowergroup1 သည်
လုံးဝ အောင်မြင်ရမည်။

ရည်ရွယ်ချက်လေးကောင်းတယ်ဗျာ

ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ လျှောက်လှမ်းတဲ့ ခရီးလှမ်းမှာ ဝေဖန်အကြံပြုပေးခြင်းဖြင့် ကူညီအားဖြည့်ပေးဖို့ ဖိတ်ခေါ်ပါရစေ ...

Loading...

အခုစတင်လိုက်တဲ့ခြေလှမ်းမှသည် နောင်အောင်မြင်တဲ့ခြေလှမ်းတွေနဲ့လျှောက်ကြပါစို့

ခြေတစ်လှမ်းမှ မစလျှင် ဘယ်ကိုမှ မရောက်နိုင်သည်မို့၊
မိုင်တစ်ထောင်ခရီးရဲ့အစဟာလည်း ခြေတစ်လှမ်းက စရသည်မို့၊
ခြေလှမ်းတွေ မယိမ်းယိုင်ဘဲ အတူလျှောက်လှမ်းကြတာပေါ့ဗျာ

ပြိုင်​တူတွန်းရင်​ ​ရွေ့နိုင်​ပါသည်​။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်မို့
ဦးတည်ချက်တူစွာ ၊ အားအင်ညီညွတ်၊
မိမိမှာရှိသည့် လုံ့လဝီရိယအား ခြွေတာမနေဘဲ
အတတ်နိုင်ဆုံး၊ အကောင်းဆုံးကို လုပ်ဆောင်သွားကြလျှင်ဖြင့်
မုချအောင်မြင်မည်မှာ အမှန်ပင်။

Unity is Strength!
စည်းလုံးခြင်းသည် စွမ်းအား ဆိုသည်ကို အပြည့်အဝ ဖော်ဆောင်ကြမည်။

For our SP increase fast.

Yes, this is our goal. We have to keep moving and finally it will give the opportunity for our team.

အားပေးတယ် ဗျာ

good, we should do something...

Sorry for late reply, sir. Of course. We should do something if we would like to be ahead of others. That is why we put our effort, our knowledge and finally we planned this project. Please advise us if we have some gaps in our steps. Thank you very much for your comments in advance.