လောကအရူး

in #myanmar7 years ago

-ဒီတစ်ပတ် promotion လေးကိုတော့ လူတိုင်းလက်မခံတဲ့အရာတစ်ခုလေးကိုရေးသားချင်ပါတယ်။
-လူတိုင်းက ကိုယ်ဖြစ်နေတဲ့အရာကို လက်မခံကြတာ အများအပြားပါပဲ။
-လူတိုင်းကကိုယ်ဘာဖြစ်နေလဲဆိုတာကိုယ်မသိကြဘူး။
-လူတိုင်းက လမ်းပေါ်မှာယောင်လည်လည်လျောက်သွားနေတဲ့သူက အရူးတစ်ယောက်လို့ပြောကြတယ်။
-ဒါပင်မဲ့လူတိုင်းကရူးနေတာဆိုတာဘာမှန်းမသိကြဘူး။
-တကယ်တော့ကမ္ဘာပေါ်ကလူတိုင်းကအရူးတွေကြီးပါပဲ။
-ကိုယ်ကိုယ်တိုင်သာရူးနေတာမသိကြတာပါ။
-လူတိုင်းကိုယ့်ကိုယ်ကိုယ်ဘာရူးနေလဲဆိုတာပြန်စဉ်းစားသင့်ပါတယ်။
-တစ်ချို့က ဂုဏ်ရူးရူးတယ်။
-တစ်ချို့ကဥစ္စာရူးရူးတယ်။
-တစ်ချို့ကအနုပညာရူးရူးတယ်။
-ဒါပင်မဲ့ တခြားသူတွေကသူတို့အားရူးနေတယ်လို့ပြောကြရင်လက်မခံတတ်ကြဘူး။
-သူတို့ကမရူးဘူးတခြားသူတွေကသာရူးနေကြတာလို့ပြန်ပြောကြတယ်။
-တကယ်တမ်းသူတို့ရူးနေကြတာကိုလက်မခံတတ်ကြဘူးလေ။
-လူတိုင်းကတစ်ယောက်တစ်မျိုးရူးနေကြပင်မဲ့ ရူးပုံချင်းကတော့မတူဘူးလေ။
-တစ်ချို့ကတော့တစ်မျိုးတည်းရူးကြတယ်။
-လူတိုင်းတွေ့နေတဲ့မြင်နေတဲ့ လူတိုင်းထင်နေတဲ့အရူးတွေက တစ်မျိုးတည်းပဲရူးကြတာပါ။
-တစ်ကယ်တမ်း လူကောင်းတစ်ယောက်လို့ထင်နေတဲ့သူတွေကသာ အများအပြားရူးနေ့ကတာပါ။
-အခုပြောပြချင်တာကတော့ ဂုဏ်ရူးနေတဲ့သူတွေအတွက်ပေါ့။
-သူတို့က ဂုဏ်တွေကို ရူးကြတယ်။
-ဂုဏ်ရှိမှသာသူတို့ဘဝပြည့်စုံမယ်လို့ထင်ကြတယ်။
-မိမိကဂုဏ်တွေနဲ့ပြည့်စုံနေသူတစ်ယောက်ဖြစ်နေတယ်ဆိုပါစို့။
-ဒါမှမဟုတ် မိမိဇနီးဖြစ်ဖြစ် မိမိအမျိုးသားဖြစ်ဖြစ် ဂုဏ်ရှိမယ်ဆို မိမိရဲ့သားသမီးကိုလဲ ဂုဏ်တွေနဲ့ပြည်စုံစေချင်တယ်။
-ဥပမာ မိမိတို့က ဆရာဝန်ဖြစ်ဖြစ် အင်ဂျင်နီယာဖြစ်ဖြစ် ဗိုလ်ဖြစ်ဖြစ် ဖြစ်နေတယ်ဆိုရင် မိမိသားသမီးတွေကိုလဲ မိမိပတ်ဝန်းကျင်မှာ မိမိဂုဏ်တတ်အောင် မိမိတို့လိုဖြစ်အောင် မရမက ဖိအားတွေပေးတတ်ကြတယ်။
-ဒါမှသာ မိမိတို့ပတ်ဝန်ကျင်မှာ ဂုဏ်ရှိမယ်လို့ထင်ကြတယ်။
-အဲ့လို ဂုဏ်တွေနဲ့ပြည့်စုံနေသူတွေရဲ့ 80%က အဲ့လိုပြုကျင့်တတ်ကြပါတယ်။
-ဒီတစ်ခါတော့ ဥစ္စာရူးတွေအကြောင်းပြောပြမယ်နော်။
-သူတို့ကျတော့ လူမသိသူမသိရူးကြတာပေါ့။
-အလှူ ပွဲဖြစ်ဖြစ် မင်္ဂလာဆောင်ဖြစ်ဖြစ်သွားပြီဆိုပါစို့။
-မိမိတို့၏ဥစ္စာဓနတွေအားထုတ်ကြွားကြတယ်။
-ထိုသို့သာထုတ်ကြွားနေကြတာပါ။
-သူတို့သည် ဟိုအရင်ခေတ်ကချစ်တီးတွေပမာပါပဲ ငွေတွေကိုသာ စုစည်းထားကြတယ်။
-ထိုသို့အရူးတွေမူနစ်မျိုးရှိကြတယ်။
-ပိုက်ဆံကသူတို့အတွက် ပျော်ရွှင်ခြင်ူကိုဆောင်ဖို့အတွက် တစ်ချို့ကလှူ ကြတယ် တစ်ချို့ကတော့သုံးကြတယ်။
နောက်တစ်ခုကတော့ အနုပညာရူးလေးတွေပေါ့ဗျာ။
-သူတို့ကြတော့ အနုပညာကိုသာရူးတတ်ကြတယ်။
-ပိုက်ဆံကိုအသုံးပြုပြီးအနုပညာရူးတဲ့သူရှိသလို။
-ခံယူချက်ကိုအသုံးပြုပြီးရူးကြတဲ့ အနုပညာရူးတွေလဲရှိကြပါတယ်။
-ယခုခေတ်ဆိုရင် အနုပညာသမားတွေကို မြှောက်တင်ပေးတဲ့ အစီအစဉ်တွေများပြာလာပါပြီ။
-အဲ့လိုအရူးတွေလိုမဟုတ်ပဲ ပျော်ပျော်နေတတ်တဲ့သူတွေကိုတော့ လူတွေကအပေါလို့ယူဆကြပါတယ်။
image
-@smileking
-MSC 255
-အနာဂါတ်ရဲ့ကြယ်တစ်ပွင့်

Sort:  

ROCKER ကြီး ဇော်ဝင်းထွဋ်သီချင်းထဲကလိုပေါ့ လူတွေအကုန်ဟာအရူးလား ဘယ်သူကဖြင့်တမူးသာသလည်း ။

ဟဲဟဲ

ပုထုစဉ်​လူသားတိုင်းအရူး​တေကြီးပါဘဲ

ဟုပါတယ်

အရူးလို့သတ်မှတ်ရင်ပုံစံမျိုးစုံနဲ့ရူးနေကြတာပါဘဲကွယ်

ဟုပါတယါ

တစ်နည်းနည်းနည်းတော့ ရူးနေကြတာပ

ဟုပါတယ်

တစ်​မျိုးမဟုတ်​တစ်​မျိုး​တော့ လူသားတိုင်းရူး​နေကြပါတယ်

ဟုပါတယ်

လူတိုင်း လူတိုင်းဟာ ပုံစံမျိုးစုံနဲ့ရူးနေကြတာပါပဲ့ဗျာ

ဟုပါတယ်

အို အရူး​တွေ .. အရူး​တွေကြည့်​စမ်းပါအုံး ​နေရာတိုင်းမှာ အရူး​တွေချည်းပါလား​နော်​ ..

ဒါပေါ့ဒါပေါ့

တစ် မျိုးစီ ရူးနေ ကြတာပါပဲ

ရူးတွေပဲလေ

ကြင်နာသူဟာ အရူးလား ငါကိုယ်တိုင်ဟာ အရူးလားတဲ့ ကြားဖူးတဲ့ သီချင်းလေးပါ

သတိရသွားတာပေါ့

ပုထုဇနော ဥမ္မတ္တကော ဆိုတဲ့ စကားရှိပါတယ် မေ့ထားကြလို့ ပါ

ဟုကဲ့ဘုန်းဘုန်း