HFS - 10
@shwebote
fb name - maymyatkhine2410@gmail.com
GP A
ဒုတိယပိုင်းအဆက်. . .
စီးပွားပျက်လျှင် စိတ်ပြင်ဆင် (၂)
လုံ့လဝီရိယရှိသူတွေထံကို လာတတ်တာကတော့ စည်းစိမ်ဥစ္စာနဲ့ ချမ်းသာခြင်းပါ ။
ဒါပေမဲ့ လုံလဝီရိယရှိသူတွေထံကတောင် ကံကြမ္မာ အလှည့်အပြောင်းဝင်လာခဲ့ရင် စည်းစိမ်ဥစ္စာဆိုတာ ထွက်ပြေးတတ်ပြန်တယ် ။ မျက်လှည့်ပြသလို ပျောက်တာမဟုတ်ဘဲ လုံးဝကြီး ပျောက်သွားတတ်ပြန်တယ် ။
အဲ့ဒါကြောင့်လည်း သူဌေးဆိုပြီး မာန်တက်စရာ မရှိသင့်ပါဘူး ၊ နိမ့်တုံ ၊ မြင့်တုံ ၊ ဖြစ်ပျက်ပုံ သဘာဝက ပျက်စီးတဲ့အခါ ပြန်ဆင်းရဲတတ်ပြန်တယ် ။
စီးပွားပျက်ပြီဆိုတာနဲ့ စိတ်ကို ပိုပြီး သတိထားရပြန်တယ် ။ အရင်ကထက်ကို ပိုသတိထားရမယ် ။ ပျက်တာကိုသတိထား နေရမှာထက် ဘာ့ကြောင့် ပျက်တယ်ဆိုတာကို သတိထားပြီး ပြန်တက်ဖို့ လုပ်ငန်းပြင်သလို စိတ်ကိုပြင်ရမှာပါ ။
စီးပွားပျက်ပြီး စိတ်မပျက်တဲ့လူ နည်းတယ် ။ နည်းနည်းတော့ အားငယ်စိတ် ရှုပ်ထွေးသွားတာပဲ ။ ဒဏ်ခံရတာပဲ ။
စီးပွားပျက်တာနဲ့အမျှ အခက်အခဲ ၊ အကျပ်အတည်းတွေ များလာသလို ထွက်ပေါက်ကျဉ်းတဲ့အခါ စိတ်က ကျဉ်းကျပ်လာပါတော့တယ် ။
စိတ်ကျဉ်းကျပ်ခြင်းမှာ အမြင်ကျဉ်းခြင်းတွေပါ ရောလာပါတော့တယ် ။အမြင်မကျယ်တာနဲ့အမျှ စီးပွားကလည်း မကျယ်ပြန့်တော့ပါဘူး ။
စီးပွားပျက်သူဟာ နဂို စီးပွားတက်စဉ်က စိတ်ကို သတိပြန်ထားပြီး ပြန်ယူရတယ် ။ စီးပွားတက်စဉ်က လုပ်ကိုင် ပြောဆို နေထိုင်သလို လုံ့လ ၊ ဝီရိယတွေ ထုပ်ရပါတယ် ။
စီးပွားမိတ်ဆွေကောင်းတွေကို အားကိုးရပါတယ် ။ ဘုရား ၊ တရား ၊ သံဃာကို အမြဲမပြတ် ဆည်းကပ်ပြီး ခြိုးခြံခြင်းနဲ့ စိတ်ကို ပြင်ဆင်ရပါတယ် ။
ပြန်စလှမ်းမဲ့နေရာမှာ ခြေရာကို ငြိမ်အောင်ထားပေတော့ ။
စီးပွားပျက်လျှင် စိတ်ကို ချိုးနှိမ်လိုက်ပါ ။ သူများ အထင်သေး သွားလည်း သေးပါစေ ။ ကိုယ့်စိတ်ထဲမှာ ကိုယ်လက်တွေ့လုပ်စရာ ဘာလဲဆိုတာသာ တွေးပြီး ရှိသမျှအင်အားနဲ့ လုံ့လစိုက်ထုပ် လုပ်ပါ ။
စိတ်ဆန္ဒ တန်ခိုးတွေ ကြိတ်ပြီး တွန်း မ , တင်ပါ ။
စိတ်ဆန္ဒတန်ခိုးဟာ စီးပွားရေးမှာ အောင်မြင်ရေး လက်နက် တစ်မျိုးပါပဲ ။ ငွေရှိရုံနဲ့ စီးပွားမဖြစ်ဘူး ။ စိတ်ဆန္ဒတန်ခိုးရှိမှ စီးပွားဖြစ်တယ် ။
အဲ့သည့်တန်ခိုးကြီးလေ ၊ အကြံဥာဏ်များလေ ၊လုပ်ငန်းကျယ်ပြန့်လာတာနဲ့အမျှ ပြန်လည်အောင်မြင် ပေါက်ရောက်လာရော ။
စီးပွားပျက်တာဟာ ကံကြမ္မာအကြောင်း အားလျှော်စွာလို့ပဲ သဘောထားလိုက်ပါ ။
ကိုယ့်အစွမ်းသတ္တိကိုတော့ ကိုယ်ယုံကြည်ထားရမယ် ။ စီးပွားပျက်တာ ငါ့အစွမ်းနည်းလို့ချည်း မဟုတ်ဘူးလို့ စိတ်ကိုနားလည်ထားရမယ် ။
ကာလ ၊ ဒေသ ၊ ပယော
ကာလ ၊ ဒေသ ၊ ပယောဂ ၊ အခြေအနေ ၊ အချိန်အခါအရလည်း စီးပွားရေးဆိုတာ လျော့ရဲတတ်ပြန်တယ် မဟုတ်လား ။
စီးပွားပြန်ဖြစ်ဖို့ကို နှစ်နှစ်ကာကာ တကယ်လုပ်ကိုင်ပြီး တစ်နှစ်နဲ့မဖြစ်ရင် နောက်တစ်နှစ်ပေါ့ ။ အဆင့် တစ်ဆင့်ပြီးတစ်ဆင့် ပြန်တက်လာမှာပါ ။
စီးပွားဖြစ်ဖို့ကလွဲလို့ အခြား အပျော်အပါးတွေ စိတ်မှာမကူးနဲ့တော့ ၊ အာရုံအရောက်မခံနဲ့ ။ စီးပွားရေးတစ်ခုတည်းကိုသာ စိတ်မှာထားပါ ။ စီးပွားရေးစိတ်ပြင်ပါ ။
စီးပွားပျက်စိတ်ကို မေ့ပြီး စီးပွားတက်စိတ် မွေးပါ ။ ယခင်က သောင်းချီမြတ်နေတဲ့ အမြတ်တွေ ပြန်မြင်လာလိမ့်မယ် ။ အချို့ဆိုပြန်ပြီး စိတ်ဓါတ်မကျပဲ ကြိုးစားရာက ယခင်ကထက်တောင် အမှားနည်းပြီး စိတ်မလေဘဲနဲ့ သန်းကြွယ်သူဌေး ကြီးတွေဖြစ်ကုန်တာ ရှိပါတယ် ။
လူတွေပြောကြတာရှိတယ် ။ '' ကျန်းမာရေးပျက်တာအကြောင်းလား ၊ နှာစေးရင် ဘာမီတွန်သောက် ပျောက်ပေါ့ ၊ ခန္ဓာကိုယ်မပျက်ပဲ လက်နှစ်ဖက် ၊ ခြေနှစ်ဖက်နဲ့ မျက်လုံးမြင်ရင် ၊ နားကြားရင် ရှာစားနိုင်ပါတယ် ၊ စိတ်မပျက်ရင် ဘာမှ ပူစရာမလိုပါဘူး '' ဆိုတဲ့စကားပါ ။
အဲ့သည့်မှာ စိတ်မပျက်ရင် ဘာကိုမှမလိုဘူးဆိုပေမဲ့ စိတ်ကို ပြင်ဖို့လိုပါတယ် ။ စီးပွားပျက်ရင် စိတ်ကိုပြင်ရတော့မယ် ။
စီးပွားပျက်တဲ့ လူတိုင်းမှာ စိတ်ယိုင်တတ်တဲ့ သဘောတရားရှိပါတယ် ။ လူသားတွေပဲလေ ။ တရားသမား သူတော်စင်တွေမှ မဟုတ်တာဘဲ ။ တရားရှိတဲ့ ကုန်သည် စီးပွားရေးသမားတွေကတော့ အကြောင်းမဲ့ ကံကြမ္မာဆိုး မဝင်တတ်ကြပါဘူး ။
ရှုံးလိုက်မြတ်လိုက်နှင့် သံသရာလည်ပြီး စီးပွားရေးလောကမှာ အသက်ရှင်နေကြပါတယ် ။
သူတို့က စိတ်ပြင်ဆင်ပြီးသား လူတွေပါ ။ စီးပွားဖြစ်တဲ့ ကုန်သည်တွေကို လေ့လာကြည့်ပါ ။ သူတို့ဟာ စိတ်တက်လွယ်ကျလွယ် မဖြစ်ကြပါဘူး ။ အဲ့ဒါရှိနေလို့ထက် ပြန်စီးပွားလုပ်ရင် ရနိုင်မယ်လို့ ယုံကြည်နေကြလို့ပါ ။
"အကြင်သူသည် လုံ့လ ၊ ဝီရိယ နှင့်ပြည့်စုံ၏ ။ အလုပ်ကိစ္စ၌ လေးတွဲဖင်နွဲ့ခြင်းမရှိ ။ လုပ်ငန်းကိစ္စ၌ ကျွမ်းကျင်နားလည်၏ ။ ကြွေအန်လောင်းကစားခြင်း စသော ပျက်စီးကြောင်းကိုမပြုလုပ် ။ သူရသတ္တိနှင့် ပြည့်စုံ၏ ။ သူ့ကျေးဇူးသိတတ်၏ ။ မြဲမြံခိုင်ခံ့သော အဆွေခင်ပွန်းရှိ၏ ။ ထိုသူ၏ထံသို့ စည်းစိမ်စောင့် သီရိနတ်သမီးသည် အလိုအလျှောက် မှီခိုကပ်ရောက်လာ၏ ။ '' ဟု ရှေးဟောင်းကျန်းဂန်တွင် အဆိုရှိခဲ့ဖူးပါသည် ။
စီးပွားပျက်လျှင် စိတ်ပြင်ဆင်ဖို့သည် အဓိက ဖြစ်နေပါတော့သည် ။
Photos credited by Google
HFS - 10
@shwebote
fb name - maymyatkhine2410@gmail.com
GP A
Good
Thanks ပါ
လိုက်နာနိုင်သူတွေအတွက် တန်ဖိုးအလွန်ရှိသောစာသားတွေပါအန်တီ
သားတို့လိုက်နာနေထိုင်ပါ့မယ် အန်တီလည်းဒီထက်မကတိုးတက်အောင်မြင်ပါစေလို့ hfs family များကိုယ်စား @evernew မှဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ
Same to you.
Thanks so much @evernew.
I try my best.
I am glad so much for hearing your encourage.
I will go ahead with steemit.
Good bro
Thank you.
Good post....
Thanks a lot.
Good post....
Thank you.
Good bro
Thanks.
Good post
Thank you