ဗေဒင်မေးဝါသာနာပါသည့်သူများသတိထား
တချို့လူတွေရှိသည်။ တွေ့လိုက်တာနဲ့ မင်္ဂလာမရှိသည့်စကားများသာပြောတတ်သည်။ စီးပွားရေးအဆင်ပြေလားလို့ မမေးလိုက်နှင့် မေးလိုက်သည်နှင့် ခွက်ဆွဲနေရပြီ မွဲနေလို့လက်ဖက်ရည်လိုက်တိုက်..စသည်ဖြင့်သာပြောသည်။ ထိုလူကတော့ ချမ်းသာသည့်အသိုင်းအဝိုင်းဖြစ်သည်။ အကျင့်ပါကာထိုနမိတ်မရှိနမာမရှိသောစကားသည် တခြားလူအတွက်ဆိုးကျိုးဖြစ်သလို ပြောသူကိုယ်တိုင်ပါဆိုးက်ျူးဖြစ်သည်။ သိပ်မကြာပါ..မကြာခင် စီးပွားရေးအကိပ်အတည်းနဲ့ ကြုံကာ မွဲတေသွားသည်။
ကျွန်တော်တို့လမ်းသွားစဉ် ထိုသို့နမိတ်မရှိနမမာမရှိအသံမျိုးအမှတ်မထင်ကြားရတတ်သည်။ ထိုအသံမျိုးကိုစိတ်ထဲစွဲနေတတ်သည်။ လူတို့သည်ကောင်းသောအာရုံထက်မကောင်းသောအာရုံတို့ကိုပို၍အမှတ်ရသောကြောင့်သာဖြစ်သည်။
နမိတ်မရှိဘူးမဟုတ် ရှိပါ၏ ။သို့သော်ပဂတိနမိတ်နဲ့ ထူးခြားသည့်နမိတ်ကိုဟုနှစ်မျိုးရှိသည်။ ပကတိနမိတ်ဆိုသည်ကား..ပုံမှန်ဖြစိနေကျကြားနေကြသောအရာဖြစ်ပီး ထူးခြားသည့်နမိတ်မှာ ပုံမှန်မဟုတ်သောအဖြစ်အပျက်များဖြစ်သည်။ ထိုနမိတ်နစ်မျိုးတွင် ကိုကပထမဆူံးတွေ့သည့်အရာကိုနမိတ်ကောက်မည်ဟုဆုံးဖြတ်လျှင် ပထမဆုံးတွေ့သည့်အပြောအဆိုအမူအရာသံသည် နမိတ်ဖြစ်သည်။
ဗေဒင်မေးတာကျွန်တော် ကျွန်မတို့ဝါသာနာပါတယ်ဟု ဆိုသူများမှာပို၍သတိထားရပေမည်။ ဗေဒင်ဆရာတိုင်းစိတ်ကောင်းနလုံးကောင်းသည်မဟုတ်ပေ။ ဗေဒင်ဆရာက "ဟာအိမ်မီးလောင်မယ့်ကိန်းရှိတယ်..ဘဝပျက်တော့မှာဘဲ့"ဟုစုတ်သပ်သပ်..ခေါင်းတခါခါဖြင့်မှင်သေသေပြောမည်။ ဗေဒင်မေးသူကဘကို့အကျိုးစီးပွားထိခိုက်မည့်ကိစ္စမို့ "ဆရာရယ်..ကယ်နိုင်ရင်ကယ်ပါဦးဘာဘဲ့လုပ်ရလုပ်ရ"ဟုပြောမည်။ ထိုအခါဗေဒင်ဆရာက "အင်း...ရတနာဒီပံဆေးဖယောင်းတိုင်စီရင်ပေးမယ်..ဆရာကစေတနာနဲ့လုပ်တာဆိုတော့ ဥာဏ်ပူဇော်ခကြေးမပေးနဲ့ ယတြာကြေး တသိန်းနစ်သိန်းသိန်းသူံးဆယ်အဆဆရှိသလိုဗေဒင်မေးသူရဲ့အမူအရာအခြေအနေကိုအကဲခတ်ကာတောင်းလိမ့်မည်။ ထိုအခါဗေဒင်မေးသူကလည်းစိုးရိမ်မှုကြောင့်ပေးလိမ့်မည်။ တကယ်လို့ ဘာမှ မဖြစ်ကြည့် အာ့တာယတြာကောင်းလို့။ ဖြစ်ကြည့်ပါလား.အာ့တာယတြာလုပ်ပေမယ့်ခံသာသွားတယ်။ယတြာမလုပ်လိုဆြိုဂျင်းထည့်လိမ့်မည်။ (အမှန်စင်စစ်ရတနာဒီပံဆေးဖယောင်းတိုင်မှာ တသောင်းကျော်သာကျသင့်သည်.မစွမ်းမဟုတ်စွမ်းပါသည်၊သို့သော်လူတိုင်းဘာလာလာရတနာဒီပံဆိုပြီးဂျင်းထည့်တာတော့သတိထားပါ)
ဗေဒင်မေးသူများတွေ ပျော်လို့မေးသည်ထက်အပူသောကရောက်ရှိလို့မေးသည်ကပိုများပေသည်။အထူးသဖြင့် ရည်းစားပူမိသူကပို၍ဆိုးလေသည်။ အသက်ငယ်ရွယ်သောမိန်းကလေးများကပိုဆိုးပေသည်။ ဥပမာအဖြင့် ယုတ်မာသောဆရာဟုအမည်ခံသူက အဆင်ပြေစေချင်ရင်ငွေတောင်းလျှင်ကားတော်သေးသည်။ ကာမတောင်းလျှင်ကား အလွန်ပင်ဆိုးရွားလှသည်မို့ ထိုသူတို့၏စကားကိုမယုံအပ်ဘဲ့.ရှောင်ထွက်သွားသင့်လှပေသည်။ ရုပ်ကလေးကလည်းချော.အရွယ်လေးကလည်းကောင်း အိမ်ထောင်ဘယ်တော့ကျမလဲဘာညာမေးသည်ထားပါစို့။ "နင့်လက္ခာမှာကျွန်းခံနေတယ် ပထမယောက်ျားနဲ့အမြဲလိုလိုပူညံပူညံဖြစ်မယ် ဒုတိယယောက်ျားနဲ့မှမြဲမယ်.လူသိထင်ရှားသိက္ခာချအရှက်ကွဲမာ.."ဟုဆိုကာ စေတနာရှင်လိုဘာလိုလိုနဲ့"အင်းသမီးကိုတော့ဆရာသနားလို့ကူညီပေးမယ်.ဒီလိုလုပ်.ဆရာနဲ့သမီးဒီမှာစာချုပ်ချုပိ တကယိ့လင်မယားလိုနေပြီးရင်ပြန်ကွာရှငိးကြမယ်လေ.အာ့ဆိုသမီးလည်းလူသိထင်ရှားမရှိဘဲ့ဒီမှာဘဲ့ပြီးလိမ့်မယ်"အစရှိသည့်စကားများဖြင့် ကာမကိုလိမ်လည်တောင်းခံတတ်သည်။
တချို့သောသူများကတော့ လဏ္ခာကိုကြည့်ပီး မမြင်အပ်သောနေရာမှဲ့ရှိကြောင်းပြောမည်။မှန်နေသဖြင့်.ပို၍ယူံကြည်မည်၊ အာ့လိုဖြစ်လျှင် ဂွင်ထဲရောက်ပြီသာမှတ်.သူကဒီမှဲ့ကောင်းသည်ဆိုးသည်ပြောလျှင်လည်းယုံတော့မည်သာ။ ဆရာ့ကိုပြ.ဆရာဒါက်ုမန်းပေးလိုကိရင်မကောင်းတာမဖြစ်တော့ဘူးဟုဆိုကာမဟုတ်မတမ်းလုပ်မည်။ မိန်းကလေးငယ်များကလည်းရှက်သဖြင့်၊ရည်းစားသိမှကြောက်သဖြင့်..၊ယောက်ျားသိမှာကြောက်သဖြင့်၊အရှက်ကွဲမည်စိုးသဖြင့် ရေငုံနှုတ်ပိတ်နေလေရာ.ထိုသူတို့အကြိုက်ဖြစ်လိမ့်မည်။ လက္ခာမှာ လက်မရဲ့အောက်ခြေမှာကျွန်းပုံသဏ္ဍာန်လမ်းကြောင်းရှိရင်မမြင်အပ်သည့်အရာတွင်ာမှဲ့ရှိသည်။ ဒီကားတချက် နောက်တချက်ကား စေနေဂြိုလ်မောက်ခြင်း သောကြာဂြိုလ်မောက်ခြင်းစသည်တို့လဘ်ည်းကြည့်၍ ဘယ်ပေါင်မှဲ့ရှိသည်ဘာရှိသည်ဟူအဟောထုတ်နိုင်သည်။ CCTVတတ်ထားသင့်တယ်။
ူ
အမှန်စင်စစ် ဗေhaZင်ဆရာ၊ယုံကြည်အားကိုးသူအထက်လူကြီး၊ အိမ်တွင်းအိမ်တွင်လွတ်လပ်စွာဝင်ထွက်သွားလာနိုင်သူ၊ အစရှိသည်တို့သည်ပို၍ဖောက်ပြားလွယ်သည်ဟု ပီမိုးနင်း၏စာအုပ်တွင်ပါရှိသည်။
ဗေဒင်ဆရာတိုင်းတော့မဟုတ်ပေ၊ တကယ့်ကိုကောင်းမွန်သည့်ဗေဒင်ဆရာများလည်းရှိပေသည်။ မေးသူကိုအကျိုးရှိအောင် နားဝင်အောင်ကိုယ်ကျင့်တရားကောင်းမွန်အောင်စသည်ဖြင့်အကြံပေးလမ်းညွန်ပြသသည့်သူများလည်းရှိသည်။ဝါးလူံးသိမ်း ဗေဒင်ဆရာတိုင်းမကောင်းဟုမဆုံးဖြတ်သင့်ပေ။ နိဂုံးချုပ်ရသော ထိုယုတ်မာသောဗေဒင်ဆရာများ၏ မကောင်းသောနမိတ်မကောင်းသောအသံများကြောင့်စိတ်သောကမရောက်ဘဲ့.နောက်ဗေဒင်ဆရာထံမေးလျှင်မေး မမေးလျှင် ဘုရားတရားသံဃာမိဘဆရာအပေါ်တွင်ရိုသေလေးမြတ်စွာ ပူဇော်သင့်သည်။ငါးပါးသီလမြဲသူဖို့ အများအားဖြင့် ဘေးအန္တရာယ်ဒုက္ခများမကျရောက်နိုင်ပါ။
အတတ်ပညာသည် လူယုတ်မာလက်ထဲတွင် အန္တရာယ်ကြီးသောမီးဖြစ်သလို အတတ်ပညာသည် သူတော်ကောင်းလက်ထဲ၌ လောကကိုကောင်းကျိုးပေးသည့်အမှောင်ကိုခွင်းသည့်အလင်းရောင်သာဖြစ်ပေသည်။
Msc 088
Form myanmar
Writer saw myat tun
Photo me
good knowledge
Group ထဲမှာမိန်းကလေးတွေပါပြီး တို့နိုင်ငံမှာ ဒီလောက်စာမျိုးကိုလက်ခံဖတ်ရှုနိုင်တဲ့မိန်းကလေးမရှိသေးဘူးထင်ပါတယ်။
sex ကိစ္စနဲ့ ပတ်သက်ပီး ကျနော်တို့ MSC မှာ မရေးဘို့ တားမြစ်ထားပါတယ်။
မကောင်းတဲ့ ဗေဒင်ဆရာတွေတော့ သတိထားရှောင်ရမယ်။
ဗေဒင်ဆိုရင် နည်းနည်းတော့ အယုံကြည် နည်းပါတယ်
ဗေဒင်ကိုယုံရင်မှားနိုင်တယ်