ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မမြင်ရတဲ့စိတ်စွမ်းအားလှိုင်းတွေအများကြီးရှိတယ်။ ကိုယ်တိုင်ကလည်းထုတ်လွင့်နေတယ်။
ဥပမာဒေါသဖြစ်နေတဲ့လူရဲ့အနားမှာနေရင်စိတ်မကြည်မလင်ဖြစ်တာ ကြောက်ရွံ့နေတာတွေစတဲ့ ထိုဒေါသထွက်နေသူရဲ့လှိုင်းတွေကိုခံစားရတယ်။ ထို့အတူမေတ္တာလှိုင်းတွေလည်းနေရာအနှံ့ရှိတယ်။ ဘုရားစေတီတွေမှာ မေတ္တာဓာတ်လှိုင်းတွေပိုများတယ်။ ကျွန်တော်တို့ဘုရားကိုသွားရင်စိတ်ကြည်လင်တာ၊အေးချမ်းတာစတဲ့ခံစားချက်တွေအများအားဖြင့်ရတာဟာထိုမေတ္တာလှိုင်းတွေကိုခံစားမိလို့ပါ။
ကျွန်တော်တို့ရဲ့စိတ်ရဲ့wave လှိုင်းတွေဟာ ထုတ်လွင့်သလိုဖမ်းယူတယ်။ နစ်ခုလုံးတပြိုင်တည်းထုတ်လွင့်ဖမ်းယူကြတယ်။ အတွေ့အကြုံအရပြောရရင် မေတ္တာလှိုင်းဒါမှမဟုတ်ကြိုးဟာ ရင်ညွန့်တည့်တည့်ကနေ အကြည်ရောင်လဲနေတဲ့အဖြူရောင်ကြိုးအနေနဲ့ရည်စူးသူဆီကိုရောက်တယ်။ အာ့ရည်စူးသူရဲ့မေတ္တာဓာတ်ကိုလည်းဖမ်းယူနိုင်တယ်။
ကျွန်တော်တို့စိတ်ရဲ့အခြေခံဟာ ဒေါသလှိုင်းကိုဖမ်းယူနိုင်သူလားလောဘလှိုင်းကိုဖမ်းယူနိုင်သူလား၊ မေတ္တာဓာတ်လှိုင်းကိုဖမ်းယူနိုင်သူလား၊တန်ခိုးတွေကိုဖမ်းယူနိုင်သူလားအစားစားရှိတယ်။ ဒါမှမဟုတ်ထုတ်လွင့်နိုင်သူတွေလားပေါ့။
အများအားဖြင့် ဒေါသစိတ်ကြီးသူက ဒေါသစိတ်ကိုထုတ်လွင့်သလိုသူတပါးရဲ့ဒေါသစိတ်ကိုဖမ်းယူနိုင်တယ်။ ဒါကြောင့်ရန်ဖြစ်ကြရင် ဒေါသစိတ်ဟာနစ်ဖက်စလုံးထုတ်လွင့်ဖမ်းယူမှုအကောင်းဆုံးဖြစ်လာပြီး ချကြသတ်ကြရောဘဲ့။ သူတို့ရန်ဖြစ်ကြချကြသတ်ကြမှုရဲ့ လိုင်းစွမ်းအင်တွေဟာ နေရာအနှံ့ကိုရုတ်ချည်းပြန့်နှံ့သွားကြတယ်။ လူတိုင်းကိုယ်စီ ထုတ်လွင့် /ဖမ်းယူနိုင်တဲ့အစွမ်းသတ္တိတွေကြောင့် မသိသာကြဘူး။ ဒါပေမယ့် ကံဆိုးတာက မြေကြီးကဆွဲငင်သလိုသီးနှံဘာညာတွေကလည်းဖမ်းယူနိုင်ကြတာမို့ အာဟာရဓတ်တွေများစွာလျော့နည်းသွားကြတယ်။ ဒါကြောင့်စစ်ဖြစ်လာရင် အစားအသောက်ရှားပါးမှုပြသာနာနဲ့ တန်းတူရင်ဆိုင်လာရတာပါဘဲ့။
မေတ္တာဓာတ်ခံရှိတဲ့ဖမ်းယူ/ထုတ်လွင့်သူတယောက်ဟာ ဆန့်ကျင်ဘက်ဒေါသထုတ်လွင့်/ဖမ်းယူသူနဲ့ အမြဲယှဉ်ပြိုင်ကြတယ်။ ဒေါသစိတ်အင်အားများရင် မေတ္တာစိတ်ဖမ်းယူထုတ်လွင့်သူဟာ ရုတ်ချည်း မူလဒေါသစိတ်ဖမ်းယူ/ထုတ်လွင့်သူထက်နစ်ဆလောက်ကြီးမားသွားတတ်တယ်။ အချိန်တိုင်းလိုလိုမဖြစ်တာက ဒေါသစိတ်လောဘစိတ်တွေဟာ ဖမ်းယူမှုမှာအရမ်းများလာတော့ ထုတ်လွင့်မှုဘက်ကိုအစွမ်းကုန်ထုတ်ကြတာဘဲ့။ ဒါကြောင့်ဒေါသဟာအချိန်တိုင်းလိုလိုမထွက်တော့တာဖြစ်တယ်။
မေတ္တာဓာတ်သမားတွေကတော့ ဖမ်းယူနိုင်လေလေ ထုတ်လွင့်မှုကောင်းလေလေ ခုတ်လွင့်မှုကောင်းလေလေ.ဖမ်းယူနိုင်မှုများလေလေမို့ စိတ်ကြည်လင်ပြိး တန်ခိုးတွေကိုပါရရှိတတ်တယ်။ ဒေါသတို့လောဘတို့လည်းတန်ခိုးတွေကိုဖမ်းယူနိုင်ပေမယ့်ပျောက်ကွယ်တာလည်းမြန်တယ်။ လောဘဇောတတ်နေတဲ့သူ၊ကာမစိတ်တတ်နေတဲ့သူကိုခေါင်းရိုက်ခွဲ ဖြုံမှာမဟုတ်ဘူး..ရလဲရပီးရော အသက်တောင်ထွက်နိုင်တယ်။
ကျွန်တော်တို့တွေ ကောင်းတဲ့ဓာတ်ကိုဘယ်လိုဖမ်းမလဲမပြောခင် ကျွန်တော်တို့မှာ မေတ္တာဓာတ်၊စိတ်ကောင်းစေတနာရှိတာတွေအားနည်းနေရင် balanceဖြစ်အောင်အရင်လုပ်ရတယ်။ အကြောလျော့တာ၊လေ့ကျင့်ခန်းလူပ်တာအပြင် မြက်ခင်းပေါ်မှာညနေဇောင်းလောက်မှာ ဖိနပ်မကာဘဲ့ငါးမိနစ်လောက်ရပ်တာ အိပ်တာတွေ၊ အပင်တွေအောက်သွားတာတွေလုပ်သင့်တယ်။ အပင်တွေမြေကြီးတွေက စုပ်ယူမှုစွမ်းအရမ်းကောင်းတယ်။ မြေကြီးက+ - ညီမျှတာမို့ပါ။ အမြဲတော့မဟုတ်ဘူး။
အာ့လိုလုပ်ရင် 0balanceဖြစ်တဲ့အတွက်ဘာမဆိုဖမ်းယူနိုင်လာပီ။ ဒါကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့မေတ္တာဓာတ်ဟာငါ့ရဲ့သွေးသားထဲစီးဆင်းလားနေပီ၊ငါရဲ့မေတ္တာဓာတ်တွေဟာလည်း ထုတ်လွင့်နေတယ်လို့အာရုံပြုရတယ်။ ပြောစရာတခုရှိတာက မေတ္တာဓာတ်ကိုသဘောပေါက်ဖို့လိုတယ်။.စာရေးသူကဗုဒ္ဓဘာသာမို့ ဂင်္ဂါဝါစုမကပွင့်တဲ့ မြတ်စွာဘုရားတွေရဲ့မေတ္တာဓာတ်၊ဘဒ§္ဒကမ္ဘာမှာပွင့်ပီးတဲ့ဘုရားလေးဆူရဲ့မေတ္တာဓာတ်ကိုခံယူတယ်။
အာ့လိုလေ့ကျင့်တဲ့အခါ ကို့ဟာကိုမေတ္တာဓာတ်ပို့ဖို့၊ အသက်ရှင်နေရတဲ့ခန္ဓာကိုယ်ကြီးကိုကျေးဇူးတင်ဖို့၊ အဓိကလိုတယ်။ထုတ်လွင့်တဲအခါကို့ဟာကိုအရင်ထုတ်လွင့်ရတယ်။ ပြီးမှကို့မှာမေတ္တာဓာတ်ခံအားကောင်းလာရင် ကို့အပေါ်ကောင်းတဲ့သူတွေ ပို့ရတယ်။ သတိထားရမှာက ရည်းစား၊မယား သဘောကျသူအရင်မပို့ရဘူး၊တဏှာစိတ်ဖြစ်ပီးလောဘဝဓာတ်လိုင်းဖြစ်သွားလိမ့်မယ်။ အပြန်အလှန်ယူရမယ် ။သူတို့ကိုကျတော့ ကို့မှာမေတ္တာဓာတ်ခိုင်မာပြီ။ကိုယ်ပို့တဲ့မေတ္တာဓာတ်ကိုသူတို့ကလွဲလို့တခြားသူရရင်ရပီ။ ဘယ်လိုသိနိုင်လဲဆိုတာတော့ ကိုပို့တဲ့သူက နေထိုင်လို့ကောင်းလာတာ ချမ်းသာလာတာ၊ စိတ်ကြည်လင်နေတာစတာတွေဖြစ်ရင်အောင်ပြီသာမှတ်။
ဒါပေမယ့်ဝမ်းနည်းစရာတခုကောင်းတာက မေတ္တာဓာတိဖမ်းရင်ဖြစ်ဖြစ်ထုတ်ရင်ဖြစ်ဖြစ် ဒီတိုငိးနေရင်ပိုဆိုး..တခြားသောလိုင်းဓာတ်တွေကအမြဲနှောင့်ယှက်နေလိမ့်မယ်။ ဒါကိုကြပ်ကြပ်ခံနိုင်ဖို့လိုတယ်။
ဒါဟာကျွန်တော့်အတွေ့အကြုံကိုအခြေခံပီးရေးတာပါ။ ဒါဟာမပြည့်စုံသေးပါဘူး။ တခါတလေ ရုတ်တရက်ဒေါသအမြဲဖြစ်တာစိတ်ကြည်လင်တာ၊လောဘတတ်တယ၊ကာမဂုဏ်ခံစားလိုတာ.ဒါတွေ့ဖစ်ရင် သတိကပ်ပေးဖို့ပါ။ မကောင်းတဲ့မနောရိုက်တာခံရရင် အခံဖြစ်လာမှာပါ။ အများကြီးပြောပြချင်ပေမယ့်အခြေခံအဆငိ့ရရင်ကျေနပ်ပါတယ်။
Smt
Saw myat tun
Msc088
From myanmar
Photo me
အသိနဲ့သတိက မလွတ်လေကောင်းလေပါပဲအစ်ကိုရေ။
ကောင်းချက်
တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးပေါ့ဗျာ
စိတ်ဝင်စားတယ်။
များများရေးပေးပါ။