ညှင်းသွဲ့ဖြေးဖြေး လေအအေးမှာ
အေးစက်တုန်ခိုက် မေးကရိုက်လို့
ကောက်ထုပ်ပမာပုံ လွှာတုပ်ခြုံချင်လည်း
လုပ်သားဘာဝ ထုံးစံအရမို့
ဆန္ဒစေရာ မနေသာဘဲ
ရုန်းကန်ကျုံးထ အတင်းကြွပြီ
ဆောင်းရယ်မပီ မေ့ရာသီ။
You are viewing a single comment's thread from:
ညှင်းသွဲ့ဖြေးဖြေး လေအအေးမှာ
အေးစက်တုန်ခိုက် မေးကရိုက်လို့
ကောက်ထုပ်ပမာပုံ လွှာတုပ်ခြုံချင်လည်း
လုပ်သားဘာဝ ထုံးစံအရမို့
ဆန္ဒစေရာ မနေသာဘဲ
ရုန်းကန်ကျုံးထ အတင်းကြွပြီ
ဆောင်းရယ်မပီ မေ့ရာသီ။
ဆရာ့ကဗျာဖတ်ပြီး စပ်ချင်သွားလို့ပါ ဆရာ
တစ်ကြောင်းခြင်းကာရံကိုက်ပါတယ်၊ အပိုဒ်ကူးကာရံတွေလွတ်သွားတယ်၊ စကားလုံးမရွေးတတ်သေးလို့ပါ၊ ဒါကတော့စကားလုံးကြွယ်ဝမှုနဲ့ဆိုင်ပါတယ်ဗျာ။
ပိုက်ထုတ်မွေးလာ၊ ကလေးပမာ
လွှာထုတ်ခြုံလည်း၊ လုပ်ငန်းထဲ၌
စိတ်စွဲဆန္ဒ၊ မလုပ်ရဘူး
ထကြွရုန်းကန်၊ ထုံးစံပဲမို့
မလွဲချမ်းအေး၊ မေးချင်းခိုက်မျှ
ရှောင်မရသည်၊ ဆောင်းးလရာသီ
မေ့နိုင်ပြီ။ ။
ဟုတ်ကဲ့ ဆရာ ကျေးဇူးပါ