How to get auto curation reward !

in #myanmar6 years ago

မင်္ဂလာပါ မြန်မာစတီးမစ် မိတ်ဆွေတို့

STEEM ဈေးလေးကလည်း တက်နေပြီ ... ဈေးကျတုန်းက ရေးအားပျက်နေတဲ့ ညီအစ်ကိုတွေ၊ အလုပ်တာဝန်များပြားတာကြောင့် နေ့စဉ်မရေးနိုင်တဲ့ ညီအစ်ကိုတွေ၊ pro post ကိုတောင် ပုမှန်တင်နိုင်အောင် မနည်းကြိုးစားနေရတဲ့ ညီအစ်ကိုတွေကို တွေ့မြင်နေရတာကြောင့် သူတို့အတွက် အဆင်ပြေမယ့်နည်းကို စဉ်းစားနေမိပါတယ် ... အားလုံးသိတဲ့အတိုင်းပဲ စတီးမစ်ဟာ ပေးခြင်းဖြင့် ရယူတဲ့နေရာတစ်ခုဖြစ်ပါတယ် ... ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ့်လူတွေကို ကိုယ်တတ်နိုင်သမျှ ဗုတ်ပေးပြီး ကိုယ်တိုင်လည်း curation reward ရရှိနိုင်မယ့် နည်းလမ်းဖြစ်ပါတယ် ... ဒါပေမယ့် ကိုယ်တိုင် မအားလပ်တဲ့အခါ ဘယ်လိုများ လုပ်နိုင်ပါသလဲ ... auto-vote တွေ ပြုလပ်ပြီး သူတစ်ပါးအတွက် အကျိုးရှိသလို ကိုယ်တိုင်လည်း curation reward ရနိုင်တဲ့ နည်းလမ်းများ ရှိပါတယ် ...


Image credit - original source


Auto-vote အတွက် မူလက https://steemvoter.com/ ကို သုံးစွဲဖူးပါတယ် ... ဒါပေမယ့် သူက sp ပိုင်ဆိုင်မှုအလိုက် ကန့်သတ်ချက်များရှိနေပါတယ် ... အောက်မှာ ပြထားတဲ့အတိုင်းပဲ sp 50 အောက်ဆိုရင် auto-vote ၃ခုပဲ ပြုလုပ်ခွင့်ရှိပြီး sp500 အထိကို ၁၀ ဗုတ်ပဲ သတ်မှတ်ထားခွင့်ရှိတာကြောင့် အခြားနည်းလမ်းတစ်ခုကို စဉ်းစားရပါတော့တယ် ...



နောက်ထပ် auto-vote သတ်မှတ်နိုင်တဲ့နေရာကတော့ https://steemdunk.xyz/ ပဲ ဖြစ်ပါတယ် ... အဲဒီမှာ sign up လုပ်ပြီး free auto-vote အခု ၂၀ အထိ သတ်မှတ်ထားနိုင်တယ်လို့ သိရပါတယ် ... ဒါပေမယ့် ကန့်သတ်ချက်များ ရှိနေသေးတာကြောင့် အခု ၂၀ကျော်တဲ့အထိ auto-vote လုပ်ထားချင်သူတွေ အတွက် အခက်အခဲရှိနိုင်ပါတယ် ... steemdunk မှာ တစ်ခုအားသာချက်ကတော့ သူ့ဆီကနေ တစ်နေ့ တစ်ဗုတ် ရနိုင်ချေရှိတယ်ဆိုတဲ့အချက်ပါ ... ကံသေကံမ ရမယ်လို့တော့ မပြောနိုင်ပါဘူး ...



အထက်ပါအတိုင်း အသုံးပြုစရာများရှိသော်လည်း auto-vote ပေးဖို့အတွက် လက်ရှိမှာ ကျွန်တော် အသုံးပြုနေတဲ့ နေရာကတော့ https://steemauto.com ပဲ ဖြစ်ပြီး ... ... MSC က မိမိအဖွဲ့ဝင်အချို့ကို auto-vote ဖြင့် ဗုတ်ပေးနေပါတယ် ... တစ်နည်းအားဖြင့် ၄င်းတို့၏ အားထုတ်မှုများကို အားပေးချင်သော သဘောဖြစ်ပါတယ် ... voting power အရမ်းမကျအောင် 50% ဖြင့် သတ်မှတ်ထားပြီး အခြား newbies များကိုလည်း ဗုတ်နိုင်အောင် စီစဉ်ထားခြင်း ဖြစ်ပါတယ် ... steemvoter နဲ့ steemdunk တို့ အသုံးပြုပုံကို အကျယ်ချဲ့မပြောလိုသော်လည်း မိမိကိုယ်တိုင် အသုံးပြုနေသော steemauto အသုံးပြုပုံကိုတော့ ဝေမျှပေးပါရစေ ...


Image credit - original source


ပထမဆုံးအနေနဲ့ https://steemauto.com/ ကို Browser တစ်ခုခုမှ ၀င်ရောက်ပေးရပါမယ် ... အောက်ပါအတိုင်း ပေါ်လာပြီဆိုရင်တော့ log in ၀င်ပေးရပါမယ် ...



Log in ၀င်ပြီးတဲ့အခါ အောက်ပါ အတိုင်း ပေါ်လာပါမယ် ...ဒါပေမယ့် သူတို့ရဲ့ service ကို အသုံးပြုနိုင်အောင် သူတို့ကို posting authority ပေးရပါမယ် ... အစိမ်းရောင် ဘောင်ခတ်ထားတဲ့ link ၂ခုအထဲက ကြိုက်ရာ link ကို နှိပ်ပြီး မိမိအကောင့်နာမည်နဲ့ password (သို့) key ကို ထည့်ပေးရပါမယ် ... မိမိရဲ့ active key ကို ထည့်ပါလို့ အကြံပေးပါရစေ ...



အောက်ပါအတိုင်း ပေါ်လာပြီဆိုရင်တော့ သူ့ရဲ့ auto vote service ကို အသုံးပြုနိုင်ပါပြီ ... သူ့ကို authority ပေးထားတာကိုလည်း ဖြုတ်ချင်ပါက အောက်ဆုံးက Unauthorize( Leave Steemauto ) ကို နှိပ်ပေးနိုင်ပါတယ် ...



အပေါ်က အဆင့်များ ပြီးဆုံးသွားပါက FANBASE ကို ၀င်ပေးရပါမယ် ...



အောက်ပါအတိုင်း မိမိ auto vote ပေးချင်သူကို ရေးသွင်းပြီး follow ကို နှိပ်ပေးရပါမယ် ...



ယခုပုံပါအတိုင်း တွေ့မြင်ရရင်တော့ အောင်မြင်သွားပါပြီ ... သို့သော်လည်း မိမိလိုချင်သည့်ပုံစံရအောင် တည်းဖြတ်ပေးရပါဦးမယ် ... မြင်တဲ့အတိုင်းပဲ vp100% နဲ့ post တင်ပြီးပြီးချင်း ဗုတ်အောင် အချိန်ကို သုည သတ်မှတ်ထားပါတယ် ... ထိုသူကို မိမိထံမှ တစ်နေ့ ဗုတ်၅ဗုတ် ပေးနိုင်အောင် လည်း သတ်မှတ်ထားပါတယ် ...



ဒါကြောင့် မိမိထားချင်တဲ့ vp ပမာဏနဲ့ ထားချင်တဲ့ အချိန်၊ တစ်နေ့ကို ဘယ်နှစ်ဗုတ်ပေးမလဲ ဆိုတာ ပြင်ဆင်ရအောင် settings ဆိုတဲ့ အပြာရောင် box ကို နှိပ်ပေးရပါတယ် ... အဲဒီအခါ အောက်ပါအတိုင်း ပေါ်လာပါတယ် ...



အဆိုပါ default ပုံစံကို မိမိထားချင်သည့် ပုံစံဖြစ်အောင် ပြောင်းလဲပြီးပါက Save Settings ဆိုတဲ့ အပြာရောင် box ကို နှိပ်လိုက်ရင်တော့ auto vote ထားတဲ့အစီအစဉ် အောင်မြင်သွားပါပြီ ... စိတ်ပါဝင်စားသူများအနေနဲ့ စမ်းသပ်ကြည့်ပါ ... အဆင်မပြေတာ ရှိရင် comment မှာ ဖြစ်ဖြစ် facebook chat box မှာဖြစ်ဖြစ် လာရောက် မေးမြန်းနိုင်ပါတယ် ... တစ်စုံတစ်ရာ အသုံးဝင်မယ်ဆိုရင် လေ့လာရကျိုးနပ်ပြီဟု ယူဆပါတယ် ...


မြန်မာများ စတီးမစ်မှာ အောင်မြင်ကြပါစေဗျာ ...


DSCN1499.jpg


Author - @sawlwin

MSC - 176

Sort:  

လိုတဲ့အခါ ပြန်​ရှာရလွယ်​​အောင်​ ရှယ်​ထားပါရ​စေ ကို​စော​ရေ...

ဟုတ်ကဲ့ ကိုလင်း

steem auto က လူဘယ်နယောက်ထားထားအဆင်ပြေတယ်လား ကိုစော။

အဆင်ပြေတယ် ကိုထွေး

လုပ်ကြည့်လိုက်ပါ့မယ်

ဟုတ် ဦးဇင်း

ကျေးဇူးပါ

ဟုတ်ကဲ့

ပြန်share ထားပြီအစ်ကိုရေ ကျေးဇူးပါဗျ

ဟုတ်ကဲ့ အသုံးဝင်တယ်ဆိုရင် ၀မ်းသာပါတယ်

ညက ကိုစောပြောထားလို့ စောက်နေတာ ကိုစောရေ ကျေးဇူးပါ

သုံးကြည့်ပါဗျာ အဆင်ပြေမယ်လို့ ထင်ပါတယ် ... အချက်အလက်စုံလင်အောင် လိုက်လံစုဆောင်းနေလို့ အချိန်ယူနေရပါတယ်

တကယ့်ကို အကျိုးရှိတဲ့ post ပါ
လက်တွေ့လုပ်ကြည့်ပြီဗျို့
ကျေးဇူးကိုစော

ဟုတ်ကဲ့ လုပ်ကြည့်ပါဗျာ

ကိုစော ကိုတော့လေးစားပါတယ်ဗျာ ဒီလိုမျှဝေတဲ့အတွက်လဲ ကျေးဇူးပါဗျာ

ဟုတ်ကဲ့ အကျိုးရှိမယ်လို့ ယူဆပါတယ်

ဗဟုသုတတစ်ခုထပ်ရတယ်အကို အကျေးဇူးတင်ပါတယ်ဗျ

ဟုတ်ကဲ့ အသုံးပြုကြည့်ပါဗျာ

This post has received a 19.61% upvote from @lovejuice thanks to @sawlwin. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

သုံးကြည့်မယ်လေ

ဟုတ်ကဲ့ ဆရာတွင်းကြီးဝမ်းမောင်ကလည်း ဆရာ့ကို steem auto နဲ့ auto-vote လုပ်ထားတယ်

Thank you so much. မသိတာရှိရင်မေးမယ်နော် :D

https://www.facebook.com/saw.lwin.186

cb ကို လာခဲ့ပါ ... ကိုယ်ပိုင်ဖန်တီးသူတွေကို ကူညီပေးဖို့ အသင့်ပါ

ဟုတ်ကဲ့ပါ ^___^

ကျေးဇူးကိုစောရေ
လောလောဆယ်တော့ ရိုးရိုးပဲvoteအုံးမယ်
အသုံးတော့တော်တော်တည့်တယ်
Freeဆိုတော့ နောက်ပိုင်း လူသုံးများရင် ပိုက်ဆံတောင်းမယ်ထင်တယ်

creator ကို ယုံကြည်လို့ ရပါတယ် ... free ပဲ ဆက်ဖြစ်နေဖို့ များပါတယ်

စမ်းသပ်ထားပြီးပါပြီ ^__^

Screenshot_10.png

အပြာရောင် box နဲ့ settings ဆိုတာကို နှိပ်ပါ .... Time ကို 30 လို့ ပြောင်းပါ ... 0 ဆိုတာက post တင်ပြီးပြီးချင်း ဗုတ်မယ်လို့ ပြောတာ ... 30 ဆိုတာက post တင်ပြီး မိနစ် ၃၀ ကြာမှ ဗုတ်မယ်လို့ ချိန်ထားတာ ... ဒါမှ အဲဒီ post အတွက် curation reward ကို ကိုယ်လည်း ရမှာ ဖြစ်ပါတယ် ... မဟုတ်ရင် ဗုတ်ပြီး ဘာမှ မရပါဘူး

ဟုတ် အသိပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ အစ်ကိုရေ ^___^

100%နဲ့ ပေးမယ်ကွာ

ဝမ်းသာတာပေါ့ကွာ

ကျေးဇူးပါ ကိုစောရေ တကယ်အသုံးဝင်ပါတယ် ကျွန်တော်တို့လို မနည်းလိုက်နေရတဲ့သူတွေအတွက်

ဟုတ်ကဲ့ auto လုပ်ထားသင့်ပါတယ် ကိုယ်လည်း curation reward ရမယ် ကိုယ့်လူတွေလည်း စာရေးရတာ အကျိုးရှိမယ်

သုံးကြည့်မယ်ကိုစောရေ

သုံးကြည့်ပါဗျာ အသုံးဝင်ပါတယ်

အဲ့ဒါလေးအတော်အဆင်ပြေတယ်ကိုစောရေ

ဟုတ်တယ် ကိုစိုင်း အခြားဟာထက်စာရင် ပိုကောင်းတယ်

စမ်းကြည့်​လိုက်​ဦးမယိအက်ု​ရေ

post ပုံမှန် မရေးနိုင်ဘူးဆိုရင် လုပ်ထားသင့်ပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

resteemထားလိုက်ပြီ ကိုစောရေ မျှဝေပေးတာ ကျေးဇူးပါ

ဟုတ်ကဲ့ မစု

ဗဟုသုတတစ်ခုတိုးလို့ကျေးဇူးတင်ပါတယ်ဗျာ
နောက်တော့စမ်းကြည့်ဦးမယ်

ဟုတ်ကဲ့ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်

ဒီနည်းလေး သိချင်နေတာ အတော်ပဲဖြစ်သွားတယ် ။

ဟုတ်ကဲ့ ကိုညီ

အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာ
myanmar steemit အဓွန့်ရှည်ပါစေနော်