Abuse or Misunderstanding ? How to avoid ?

in #myanmar7 years ago (edited)

ဒီရက်တွေအတွင်း ကွီးစော စာတွေ မရေးဖြစ်ပါဘူး။ လေ့လာစရာတွေ များနေတာကြောင့် လိုက်လံမေးမြန်းနေရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စပ်စုနေတာပေါ့။ လူဆိုတာကလည်း အခက်သားလေ ... သူတို့ စိတ်ဝင်စားတဲ့ခေါင်းစဉ်မှ လက်ခံစကားပြောချင်ကြတာ။ Discord ကို သွားတယ်။ Steemit.chat ကို သွားတယ်။ သိချင်တာတွေ မေးတယ်။ သူတို့ ဘယ်လိုတုန့်ပြန်ပြောဆိုလဲ ... ဘယ်လိုမေးမြန်းသလဲ လိုက်လံကြည့်ရှုတယ်။ အဲဒီမှာ ဘာတွေ့သလဲဆိုရင် professional ဆိုတဲ့ စကားလုံးရဲ့အရေးပါပုံ၊ Polite ဆိုတဲ့ အသုံးအနှုန်းရဲ့အသုံးဝင်ပုံတွေ သွားတွေ့တယ်။ တစ်ခါတစ်လေမှာ သတိပေးချင်တာတွေ ရှိပါတယ်။ အဲဒါကတော့ ကိုယ်က ဘာမှ မဟုတ်ဘူးဆိုတာပါ ... စင်ပေါ်က လူကို သွားရန်စနေရင် စင်အောက် ကန်ချနေပါပြီ။ ဘယ်မှာလဲဆိုတော့ မိနှောင်းမှာပေါ့ ...

image.png

ဟိုးတစ်လောတုန်းက မိနှောင်းက လူတွေပါးစပ်ဖျားမှာ ရေပန်းစားလာတယ်။ မိနှောင်းကြောင့် အကျိုးအမြတ်ရသွားတဲ့သူတွေကလည်း အများသားပါ။ ဒါပေမယ့် ရလေ လိုလေ အိုတစ္ဆေဆိုတဲ့ သူတွေကြောင့် စည်းကမ်းချက်တွေ တင်းကျပ်စရာ ဖြစ်လာပါတယ်။ ရုတ်တရက်ကြီး ဘရက်လစ်ဆိုတဲ့ ဘောင်နဲ့ စွပ်ချလိုက်တဲ့အခါ မိနှောင်းနဲ့ သာယာနေသူတွေ အခက်ကြုံခဲ့ပါတယ်။ မလေးရှားတို့ စင်ကာပူတို့မှာ အလုပ်လုပ်ပြီး ကိုယ့်နေရပ်ရောက်တော့ ဘာမှ မလုပ်တတ်တဲ့သူလိုပဲ ယောင်အအတွေ ဖြစ်ကုန်ကြပါတယ်။ တခြားဘုတွေက မိနှောင်းလောက် မရက်ရောတော့ မိနှောင်းကိုပဲ လွမ်းနေရတယ်။ ပြီးတော့ ကိုယ် ဘာလို့ ဘလက်လစ်ထဲ ရောက်တာလဲဆိုတာ မသိကြဘူး။ Discord မှာ ငိုယိုတောင်းပန်သံတွေ ပေါက်ကွဲသံစဉ်တွေ ပလူပျံသွားတယ်။ မိနှောင်းကလည်း ရှင်းပြတယ်။ ဒါပေမယ့် ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နေတော့ တစ်ဦးချင်းစီ reply မပြန်နိုင်တော့ဘူး။ Form တစ်စောင် ဖန်တီးပြီး ဖြည့်ခိုင်းပါတော့တယ်။ ကိုယ့်ကိုယ်ကို အပြစ်မရှိဘူးထင်ရင် ဖြည့်ပေးပါ ... သူတို့ ပြန်ကြည့်ပေးမယ်ပေါ့။ ပြီးတော့ ဘလက်လစ်ကနေ ထုတ်ပေး မပေး ဘယ်လိုသိနိုင်မလဲ။ https://www.minnowbooster.net/users/your_account_name ရိုက်ထည့်ပြီး စစ်ဆေးနိုင်ပါတယ်။ your_account_name နေရာမှာ ကိုယ့်နာမည်ကို @ မခံဘဲ ထည့်ပေးရပါမယ်။ ကွီးစောရဲ့ status ကို စစ်ဆေးကြည့်တော့ အောက်ပါအတိုင်း ပေါ်နေပါတယ်။

image.png

ဟုတ်ပြီ ... ဒါက ဘလက်လစ်ထဲ ၀င်တဲ့သူတွေအတွက် ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေပါ။ အကယ်၍ ဘလက်လစ် မ၀င်သေးသူတွေကရော ဘလက်လစ်ထဲ မ၀င်အောင် ဘယ်လိုလုပ်သင့်သလဲ။ မိနှောင်းက သူ့ရဲ့ ToS တွေကို #mb-tos channel မှာ တင်ထားပါတယ်။ အဓိကအားဖြင့် သူတို့ရဲ့ဝန်ဆောင်မှုကို မဆီမလျော် အသုံးပြုသူတွေကို ရှင်းထုတ်မယ်လို့ သတိပေးထားတာပါ။

နို့ ... သားကမှ မသိဘဲ ... ဦးဦးက ရက်စက်တယ်ဗျာ

လို့ ဖြစ်သွားမှ ပြောလို့ မရပါဘူး။ ဘယ် booster ကိုပဲ သုံးသုံး သူတို့စည်းမျဉ်းတွေကို လေ့လာပြီးမှ အသုံးပြုသင့်ပါတယ်။ စတီးမစ်က ဖေ့စဘွတ်လောကနဲ့ မတူပါဘူး။ စာပေခိုးယူမှု (copy/paste process) ၊ အိုင်ဒီယာ ခိုးယူမှု (Plagiarism) ၊ တခြားသူတွေကို အသွင်အမျိုးမျိုးနဲ့ ခြိမ်းခြောက်မှု ( Abuse) ၊ တခြားသူများကို ဗုတ်တွေပေးဖို့ ဖောလိုးလုပ်ပေးဖို့ အတင်းအကျပ်ပြောဆိုမှု (Spam) တွေကို တင်းတင်းကျပ်ကျပ်တားဆီးထားပါတယ်။ စာဖတ်သူတွေ အကျိုးဌာ မိနှောင်းရဲ့ ToS တွေကို အကျဉ်းချုပ် ပြောပေးပါ့မယ်။ စတီးမစ်မှာ ရေရှည်ကျင်လည်မယ့်သူတွေအတွက် သတိထားသင့်တဲ့အချက်တွေပါပဲ။ သူများအိုင်ဒီယာကို ကူးယူတယ် မဖြစ်အောင် Discord မှာ @furious-one ကို ခွင့်တောင်းပြီး ပြောပြခြင်း ဖြစ်ပါတယ်။

image.png

  • ဆင်တူယိုးမှား post တွေကို အကောင့်အများကြီးနဲ့ တင်ပြီး မိနှောင်းဆီက ဗုတ်ယူတာ
  • ခိုးကူးစာတွေနဲ့ မိနှောင်းဆီကနေ ဗုတ်ယူတာ
  • စာတိုတိုရေးပြီး မိနှောင်းဆီက ဗုတ်ယူတာ ( Post မှာ အနည်းဆုံး စာလုံးရေ ၁၅၀ ရှိရပါမယ်။ ကိုယ်ဖန်တီးတဲ့ ပုံတွေ၊ အန်နီမေးရှင်းတွေ၊ ဗီဒီယိုတွေ တွဲလျက်ပါရင်တော့ စာလုံးရေကန့်သတ်ချက်ကို လျှော့ချပေးပါတယ်)
  • ပုံတစ်ပုံတည်း တင်ထားတဲ့ post တွေ
  • ကိုယ့်ရဲ့ post မှာ စာတိုပေမယ့် မတန်မဆပမာဏနဲ့ ဗုတ်ထားတဲ့သူတွေ
  • ကွန်မန့်ဘုကို good post, nice post, very interesting လို့ ရေးပြီး ယူတဲ့သူတွေ
  • follow me, upvote me ဆိုပြီး comment မှာ spam လုပ်တဲ့သူတွေ
  • post တစ်ခုတည်းကို ခဏခဏ upvote ယူတဲ့သူတွေ

အဲဒီလူတွေကို ဘလက်လစ်ထဲမှာ ထည့်ပါတယ်။

ကွီးစောကတော့ သူတို့လို မဟုတ်ဘဲ ဘလက်လစ်ထဲ ရောက်သွားတာပါ။ Deposit မှာ ငွေမကျန်တာကို မသိဘဲ upvote ယူမိတာကြောင့်ပါ။

image.png

ဘာပဲပြောပြော တစ်ခုတော့ အသိလေးပေးချင်ပါတယ်။ ကိုယ့်ရဲ့လောဘကြောင့် myanmar tag ကို သိက္ခာမကျစေပါနဲ့ဗျာ။ မိမိက စိတ်ရင်းနဲ့ လုပ်ပေမယ့် သူတို့က ကိုယ်တွေကို abuser တွေလို့ သတ်မှတ်ထားကြပါတယ်။ ဘာသာစကားနားမလည်လို့ မသိဘူးလို့ မယူဆပါနဲ့။ အပေါ်က သတ်မှတ်ချက်တစ်ခုခုနဲ့ ညိနေရင်လည်း abuser တွေ ဖြစ်သွားပါတယ်။ မိမိဆန္ဒကို အသိတရားနဲ့ ချွန်းအုပ်ပြီး ရေရှည်ခရီးမှာ ခြေတစ်ချက်ချော်တာနဲ့ပဲ ရှေ့ဆက်မရ မဖြစ်အောင် မလုပ်သင့်ကြောင်း သတိပေးရင်း ဤနေရာမှာပဲ စာကို ရပ်လိုက်ပါရစေ။

Reference - ToS in Minnow Discord Channel #mb-tos

my photo.jpg

Images credit - Google

Sort:  

အားလုံးကိုပြန်မျှဝေပေးတာကျေးဇူးတင်ပါတယ် ကိုစောရေ။ အခုလိုရှင်းရှင်းလင်းလင်းနားလည်သွားတော့ မိနှောင်းနဲ့ဘယ်လိုဆက်ပြီးစခန်းသွားရမလဲ ဆိုတာလည်းသဘောပေါက်လာပါတယ် ။

ဟုတ်ကဲ့ ကိုယ်တွေထဲက abuser လို့ သတ်မှတ်ခံထားရသူတစ်ဦး ကင်းမဲ့တယ်ဆိုရင်ပဲ ၀မ်းသာပါပြီ မဇင်ရေ

သူတို့ဆီမှာ သွားပြောတာ ဘာမှမထူးဘူး စောင့်ရုံပဲ ရမယ်

တခြားဘုတွေလည်း သုံးကြည့်ပါ လောဘနည်းရင် မြတ်ပါတယ်

Loading...

Wow greate article!
Thanks for using the @postdoctor service!

ကျေးဇူးကိုစော
အင်းဂလိပ်လို မဂွတ်တော့ဘူး
မြန်မာလိုပဲ ဂွတ်ပေးလိုက်တော့မယ်
ဂွတ်ဂွတ် 👍👍

မြန်မာလို ရေးတာ အကောင်းဆုံးပါပဲဗျာ

ကိုယ်လည်း deposit ကုန်တာ မသိဘဲ
Vote ခိုင်းမိပါတယ်။

ရှိတ်လိုက်လို့ ရပြီဗျို့ ဘ၀တူကို ရှာနေတာ

လေ့လာ​အား​ကောင်း​သူကြီးလို့ပဲ​ခေါင်းစဉ်​တတ်​လိုက်​မယ်​ 😄 ​တော်​ပါ​ပေတယ်​ဗျာ....

အခုလိုပြောတော့လည်း ၀မ်းသာရတာပေါ့

မရှင်းမရှင်းဖြစ်နေတာတွေ ရေရေလည်လည် သိခွင့်ရလို့ကျေးဇူးပါ အကိုရေ..

ဟုတ်ကဲ့ ၀မ်းသာပါတယ်

ကျွန်တော်တော့ မဖြစ်သေးဘူး ဟိဟိ

မဖြစ်အောင် နေရပါမယ် သူ့ကို ဆက်သုံးချင်ရင်ပေါ့

မသိလို့ မှားတဲ့အခါလည်း မှားမှာ​ပေါ့ မိ​နှောင်းရယ်​ ... ဒိန်း​ဒေါင်​ ​လေသံဖြင့်​😛

ဟုတ်ပါ့နော် သူများက ကလေးပဲဟာ ...

ကွီးစောပြောမှပဲ မိနှောင်းနဲ့ ပတ်သက်တာလေးတွေ ရှင်းသွားတော့တယ်
အခု ကွီးစောကို မိနှောင်းကက ဘလက်လစ်က ပြန်ထုတ်ပေးပီလားဗျ

မထုတ်သေးဘူးဗျ

ကျေးဇူးပါကိုစောရေ
ကျွန်တော်တော့မဖြစ်သေးဘူး
မဖြစ်အောင်နေဖို့ကိုစောရဲ့postကနေ ဆောင်နည်းရှောင်နည်းတွေရလိုက်ပါတယ်ဗျာ

ဟုတ်ကဲ့ ၀မ်းသာပါတယ်

စစ်ကြည့်လိုက်မယ်ဗျာ အခု
ကျေးဇူး

ဟုတ်ကဲ့

This post has received a 10.00% upvote from @lovejuice thanks to @sawlwin. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

Thank you @lovejuice . I will upvote @aggroed as witness.

ကျွန်တော်လဲ Upvote ကို Deposit မရှိဘဲနှိပ်မိလို့ထင်တယ် hee hee

ဘ၀တူတွေ အခုမှ တွေ့နေတယ်

လွမ်းရတယ် မိနှောင်းရယ် လွမ်းရတဲ့မိနှောင်းရယ်🎤🎤🎼🎼🎹🎻🎷🎺

အနမ်းကြမ်းတာကိုး ဟိုက အခု ထွက်ပြေးနေပြီ

ကောင်းပါတယ်ဗျာ ကျွန်တော်တို့ကလည်း ထစ်ကနဲဆို ကိုစောပဲ မေးရမှာပဲ

ဟုတ် မေးပါဗျာ

steemit နဲ့ပါတ်သတ်ပီး
အသိတစ်ခုတိုးပြန်ပီဗျို့

ဟုတ်ကဲ့ ၀မ်းသာပါတယ်

မလုပ်တတ်လို့ မိနောင်းနဲ့ မဆက်ဆန်ဖြစ်ပါဘူးအေ

အဲဒါက ရှင်းပါတယ် ဘုရား

ဗဟုသုတ​တွေ အများကြီးရတယ်​ဗျို့ ​ကျေးဇူးပါ ကို​စော​ရေ...

ဟုတ်ကဲ့ပါဗျာ

You got a 33.33% upvote from @slimwhale courtesy of @sawlwin!

Did you know you can make a passive income by simply delegating steem power?
@slimwhale offers the best return on your investment, at 95% of the bidding pool, proportional to your investment, after each round.
Let's grow together, start earning now by clicking the following links: 10SP, | 50SP | 500SP, | any amount |
For more information, see here or join me on Discord

Many thanks for your upvote, @slimwhale . but the value are not stable. Because you told that you will upvote with $0.08 and I have only got a little more than my bid. How can I trust your service ?

Thank you for using @slimwhale! Firstly, I did not tell you anything, this is the first time I am speaking with you. I am @slimwhale 's owner. Here is some context on how bid bots work.

The vote value depends on the amount of steem power @slimwhale has and the current price of steem. The current vote value is $0.08 as you pointed out. You bid 0.02 and for an upvote here, which represented the 33% of the bid pool. Then you received an upvote worth 33% of 0.08, i.e. 0.026$. This is simple maths, what's so unfair about it?

Hello @prometheus21 Many thanks for your prompt response. The thing I don't understand is that I had 100% upvote for the same bid previously. That is why I mean the upvote amounts are not stable. May I know how you decide to give with the different percentage. Really sorry if my questions make you any discomfort but I am also a new one in using bots.

I don't decide anything :) The whole process is automated. If user A bids 0.02 and you bid 0.02 you both receive 50%. If there are three bids, 0.02, 0.02, 0.02 each receives 33%. Does that make sense? Please do some research on how bid bots work. I never vote, the process is automated.

I totally understand now. Many thanks for your greatest explanation. This info will help me a lot.

You got a 25.00% upvote from @slimwhale courtesy of @sawlwin!

Did you know you can make a passive income by simply delegating steem power?
@slimwhale offers the best return on your investment, at 95% of the bidding pool, proportional to your investment, after each round.
Let's grow together, start earning now by clicking the following links: 10SP, | 50SP | 500SP, | any amount |
For more information, see here or join me on Discord

ဘယ်​လို​ပြောရမည်း​လေ့လာအား​ကောင်းတယ်​ပဲ​ပြောရမှာ​ပေါ့မိ​နှောင်းနဲ့ကြားပြသာနာကိုသိသွားရတာ​ပေါ့​ဗျာ

ဟုတ်ကဲ့ သူက ပြဿနာဖန်တီးတယ် ကိုယ်က ပြဿနာရှာတယ် မှားတော့ ကိုယ်ခံစားရတယ် သိထားတာ မမှားပါဘူး

You got a 3.56% upvote from @minnowvotes courtesy of @sawlwin!

You got a 20.00% upvote from @sleeplesswhale courtesy of @sawlwin!

ကျေးဇူးဗျာ ကိုစောရေ

ဟုတ်ကဲ့ ကိုစိုးလင်းအောင်

ကျေးဇူးကို​စော​ရေ အခုမရှင်းရှင်းလင်းလင်းသိရ​တော့တယ်

ဟုတ် ၀မ်းသာပါတယ်ဗျာ

ကိုစောကြောင့်သာ Stemitအကြောင်းကို
သေသေချာချာနားလည်ရတယ်ဗျာ

တစ်ခုခု ထူးခြားမယ်ဆိုရင် ၀မ်းသာပါတယ်

Congratulations @sawlwin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Many thanks for your reward, sir.

အလွန်ကောင်းပါပေတယ်ခင်ဗျာ ။

ကျေးဇူးတင်ပါတယ်ဗျာ

You got a 8.39% upvote from @luckyvotes courtesy of @sawlwin!

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဆရာကတော့ ဘာမသိညာမသိ By Sell လုပ်ပြီးပြန်ပိတ်လိုက်မိတာ၊ ဂွိရော။

သူကြေညာထားတယ် ဆရာ sell လုပ်ပြီး ပြန်ပိတ်ရင် ဘန်းမယ်ဆိုတာ