သင် တို့ အမှန် တကယ် လူကဲခတ်တော်ကြသလား?
ဒီ ပိုစ့်လေး ရေးဖို့ အကြံပေါ်လာတာကတော့...
ထူးထူးဆန်းဆန်းပါပဲ။
ကိုယ့်အကြောင်းကိုယ်တွေးမိရင်းဖြစ်တည်လာခဲ့တာပါ။
ကိုယ့်ဘဝတွင် ကိုယ်သာဇာတ်လိုက်ဟူသောစကားရှိသည်။ သို့သော် ထို အစွဲးနှင့် ကျွန်တော်
ဇာတ်လိုက်မလုပ်လိုပါ။
(သတိ-ကိုယ်ဂုဏ်ကိုယ်ဖော်မသူတော်ဟု မထင်စေလို)😄
...............
အများအတွက် တွေးစရာ စဉ်းစားစရာ
သတိပြုစရာတစ်ခုခုကျန်ခဲ့မည်လို့ထင်ပါတယ်။ ဒါကြောင့်ရေးရခြင်းပါ။
ကျွန်တော်ပြေားတာတွေ...ဟုတ်မဟုတ် postဖတ်ပြီးမှဆုံးဖြတ်ကြလေ.....။
........................
နာမည်အပြည့်အစုံ ဘုန်းဆက်ပိုင်ဟု ခေါ်ပါသည်။
ကျောင်းတတ်စဉ်ကာလ....
ဆံပင်ရှည်ထားသည်။ဘေးတစ်ခြမ်းအပြောင်ထိုး၍ တစ်ခြမ်းအရှည်ထားသည်။
(ဆေးပါဆိုးသည်)
အများလို တစ်လတစ်ခါမဟုတ်။
တစ်ပတ်တစ်ရောင် အနီ/အဖြူ/အဝါ/ စိတ်ကူးပေါက်လျှင် အစိမ်းနှင့်အပြာပါထဆိုးသည်။
ဘာဆိုးရမှန်းမသိလျှင် ရောင်စုံကောက်တွယ်သည်။
(အဆောင်နှင့် beauty salon ကပ်နေသောကြောင့် ဝေးဝေးသွားစရာမလို)....။
ဘယ်ဘက်နားကို အပေါက် 6ပေါက်တိတ်ဖောက်ထားတယ်/
မျက်ခုံးပေါ်မှာ တစ်ပေါက်ရှိသည်။
ဤ သည်ကာ မျက်နာ ပိုင်း(ယွံစရာကြီးဟုပြေးမမြင်ကြစေလို😄)....။
ဝတ်စားဆင်ယင်မှု....အရ လုံးဝမြန်မာပြည်နှင့်မအပ်စပ်သောအဝတ်အထည်များသာရှာဖွေဝတ်လေ့ရှိသည်။ဆိုလိုရလျှင်....
ခပ်ဂေါ်ဂေါ်။
လူ 100 တွင် တစ်ယောက် မဝတ်ရဲ။မန္တလေးဆောင်းရာသီ
မနက်ပိုင်းသည် တစ်ခါတရံ အလွန်ချမ်းတတ်သည်။Country boot အရှည်ဝတ်၍ ကျောင်းသွားတတ်သည်။
ဆိုင်ကယ်ကို Tricker FZ စသော ခပ်ကြမ်းကြမ်း ခပ်ထောင်ထောင်ဘီးမျိုးကိုစီးသည်။
(ဆိုင်ကယ်တော့ လူရှင်းလျှင် နွားလိုရီးမောင်းသည်:P)
ခန္ဓာကိုယ် အပေါ်ပိုင်း ရှေ့နောက် အနှံ
Tattoo ထိုးထားသည်။
ဤ သည်ကာ....ကျွန်ပ်၏ ပုံသဏ္ဏာန် ..။
မျက်လုံးထဲ မြင်ကြည့်ပါလေ။
.............................
ယခု စာဖန်သူမိတ်ဆွေများ အနေဖြင့် ပုံဖော်နိင်လောက်ပြီဟု ယူဆမိပါသည်။
(ယွံစရာကောင်းလိုက်တာဟု စိတ်ထဲက မပြေားကြစေလို)😂။
ကျွန်တော်ပုံစံ ဒီဇိုင်းကာလာ
ဘာညာအနေအထားကဆိုရင်ဖြင့်...
မြှောက်ကားကား ဒေါင့်မကျိုး
လူဆိုးလူမိုက်တစ်ယောက်အနေဖြင့်မြင်စေရန်...လုံလောက်ပေပြီ....။ဤ ပုံစံအများစုသည်လဲ ယနေ့ခေတ်တွင်တော့....ဆိုးသွမ်းလူငယ်စာရင်းဝင်ချာတိတ်များ၏ ပုံစံသာဖြစ်ပါသည်။.....။
ထိုစဉ်ကလက်တွေ့လဲသိခဲ့ရပါသည်။
ကျောင်းတွင်းလဲ....ကိုယ်က ကိုယ်က ဘာမှမလုပ်။သို့သော် ယောကျာင်္းအချင်းချင်းရှိန်ကြသည်။
အဆောင်ပတ်ဝန်ကျင်တွင်လဲ ကိုယ်တို့အဖွဲ့လာလျှင် ဆူနေသော တခြားအဖွဲ့များ အနည်းငယ်တော့ရှဲ သွားတတ်သည်။အဓိကက ကျွန်တော် ပါပဲ။ ကျွန်တော်
မျက်နာထား မတင်းထားပါ။
သို့သော် တည်သည်။
(မည်သူ့ကိုမှ လူမိုက်ကြည့်လဲမကြည့်ပါ)
။ရွာလူမိုက်သည်ပင်....
ကိုယ့်ကို အတိုင်းအတာတစ်ခုထိ ဖြုံ သည်။.....( အရူးဟုထင်သည်လား...
လူမိုက်ဟုထင်သည်လားမပြေားတတ်)
ဤ သည် ကိုပင် မည် သို့ မည် ပုံဖြစ်သွားသည်မသိ။
ကျွန်တော်တို့က ပထမနစ်ကျောင်းသားပါ။
အဆောင်က တတိယနစ်တွေ finalတွေက အစ ...ကိုယ်တွေလို အဆောင်နောက်မှရောက်လာတဲ့....
ချာတိတ်ကို လန့်နေကြလေသတဲ့။...။
သင်ကော မည် သို့ ထင်သ နည်း။
..........................
ဤ တွင် ကျွန်ပ်၏ ဇာတ်လမ်းပထမပိုင်း
ပြီး၏။ .......။
အဓိကပေးချင်သော အကြောင်းအရာအား ဒုတိယပိုင်းတွင်...
ဆက်ရေးပါမည်။စာမရှည်လိုသဖြင့်....
ဖြတ်တောက်ရခြင်းသာ....။....။....။
Author @ Sattpaing
Photo -sattpaing
MSU 011
အေးပါကွယ် vote လိုက်ပါတယ်
ကွကိုယ်တောင် တစ်ခါတလေ ဘာဖြစ်နေမှန်းကို အစိုးမရ နေတာကြောင့်
ထင်မြင်ချက်ပေးတော့ပါဘု
ကျေးဇူးပါ။
ကိုယ့်စိတ်ကို ကိုယ်နားမလည်တတ်ကြတာများပါတယ်လေ။
ငါတော့ gp 1 မှတ်လို့ ပိုစ့်ကျန်သွားတယ်ကွာ
အေး ကွာ
ဒုပိုင်း စောင့်မျှော်အားပေးနေပါတယ်လို့✌✌
အိုကေ ဘရာသား👋
ပထမပိုင်းတော့တူနေပြီဗျားးဒုတိယပိုင်းကိုမျှော်လင့်နေပါတယ်နော...
အိုကေ ဘရားသား မကြာခင် လာပါမယ်ဗျာ :-) .