ကျန်တော်နှင့် စာအုပ်ချုပ်ခြင်း

in #myanmar7 years ago

ဒီနေ့တော့ရေးစရာလေးလည်းမရှိတာနဲ့ အခုလက်ရှိကျောင်းမှာလုပ်နေတဲ့ စာအုပ်ချုပ်တာလေးကိုပဲ စာစီရေးသားလိုက်ပါတယ်။ စာအုပ်ချုပ်တယ်ဆိုတာကို အစက အရမ်းခက်ခဲတယ်လို့ ကျန်တော်ငယ်ငယ်ကထင်ခဲ့မိပါတယ်။ ဒါပေမဲ့ အခုကျန်တော်လက်တွေ့ လုပ်ကြည့်တဲ့အခါမှာတော့ မြင်ဆရာ သင်ဆရာတွေကြောင့် အရမ်းကြီးမခက်ခဲပဲ စာအုပ်တစ်အုပ်ကိုကောင်းကောင်း ချုပ်နိုင်ခဲ့ပါတယ်။ စာအုပ်လေးစစချုပ်တုန်းကတော့ မညီမညာနဲ့မို့ ပြန်ဖြုတ်ပြန်တပ်နဲ့ လက်ရာမသပ်ရပ်တော့ နှစ်ခါမောရပါတယ်။ ဒါပေမဲ့ ဒီလိုချုပ်ရင်းက နေပဲ လက်ရာသေသပ်အောင်ကြိုးစားပြီး စာအုပ်လေးကိုကောင်းကောင်းနဲ့ မြန်မြန်ချုပ်လာနိုင်ပါတယ်။ အဲ့လိုချုပ်လာနိုင်တော့မှပဲ ချုပ်ပေးလိုက်ရုံက မပြီးပဲ စာစီခ၊ print ခ၊ မိတ္တူခတွေ ဘယ်လိုပြန်တောင်းရမယ်ဆိုတာ ခေါင်းထပ်ခဲရပြန်ပါတယ်။
ဒီအလုပ်က ကျန်တော်လုပ်နေကျအလုပ်မဟုတ်တော့ နဲနဲတော့ကသီတာပေါ့ဗျာ။ ဒါပေမဲ့ အခုခေတ်က ကိုကယ်က အကုန်ကယ်တဲ့ ခေတ်လေနော့်။ အဲ့လိုနဲ့ ကိုကယ်ကနေ လှမ်းပြီးအပူကပ်တော့ စာတစ်ရွက် သုံးဆယ်(တစ်ဖက်ကူး)၊ စာတစ်ရွက် ငါးဆယ်(နှစ်ဖက်ကြော ကပ်ကူး) ဆိုပြီးသိလာရပါတယ်။ ဒါနဲ့ A4 စာရွက်ဖိုးလေးနူတ်၊ မီးဖိုးလေးနူတ်၊ ပရင်တာဆေးဖိုးလေးနူတ်နဲ့ဆိုတော့ အုပ်ရေများများကူး တာဖြစ်တဲ့အတွက် သောင်းကျော်လေးတော့ကျန်ပါတယ်။ ပထမဆုံးစာအုပ်ချုပ်တာ စာအုပ်ချုပ်ခဘယ်လိုယူရမလည်းဆိုတာမသိတာနဲ့ ကိုကယ်ကိုထပ်အပူကပ်တော့ တစ်အုပ်ကို ငါးရာယူကျတယ်လို့ အကြမ်းဖျင်းသိလိုက်ရပါတယ်။
ဟုတ်ပြီလေ။ ဒါဆိုရင်တော့ အုပ်ရေပေါင်းက ငါးဆယ်ဆိုတော့ နှစ်သောင်းခွဲပြန်ကျပါတယ်။ အဲ့လဲ့ ဆိုးတော့မဆိုးဖူးပေါ့ဗျာ။ စနေ၊ တင်္နဂနွေ နှစ်ရက်ကို သုံးသောင်းလောက်ဝင်တယ်ဆိုတော့ တစ်လလုံးစောင့်မှဝင်တာထက်စာရင် အိုကေပါတယ်။ :P ဘ၀ကတော့ ကြုံရာလိုက်လုပ်ရင်း နဲနဲလေးတော့အသားကျလာပါပြီ။ ကြုံရာလိုက်လုပ်တယ်ဆိုပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုတော့ ကျန်တော်မကျွမ်းကျင်တာအမှန်တကယ်ပါ။ လုပ်ချင်စိတ်လည်းမရှိတာနဲ့ အဲ့ဒီအပိုင်းကိုသိထားယုံလောက်သာ သိထားပါတယ်။ အင်္ဂလိပ်စာသင်ကျောင်းမှာရောက်နေတော့လည်း လိုအပ်တဲ့စာအုပ်ချုပ်ရတာတွေကလည်းတော်တော်လေးလည်းများပါ တယ်။ အလုပ်လုပ်နိုင်တဲ့သူပိုရတယ်ဆိုပေမဲ့ တကယ်ကိုယ်ပိုင်ကျောင်းထောင်လာတဲ့အခါကျရင် ကိုယ်လုပ်တဲ့စာအုပ်ကလည်း ကိုယ်တိုင် ပဲဆိုတော့ ကိုယ့်ငွေအပြင်ကိုမထွက်သွားတော့ အသုံးစရိတ်လျော့ချနိုင်တာပေါ့။ ကျန်တော့်ရည်မှန်းချက်ကတော့ တရက်မှာ ကျန်တော်လည်း ကိုယ်ပိုင်စာသင်ကျောင်းလေးဖွင့်နိုင်ဖို့ပါပဲ။ ကိုယ်ပိုင်စာသင်ကျောင်း၊ ကိုယ်ပိုင်စာသင်ရိုး၊ ကိုယ်ပိုင်စည်းကမ်းလေးနဲ့ တစ်ရက်တော့ဖြစ်ရမယ်ပေါ့။ ဆရာတင် သင်ပေးထားတဲ့အတိုင်း မသိစိတ်ထဲကြားအောင် ညတိုင်း ကိုယ့်ကိုကိုယ်ပြောဆိုနေရင်းနဲ့ လက်ရှိအလုပ်လေးကိုပိုမိုကြိုးစားနေမိပါတယ်။
ဟုတ်ပါပြီ။ ဒါနဲ့လိုရင်းကမရောက်နိုင်တော့ဖူး။ စာအုပ်ချုပ်တာလေးပြန်သွားကျရအောင်ဗျာ။ စာစီတာတွေပြီးပြီဆိုလျှင်တော့ စာရွက်များကို အစီအစဉ်တစ်ကျစီရီပြီစာအုပ် အရှေ့မှာ ဖလင်ပြားခံပေးရသလို အနောက်ဖက်မှာလည်း A4 စာရွက်အထူကိုခံပေးရပါတယ်။ အဲ့ဒီလိုထည့်ပြီးလျှင်တော့ စာရွက်ညီစေရန် ရေပြင်ညီခုံတစ်ခုပေါ်မှာ စာရွက်တွေကိုဆောင့်ကာ လေးဖက်လေးလံ ညီအောင်ညှိုကရပါသေးတယ်။ ညီပြီဆိုမှ ကလစ်နေနဲ့ ညီတာလေးမပျက်အောင် ထိန်းထားပြီး ချုပ်စက်နဲ့ ပြန်လည် ကာချုပ်ပေးရပါတယ်။ ချုပ်တဲ့အခါမှာလည်း စာရွက်နဲများအပေါ်မူတည်ပြီး pin အတိုအရှည်ထပ်ခွဲရပါတယ်။ စာရွက်ရေ သုံးဆယ်ဆိုရင်တော့ သုံးတဲ့ ပင်က အတိုလေးဆိုလည်းအဆင်ပြေပါတယ်။ ရွက်ရေ ငါးဆယ်အထက်၊ ခုနှစ်ဆယ်အထက်၊ များရင်များ သလို သုံးတဲ့ပင်ကလည်း ရှည်တာကိုရွေးသုံးဖို့လိုပါမယ်။ ပင်လေးတွေနဲ့ စာအုပ်ကိုချုပ်ပြီးပြီဆိုတော့မှ စာအုပ်အနားကပ်တဲ့ တိပ်အပြာ လေးနဲ့ ကျန်တော်တို့ချုပ်ထားတာလေးကို ပြန်ပြီးလှအောင်ဖုံးပေးရပါတယ်။ ဖုံးတာကိုလည်း ဘယ်ညာညီနေအောင်ဖုံးပေးရပါတယ်။ ဒါမှမဟုတ်ရင် တိပ်ကစောင်းနေပြီး မလှဖြစ်နေပါမယ်။ ဒါဆိုရင်စာအုပ်ချုပ်တာလေးကိုအားလုံးရသွားမယ်လို့ထင်ပါတယ်။ တစ်ခုတော့ရှိပါတယ်၊ ကွန်ပျူတာရယ် မိတ္တူစက် ကာလာရယ်၊ လေဆာပရင်တာရယ်တော့ ရှိထားရင် စာအုပ်ချုပ်တဲ့လုပ်ငန်းစလို့ရပါ ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။ ( ဒါဆိုရင် ကျန်တော်သုံးတဲ့ပစ္စည်းလေးနဲ့ တစ်ဆင့်ခြင်းကိုတော့ ပုံလေးထဲကနေကြည့်ပေးပါ။
image
ဒါကတော့ ကျန်တော်သုံးတဲ့ ချုပ်စက်ပါ။
image
ဒါကတော့ တကယ့်စက်ပေါ့
image
ဒါကတော့ပင်ပါ။ ကျန်တော်ကတော့ 23/13 ကိုသုံးထားပါတယ်။
image
ဒါကတော့ ဒီချုပ်စက်က သုံးနိုင်တဲ့ ပင်တွေပါ။ 23/..... ဒီလိုနံပါတ်လေးတွေနဲ့ ပင်အတိုအရှည်ကိုခွဲထားပါတယ်။
image
ဒါကတော့ ကျန်တော်စာအုပ်အရှေ့ဖုံးတဲ့ဖလင်ပြားလေးပါ။
image
ဒါကတော့ နောက်ခံမှာထည့်တဲ့ A4 အမာ ပါ။
image
ဒါကတော့ စာအုပ်ညီတာမပျက်အောင် ကလစ်နဲ့ထိန်းထားတာပါ။
image
ဒါကတော့ စာအုပ်အနောက်ကပ်တဲ့ တိပ်ပါ။
image
ဒါကတော့ ကျန်တော်ချုပ်ပြီးတဲ့ စာအုပ်နမူနာလေးပါ။

အားလုံးပဲ အဆင်ပြေကျပါစေ။

author by @saipanpha
msc-186

Sort:  

ပညာရပါတယ်​ အားရင်​လုပ်​ကြည့်​ဦးမယ်​ဗျာ

စမ်းချုပ်ကြည့်ဘဒို လုပ်စားလို့ရပြီလေ 😀

ကိုစိုင်းဆီ စာအုပ် အပ်ဦးမှနဲ့တူတယ်။
ဘာသာပြန်လေးတွေ စာအုပ်ထုတ်မလားလို့

ဟုတ်ကိုဟိန်း လားရှိးလာခဲ့ပါ 😀😀

တစ်ချို့ပစ္စည်းတွေကတော့ မြင်ဖူးတယ် တစ်ချို့ကမသိသေးဘူး ခုတော့ စုံစုံလင်လင်သိရပီဗျာ။ ကျေးဇူးဗျ အကိုရေ ဗဟုသုတရတယ်

ဟုတ်ဘဒိုရေ

နည်းလမ်း​တွေ မျှ ​ဝေ​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျ

ဟုတ်ကဲ့ကိုလင်း

ဆိုင်သွားစရာမလိုတော့ပူး။
ကျေးဇူးပါအစ်ကို။

ချသာချ ဘဒို လုပ်ရင်းနဲ့ အိုကေသွားမှာ ကျန်တော့်လိုပေါ့ 😀

ကျွန်တော်ရုံးမှာဖြုတ်သုပ်ချုပ်အကုန်လုပ်ရတော့ခုနေရုံးကထွက်ရင်တောင်စာအုပ်ချုပ်စားလို့ရတယ်ဗျာ😂😂

ဟာ ဒါဆိုမသိရင် ဘဒို့ကိုလာမေးဦးမယ် 😀

စမ်းလုပ်ကြည့်အုံးမှပဲဗျို့

ဟုတ်လုပ်ကြည့်ပါဘဒိုရေ

ရေးသားတင်ပြနိုင်မှုကောင်းတယ်ဗျာ
ဆရာတင်ရဲ့နည်းတွေအတိုင်းကျင့်ကြံနေထိုင်ရင်တော့အောင်မြင်သူတစ်ဦးဖြစ်လာမှာပါ ကိုစိုင်းရေ
ရည်ရွယ်ထားတဲ့စိတ်ကူးလေးလည်း အကောင်အထည်ပေါ်လာပြီး အောင်မြင်နိုင်ပါစေ........

ဆရာပြောတဲ့ တရက်နဲနဲပိုလုပ်ပါဆိုတာလေး အရမ်းသဘောကျတာ

ပညာတစ်ခုတိုးပါတယ် ဗျာ စာအုပ်ချုပ်ကြည့်ဦးမှပါ အိမ်က စာအုပ်အဟောင်းလေးတွေ

ဟုတ်ဘဒို စမ်းကြည့်
အဆင်ပြေမှာပါ။

စာအုပ်ဆိုင်မအပ်တော့ဘူး ကိုယ်ဘာသာဘဲချုပ်တော့မယ် ကျေးဇူးဗျာ ဗဟုသုတရပါတယ်

ဟုတ်စမ်းကြည့်ကိုပေါက်
လွယ်တယ်ဗျာ့ 😀

ကိုစိုင်း အတော်လေး လှုပ်ရှားနေတာပဲ စုမိဆောင်းမိရှိနေပြီလားဗျ

ခုရက်ပိုင်း ဝင်ငွေမရှိတာနက် ပြန်ကုန်သလောက်ပဲဘဒိုရေ 😀

ငတို့လဲ ချုတ်စားရဦးမယ် ထင်ပါတယ် ။

တင်ပါ့ဘုရား 😀😀

အဲ ဂွင်တည့်နေတယ်ဆိုပါတော့။

ဟုတယ်ဘဒိုရေ 😀

အစ်​ကိုလုပ်​ထားတာသပ်​ရပ်​​နေတာပဲ​ဗျာ​ဗဟုသုတရပါတာ်

ဟုတ်ဘဒိုရေ 😀

ပညာတွေရတယ် ကိုစိုင်းရေ

ဟုတ်ကဲ့ကိုစိုး 😀

မိုက်​တယ်​ဗျာ လုပ်​ကြည့်​အူးမယ်

ဟုတ်ကဲ့ပါ ဘဒို 😊😀

I can't understand you writing but i'm know you photo any perfect to listen...
Please come to.my blog if you have time.

@jubagarang

anyway, thank to u for visit my blog. i will come visit ur blog back. nice to meet you than.

စမ်းလုပ်​ကြည့်​အုန်းမယ်​ အကို​ရေ

ဟုတ်ဘဒို လုပ်ကြည့်လွယ်တယ်

တစ်ချိန်အသုံးဝင်နိုင်လို့ ဖတ်ထားပါသည်

ဘာဘဲပြောပြော ပညာတစ်ခု ရပြီဗျို့
နောက်နေ့အားရင် လုပ်ကြည့်မယ်ဗျာ
ဝါသနာပါတယ်ဗျ လက်မှု ပညာဆို
ဘာဘဲလုပ်ရလုပ်ရ

ကလေးတွေ ကျောင်းဖွင့်ချိန်ဆို ကိုစိုင်း အလုပ်ဖြစ်ပြီ

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

လချုပ် တွေ လုပ်တဲ့အခါ ချုပ်ဖြစ်တယ်ကိုစိုင်းရေ