အဲ ဆရာကြီးထူးခြားချက်ကအရင်လို လူနာလှည့်သိပ်မကြည့်တော့ဘူး ဆေးရုံကိစ္စတွေလည်း သိပ်စိတ်ပါပုံမရတော့......နားနေခန်းကိုသူ့အိမ်လိုနေစားပြီး လူမမာတစ်ယောက်လိုဖြစ်နေတယ်...အိမ်ကလာခေါ်တော့လဲအလုပ်တွေများနေလိုဆိုပြီးပြန်ပြန်ပြောနေတော့.....
ဘာတက်နိုင်ပါ့မလဲ သူကဆေးရုံအုပ်ပဲကို......
အချို့ဝန်ထမ်းတွေကလဲစုစု စုစုနဲ့ စကားတွေထွက်နေပြီ ဆရာကြီးမူမမှန်တာကို......
နောက်တစ်ခုက သူနာပြုဆရာမကြီး အကြောင်းပါ ဆေးရုံတစ်ခုလုံးရဲ့ သူနာပြုတွေရဲ့ ခေါင်းဆောင်ဆိုလဲမမှားပါဘူး.....သူဆရာကြီးကိုမင်္သကာလို့ အမျိုးမျိုးစမ်းသပ်နေတယ် ဆေးပညာကိုအတော်အသင့်နားလည်တဲ့သူတွေကလည်းသိနေတယ် ဆရာကြီးကပုံမှန်လူလိုသွေးခုန်နှုန်းစမ်းမရတာတွေ......နေ့ခင်းဘက်တွေဆို အပြင်လုံးဝမထွက်တာတွေပေါ့.....
တခါတစ်ခါ ဆေးရုံးဝန်ထမ်းတွေအထင်ကလဲ မှန်သလောက်ရှိနေပြီ ဆရာကြီးလှေခါးပေါ်ကကျကတည်းက အသက်မရှိတော့ပဲနာနာဘာဝအကောင်တစ်ကောင်စီးထားလေသလားပေါ့......တမူထူးခြားချက် ညပိုင်းDutyချိန်တွေမှာဦးကျော် အရိပ်ရောင်တောင်မတွေ့ရ....ခါတိုင်းဆို အမျိုးမျိုး ခြောက်နေတဲ့ သရဲ ခုတလောခြေငြိမ်နေတယ် ထင်ရတယ်.......ရင်ခွဲရုံဖက်ကော ဧည့်ကြိုကောင်တာရှေ့ကောဘာဆိုဘာမှ အရိပ်ရောင်မတွေ့ရဘူးဖြစ်နေတယ်.......
ကျွတ်လွတ်သွားလေသလား သရဲပင်စင်ယူသွားသလား....အတွေးပေါင်းများစွာနဲ့
တစ်လကျော်ကြာခဲ့ပြီ ဆေးရုံအုပ်ကြီး အိမ်လုံးဝမပြန်ဘူးလို့သိရတယ်......ကျွန်တော်တို့ကDutyချိန်ပဲရှိတာဆိုတော့ ဆရာကြီးအိမ်ပြန်မပြန်ဆိုတာအမြဲနေဝန်ထမ်းတွေဆီကပြန်သိရတာပေါ့.....တစ်ရက်တော့ ထမင်းဟင်းချက်ပေးနေတဲ့ အဒေါ်ကြီးက ဈေးမှာအမဲသားဟင်းမရလို့ မချက်တဲ့နေ့ ဆရာကြီးသောင်းကျန်းပါတော့တယ်.....တကယ်ကြောက်စရာ အရိုင်းကောင်နှယ် အော်ဟစ်ဆဲဆိုနေတာ......ကြားသူတိုင်းမျက်စိပြူးကုန်တယ်......တခါမှအဲလို မကြမ်းတမ်းဘူးလို့ပေါ့.......
ချက်ချင်းရတဲ့နေရာက ဝယ်ပြီးချက်ပေးတော့မှငြိမ်သွားတာ....နောက်ပြီး ဆေးရုံကဝန်ထမ်းအိမ်ရာထဲတွေမှာလဲ ကြက်ပျောက်ကြောင်ပျောက်နဲ့ သတင်းတွေကမသန့်တော့ဘူး....သွေးစသွေးနတွေ ဆရာကြီးနားနေခန်းနားတွေ့လိုတွေ့ သတိနဲ့နေဖို့ပဲ ဝန်ထမ်းအချင်းချင်းသတိပေးရတာပေါ့......
လက်ပူးလက်ကြပ် မိတာတော့ ကျွန်တော်တို့ dutyကျတဲ့ညပါ....ခါတိုင်းသရဲတွေ့ရတဲ့ရင်ခွဲရုံရှေ့မှာ ဆရာကြီးရပ်နေတာဗျ........ရင်ခွဲရုံ ကိုကြည့်နေတာမေ့မေ့မောမော အခြားတော့မတွေးမိဘူး လူနာကျနေတော့ အလုပ်များနေတဲ့အချိန်ဆိုတော့.....ညလယ်၁နာရီကျော်လောက်မှာ ကျွန်တော်နဲ့ တာဝန်တူကျတဲ့ ကိုလင်း ဧည့်ကြိုကောင်တာ ဆီအမောပြေးလာပြီး ဆရာကြီးကို တွေ့တယ်တဲ့...စပ်စပ်စုစု တွေ့မှာပေါ့သူကဒီမှာနေတာတာကိုလိုပြောလိုက်တော့ လက်ကိုအတင်းဆွဲပြီးလာကြည့်ဆိုပြီး........
ရင်ခွဲရုံ ဘေးကမြေကွက်လပ်အမှောင်ရိပ်ကျတဲ့နားမှာ မြေကြီးပေါ်ထိုင်ချပြီး အရာတစ်ခုခုကိုအငမ်းမရစားနေတဲ့ လူတစ်ဦးသဲသဲကွဲကွဲမှမမြင်ရ.....ကိုလင်းကိုကြည့်ပြီး ဆရာကြီးလို့ဘယ်သူပြောလဲဆိုတဲ့ အကြည့်နဲ့ပေါ့....
လက်ကမြင်းသားလေးက ဖုန်းမီးကိုဖြတ်ခနဲဖွင့်ပြီး ခုနကမြေကြီးပေါ်ဆောင့်ကြောင့်ထိုင်နေတဲ့ လူဆီ.........
တကယ်ရူးမတက်မြင်ကွင်း ကြက်အမွှေးတွေနဲ့အစိမ်းကြီးကိုကိုက်စားနေတဲ့ ဆရာကြီး..
ပြေးနေကြခြေထောက်ပဲ နှစ်ယောက်သား ပြေးလာတာအသားကျနေတော့ပြေးလိုက်ကြတာ ဧည့်ကြိုကောင်တာ တင်မဟုတ်ဘူး အိမ်အထိပြေးကြတာ...
မနက်ကျဆေးလူမှုအရာရှိကကျွန်တော်တို့နှစ်ယောက်ကိုခွင့်မဲ့ပျက်ကွပ်ထဲထည့်ထားတာပေါ့....ထည့်လည်းထည့်ပေါ့ ညကအဖြစ်ပျက်ကသရဲ တင်မဟုတ်ဘူး...
အရှင်လတ်လတ်သရဲကြီးတွေ့တာဆိုတော့လဲ...
မပြောရဲစရာတော့မရှိ မပြောသင့်ဘူးလို့လဲမမြင်တော့ ညကဘာလို့အိမ်ပြန်ပြေးတာလဲဆိုတာကို ရင်နှီးတဲ့ ဆေးရုံ ဝန်ထမ်း တွေကိုပြောပြလိုက်တာ ဟာဟင်တွေဖြစ်ကုန်တာပေါ့ ....
ဆေးရုံးမှာ အကြီးကဲဆိုလို သူနာပြုအုပ်ကြီးပဲရှိတော့တာ.....သူလည်းလုပ်သင့်လုပ်ထိုက်တာလုပ်ဖို့စီစဉ်နေကြတယ်......အထက်လမ်းဆရာတစ်ယောက်ကိုငှါးဖို့စီစဉ်နေကြပုံပါပဲ... အစောပိုင်းကတည်းက တရားပြတာမရမှန်းသိနေတော့.....
တစ်ရက်တော့ ဆရာတစ်ယောက်ရောက်လာတယ်...
ဘယ်ကစပ်မိမှန်းတော့မသိဘူး .....ဆေးရုံကိုရောက်ရာက်ခြင်းပဲ မနေသင့်တဲ့မကောင်းဆိုးဝါးတွေရှိတယ်လို့တန်းပြောတယ်....သဘောတရားကတော့ နေစရာမရှိလိုခိုကပ်နေတာထက် ပိုင်စိုးသူတစ်ယောက်လို ခြယ်လှယ်နေတဲ့ မကောင်းဆိုးဝါးကိုဆိုလိုနေတာပါ.....
ဆရာကြီးနားနေဆောင်ဆီကိုဘယ်သူမှမပြပဲအထက်လမ်းဆရာကြီးကတန်းသွားပြီး အခန်းပတ်ပတ်လည်ကိုစည်းချလိုက်တယ်...အခန်းထဲကတောက်ခေါက်သံအကျယ်ကြီးထွက်လာတယ်....အထဲကနေပြီး ငါ့ကိုဘာထင်နေသလဲ ငါ့ကိုဘာထင်နေလဲဆိုပြီးကြိမ်းဝါးနေတာ..အထက်လမ်းဆရာကြီး ကတော့သူလုပ်စရာရှိတာဆက်လုပ်နေတယ်...ဆေးရုံအုပ်ရဲ့သက်ဆိုင်ရာမိသားစုတွေကိုလည်းခေါ်ပြီး ကြိုတင်အသိပေးထားတယ်
ဆေးရုံအုပ်ကြီးကသေပြီဖြစ်ကြောင်း...မကောင်းဆိုးဝါးရဲ့ စေစားမှုခံနေလို့ ခုလို့ ထုတ်ပေးရကြောင်းပါကြိုရှင်းပြထားရတာပေါ့.....သူတို့မိသားစု လည်းမျက်ရည်စက်လက်နဲ့.....
ခနနေတော့ သူလက်ထဲကဆေးတောင်ဝှေးကို ကြမ်းပြင်ကိုထောက်လိုက်ပြီးအခန်းထဲကမကောင်းဆိုးဝါးကိုထွက်လာဖို့ အမိန့်ဆန်ဆန်ပေးလိုက်တယ်...ချက်ချင်းဆိုသလို ဇက်လည်နေတဲ့ ဆရာကြီး လေးဘက်ကုန်းထောပ်လာတာမဟုတ်ဘဲနောက်ပြန် လက်ထောက်ပြီးအထက်လမ်းဆရာကြီး ကိုရန်မူဖို့လုပ်တယ်...ဒါပေမဲ့တစ်စုံတစ်ရာကတားထားသလို အနားကပ်မရ....
အထက်လမ်းဆရာကြီး ကလည်း မကောင်းဆိုးဝါးကို သူ့ပညာနဲ့ ချုပ်ပြီးမေးတော့ အရင်ပိုင်းတွေကသေဆုံးခဲ့တဲ့ ရင်ခွဲရုံ စောင့်ဦးမင်းသူ၊ဒေါက်တာစောနဲ့ ယခုဆရာကြီး စတဲ့ သူကိုမနေစေချင်နှင်ထုတ်တဲ့သူတွေကို သတ်ပစ်တယ်လို့ဝန်ခံခဲ့ပါတယ် ......ကြားနာသူတွေကလဲ သရဲဥပဒေမှမရှိတာ ဘယ်လိုအပြစ်ပေးမလဲပေါ့.......
အထက်လမ်းဆရာကြီး ကတော့ ခေါင်းငြိမ်ရင်းစဉ်းစားနေတုန်း ဆေးရုံအတွင်းမီးတွေ တဖြတ်ဖြတ်နဲ့ မှိန်ကျလာတယ်......အကြောင်းကိုသိနေတဲ့ ကျွန်တော်တို့ကဦးကျော်ရဲ့ ထိန်းချုပ်နိုင်စွမ်းထဲက တစ်ခုမှန်းတန်းသိတော့ ဓာတ်မီးဖယောင်တိုင်အရံသင့်ပေါ့.....
ရှင်းချင်ရှင်း ဦးကျော်ကို ကျွတ်လွတ်စေဖို့က အဓိကပဲလေ.....မကျေနပ်တဲ့ မျက်လုံးကြီးတွေကိုလူတွေကိုလိုက်စိုက်ကြည့်နေတယ် ဆရာကြီး......သူခန္ဓာကိုယ်လဲပျက်နေလောက်ရောပေါ့ ဦးကျော်လက်ထဲမှာ....ဦးခေါင်းဇက်ကတစ်ပတ်လည်နေပြီ....ကြောရိုးတွေလည်းအပြင်ကိုငေါထွက်လျက်......စိတ်မချမ်းသာစရာမြင်ကွင်း....
အထက်လမ်းဆရာကြီး ပြောဆိုနေတုန်းမှာပဲ မီးချောင်းများတစ်ချောင်းပြီးတစ်ချောင်းပေါက်ကွဲထွက်လာတယ်....အကုန်လုံးထိတ်လန့်ကုန်တာပေါ့ ဆေးရုံသုံး မီးချောင်းရှည်ကြီးတွေ ပေါက်ထွက်ကုန်တာ....
အထက်လမ်းဆရာကြီး ကလည်းချက်ချင်းပဲ မကောင်းဆိုးဝါးကို ကြိုးတွေနဲ့ချုပ်ထားလိုက်တယ်.....သူစီရင်ထားတဲ့ကြိုးတွေထင်ပါတယ်..မကောင်းဆိုဝါးကောင်ကြီးစူးစူးဝါးဝါးအော်ဟစ်ရင်း `ဘယ်သူ့မှ ခွင့်မလွှတ်ဘူး´ဆိုတဲ့ အသံနက်ကြီးနဲ့ ငြိမ်ကျသွားတော့တယ်.......
ကျန်ခဲ့တဲ့ဆေးရုံအုပ် အလောင်းကြီးကတော့ ချက်ချင်းပုပ်ပွလာတော့ အသုဘကိုချက်ချင်းစီစဉ်လိုက်ရတော့တယ်........
ကျန်ခဲ့တဲ့အရာတွေကတော့ အားလုံးပုံမှန်အတိုင်း.....
ဒါပေမဲ့ ဦးကျော်ဘယ်ဆီကိုကျွတ်လွတ်သွားတယ်ဆိုတာကတော့ အထက်လမ်းဆရာကြီးကိုယ်တိုင်တောင်မသိလိုက်ရပါ.......သူဘယ်ဆီဘယ်ကို တိမ်းရှောင်သွားသလဲဆိုတာမည်သူမျှမသိလိုက်ရပါဘူး......သူဘယ်ရောက်သွားလည်းဆိုတဲ့အတွေးပေါင်းသောင်းခြောက်ထောင်နှင့်.............
မကျွတ်သောအစွဲ Season(1)ပြီး၏၊
Season(2)ကို စိတ်ကူးယောင်နှင့်ဖြစ်ရပ်မှန်များပေါင်းစပ်၍ မကြာသောအချိန်မှာကြိုးစားတင်ဆက်သွားပေးပါ့မည်။
စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။ဇာတ်လမ်းအရကာယံကာရှင်များ ခွင့်ပြုချက်ဖြင့် အမည်များပြောင်းလဲတင်ပြထားပါသည်။ကြုံခဲ့ရသူအဖြစ်ပြောင်းလဲရေးသားထားပါကြောင်း။
လေးစားလျက်
MSC no.152
Photo crd from Google
@saihack
နောက်ထပ် သရဲဇာတ်လမ်းတစ်ခု ထပ်ရေးမှာလား ညီ
အရေးအသားကတော့ goodပဲ
ရေးထားတာတွေပေါင်းလိုက်ရင် ဇာလမ်းကောင်းတစ်ပုဒ်ဖြစ်သွားပြီ။
ဆက်ကြိုးစားရေဦးမှာပါအကိုရေ☺☺😘
Season 2 ကို ဆက်လက်အားပေးမယ်
ဇတ်ညွန်းစရာောလေးရေ
ဟုတ်ကဲ့ကြိုးစားရေးပါ့မယ်ဗျ
ဇာတ်သိမ်းသွားပီ.... တစ်ခြားတစ်ပုဒ်ပြောင်းရေး :D
ဟိးဟုတ်ကဲ့ပါ
အဆက်လေးလုပ်ပါဗျို့ 😁😁😁
နောက်Seasonမှရေးတော့မယ်လေ သရဲတွေရေးနေတော့ကြောက်နေပြီလားလို့
ဟုတ်ဖူး ပိုဖတ်ချင်နေတာ
အရမ်းကောင်း ကျနော်ရေးမယ့် စာထဲမှာလည်း သရဲအကြောင်းပါတော့မှာမို့  လေ့လာမှတ်သားသွားပါတယ် 😁
ဖက်ပြီးပြီbroသရဲအကြောင်းလဲ အားပေးလို့ကျေးဇူးပါbroရေ
ဟေး သိမ်းပြီကွ ဒါဖြင့်ရင် ညည စိတ်ထဲစွဲနေလို့😁😁😁😁
အဖွဲ့သားတွေ ကြောက်နေမှာစိုးလို့😁😁
စကားနားမထောင်ပဲ ညဖတ်မိပြီ ဘယ်လိုအိပ်ရမလဲဗျာ
ညမဖက်ပါနဲ့ဗျ😁😁
ဘယ်နေရာမှာပေါ်လာမလဲ စောင့်စားရင်း
ကျေးဇူးပါကြိုးစားတင်ဆက်ပေးပါမယ်ဗျ
ဆက်ပါအုံးbroရယ် စောင့်မျော်နေတယ်
ကျေးဇူး broဆက်ကြိုးစားရေးသွားပါ့မယ်ဗျ
သရဲကြောက်တတ်လို့ မဖတ်ဘဲ မန့်လိုက်ပြီ😁😁
ညကတည်းကတွေ့တယ်မဖတ်ရဲလို့ အခုမှဖတ်ရတာ။
နေ့ခင်းပို့စ်ဟဟ
ဖတ်ရင်းကြောက်တောင်လာတယ်
နေ့လည် ပဲဖက်ပါbroရေ
ဟေးးးဇတ်သိမ်းသွားပီ
နောက်ထပ်လဲ ဆက်ရေးပါအူးနော်
ဆက်ကြိုးစားပါ့မယ် ဗျ
Good post.
ဦးကျော်နဲ့ပဲ season 2 လား
ဟုတ်ပါတယ်နောက်မှရေးမာဗျဟိး
အရေးအသားထဲစီးဝင်သွားတယ်အစ်ကိုဆက်ရေးပါအုန်းစိတ်ဝင်စားနေပြီseason၁ပြီးပြီဆိုတော့၂ပေါ့အစ်ကိုရေ
ဒုတိယပိုင်း စောင့်ဖတ်မယ်ဗျို့
အစွဲ...အစွဲ.. ကြောက်ဖို့ကောင်းပါပေတယ်။