အေးစိမ့်စိမ့်လေအချို့တိုက်ခက်နေခြင်းနဲ့အတူ လေလွင့်ဝိညာဉ်အချို့ကိုလည်းတွေ့နေရတယ်.....မြို့ထဲဝင်ဖို့အတွက် ကြုံရာလိုက်ဖို့အတွက်ရှာမိနေဆဲ.....မြို့ပြင်မှာတင် အတော်တန်အချိန်ကုန်သွားတယ် မြို့ထဲဝင်မရ.......
အချို့ ဘဝတူ လေလွင့်ဝိညာဉ်တွေကလဲ ပုံပန်းသဏ္ဌာန်အမျိုးမျိုး နဲ့တွေ့နေရတယ်....အချို့ဆို ခေါင်းပြတ်ပြီး ခေါင်းကြီးကိုက်ပြီးရှောက်သွားနေတက်တယ်....အချို့ကလဲခန္ဓာကိုယ်အကြီးကြီးနဲ့ အချို့ကလဲမဲမဲချုံပုတ်သဏ္ဌာန်ဖြစ်နေတယ်......လူလောကမှာကြောက်ဖို့ကောင်းတယ်ထင်တဲ့အရာတွေ ယခုမှာတော့ ပုံမှန်အတိုင်းပင်.....
မကြာခင်မှာတော့ အလည်ပို့တဲ့ ဘော်ဒါဆောင်ကားထင်တယ်......အစောင့်ရှောက်မတွေ့ရတော့ အတူပါလာတဲ့ ကားသမားနဲ့ ကပ်လိုက်ခဲ့တော့တယ်.....မြို့ထဲအဆင်ပြေပြေရောက်သွားပြီး ကားသမားနဲ့ လမ်းခွဲပြီး အိမ်ကိုသွားတယ် အိမ်တံခါးက အပြင်ကသော့ခက်သွားတယ်.......အထဲလဲဝင်မရတစ်စုံတစ်ခုကတားဆီးထားသလိုဖြစ်နေတယ်......
အိမ်ကမိဘ ညီအကိုမောင်နှမတွေလည်းဘယ်ဆီကိုသွားနေမှန်းမသိ......ခနအကြာရပ်နေတုန်းမှာ တစ်ကိုယ်လုံး ရိပ်ခနဲရိပ်ခနဲဖြစ်လာပြီး ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို မှတ်မိသလိုပြန်မြင်ယောင်သလိုဖြစ်နေတယ်........
အရင်ကလိုပေါ့ပါးသယောင်မဖြစ်တော့.....ခေါင်းတစ်ခုလုံးချာချာလည်ပြီးမီး ပူနဲ့ထိလိုက်သလို ပူသွားပြီး......................
အတိတ်ရဲ့ အရိပ်ဆီသို့....
သင်္ကြန် မဏ္ဏဒပ် မှာအကျနေ့ သူငယ်ချင်းတွေစုပေါင်းထိုင်ပြီး ကဲကြတဲ့ သူငယ်ချင်းငါးယောက် မိန်းကလေးနှစ်ယောက်နဲ့ ယောကျာ်လေးသုံးယောက်.....ကဲတာမှမိုးမမြင်လေမမြင် တစ်နေကုန်ကခုန်ပြီး ရေစိုတဲ့ အပြင်မူးရူးတဲ့အထိသောက်စားကြတယ်.....
ညနေ မိုးမှောင်နေချိန်မပြန်ကြသေးပဲ အဝေးပြေးလမ်းမှာ ကားစီးထွကဖို့ထပ်ထွက်ကြတယ်....အကုန်လုံးမူးဝေဝေနဲ့ သီချင်းလည်းအကျယ်ကြီးဖွင့်ထားတယ်.....
သီချင်းတွေအော်ဆိုရင်း Honda Airwave လေး ဝီှးခနဲ ဝှီးခနဲ အရှိန်နဲ့ပြေးနေဆဲ အသက်ညဏ်စောင့် ဥစ္စာကံစောင့်ဆိုသလို မဆင်မခြင်မောင်းနေတဲ့ ကားငယ်လေး တစ်ဖက်လမ်းထဲကျွံဝင်ပြီး တစ်ဖက်လမ်းပေါ်ကTAXIနဲ့ ကားဘေးခြင်းပွတ်မိပြီးအရှိန်တစ်ဖက်စီနဲ့ မိုင်တိုင်....../......မှာရှိတဲ့ ဘေးလမ်းမှတ်တိုင်နားကသစ်ပင်နဲ့ တိုက်ပြီး အရာအားလုံး အမှောင်တိကျသွားပါတော့တယ်.......
နောက်တစ်နေ့ မှုခင်းသတင်းမှာ ကားမတော်တဆဖြစ်ပြီး ဘေးခြင်းပွတ်မိတဲ့ကား နှစ်စီးလုံး အသက်မမီကြောင်း တစ်ဖက်ကား TAXI ကကားမောင်းပါအသက်မရှင်ကြောင်း.....စသဖြင့်ခေါင်းစီးပိုင်းမှာနေရာယူပြီး.....မျက်ရည်စတွေအလိုလိုစီးကျလာရင်း ယူကြုံးမရဖြစ်ပေမဲ့ဖြစ်လေပြီးတော့မှနောက်ပြန်မလှည့်နိုင်တော့ပြီး......
ပြန်အမှတ်ရတဲ့အတိတ်နဲ့အတူ အလောင်းကိုမီးသဂြိုလ်တဲ့နေ့မှာပင်.....မတော်တဆမှုလေလော..လုပ်ကြံမှုလေလောစစ်ဆေးချက်အပြင် မိသားစု စုံအောင်စောင့်ပြီး မှအလောင်းပြသမှုပြီးမှ မီးသဂြိုဟ် ခြင်းပင်.....
ရောက်လေတက်ရာ ဝိညာဉ်လောကရဲ့ ဆန်းကျယ်မှုကတော့ နေရာဒေသကိုမရွေးပဲအကြောင်းကိစ္စတစ်ခုခုလို အပ်ရာကိုရောက်သွားတာပါပဲ......လူ့လောကရဲ့အလှမ်းမဝေးသေးတဲ့ ဝိညာဉ်အသစ်တစ်ခုအတွက် ခက်ခဲတဲ့နေရာတစ်ခုအဖြစ် ဖြစ်တည်နေတက်ပါတယ်......
စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။စုံစမ်းသိရသောအကြောင်းအရာများကို စိတ်ကူးယောင်ဖြင့်ပေါင်းစပ်ပြီးတင်ဆက်ပေးထားသည့်ဖြစ်ပါကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ချင်းမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
လေးစားလျက်
@saihack
MSC No.152
Photo crd source-
ဒါဆို သေသွားတဲ့သူက သူ့ကိုယ်သူ သေမှန်းမသိပဲလျှောက်သွားနေတာပေါ့။
အိမ်ကိုရောက်တော့ ဘာမှဇာတ်လမ်းမဆက်တော့ဘူးလား ...
နောက်သရဲကလာချင်နေပြီဆိုလို့သိမ်းလိုက်တာ😁
photo နဲ့ကို လန့်နေပြီ
ဟာဒုက္ခပဲ
ယာဉ်စည်းကမ်း မလိုက်နာလို့ ထင်ပ
ပညာယူတက်တယ်broက
အမာခံပရိတ်သတ်ပါကိုသရဲရေ
ဟာနောက်ပြီဗျာ
အဲသိမ်းသွားပြီလားဘဒို။ လာဦးမှာလား သရဲက 😁😁
ထပ်ဖတ်ချင်သေးတာ
အသစ်လာမယ်broရေ
ပြောတော့ ဒါမျိုးတွေမရေးတော့ဘူးဆိုပီးတော့
ဆောတိဗျာ သရဲတွေက ခနခနလာတောင်းဆျုနေလို့ပါ
ကြောက်စရာကြီးနော်။
ဟီးနေ့ခင်းပဲဖက်နော့😁
ဒီသရဲတော့ တစ်ခန်းရိပ်ပြီဆိုတော့ နောက်သရဲလာတော့မယ်ထင်တယ် hee hee
ကြိုသိနေပုံရတယ်😂😂
အပုံတွေက အသက်ဝင်ချက်ဗျာ....
အားပေးပါတယ် ညီရေ....
သရဲကြာက်တက်ပါတယ်ဆို
အားပေးလို့ကျေးဇူးပါ
သူရဲ တစ်ခန်းရပ်သွားပီလားဗျာ
ညီတောင်အစ်ကို့သရဲတွေမဖတ်ရတာနဲနဲတောင်ကြာပေါ့😅
ညဖက်ကြီး သတ္တိရှိစွာဖတ်သွားသည်
ညတော့မဖက်နဲ့ပေါ့
အခုမှဘဲ ဖတ်လိုက်တော့တယ်ညီရေ
နောက်ထက် သရဲဇာတ်လမ်းများ ဆက်လက်အားပေးနေမယ်ညီ