အခါမဲ့မိုး
ရွာဖြိုးသွန်းမှုကြောင့်
အချိန်မတိုင်ခင်
ကြွေလွင့်ခဲ့ရတဲ့
ပန်းနုငယ် ပွင့်ဖတ်လေးတွေရဲ့
နာကျင်အော်ဟစ်သံကို
မိုးမင်းကြီးမကြားခဲ့သလို
အဆင့်အတန်းကွာခြားမှု
မျဉ်းပြိုင်ကြားမှာ
ဂုဏ်ငယ်သူ ငါ့ဘက်က
အချစ်ဆုံးကို ဆုံးရှုံးခဲ့တာလည်း
မိုးမင်းကြီးမသိခဲ့ဘူး။
ရိုစင်နောင်
@rosinnoungmm