သားရှဉ့်လေးအကြောင်း

in #myanmar6 years ago

အိမ်မှာ အဆိုးဆုံးကတော့ B Pyae ပေါ့ ။ B Pyae ပီးရင် သားရှဥ့်နဲ့ ရွှေဂဲပါဘဲ။ မာမီကတော့ သူ့ သားတွေကလိမ်မာတယ်တဲ့ ။ B Pyaeတယောက်ထဲဆိုးနေတာလို့ အမြဲပြောနေကျပေါ့ ။

received_879275482252303.jpeg

သူ့ သား သားရှဥ့်က သူပြောမယ်ဆိုလဲ ပြောစရာပါ ။ သားရှဥ့်လေးရေဆိုတာနဲ့ သူအိပ်နေကျ လိုက်ကာခန်းဆီးနောက်ကနေပြေးထွက်တတ်ပြီး တကျစ်ကျစ်အော်တော့တာ ။

သားရှဥ့်ကို ရွာကအမျိုးတွေဆီကနေ လက်ဆောင်ရတာပါ ။ နို့ တိုက် အိုဗာတင်းတိုက်ပြီး မွေးလာခဲ့တာ အခုဆို ၄လရှိပီပေါ့ ။ မွေးခါစအရွယ်ငယ်တုန်းက သူကသိပ်မကိုက်တတ်သေးတော့ သူ့ ကိုလွှတ်ထားတာ အခု သူက သွားချွန်တွေပေါက်ပြီး ဟိုကိုက်ဒီကိုက်လုပ်တတ်လာတော့ ခြံထဲထည့်တာ သူမနေချင်တော့ဘူး ။ ခြံထဲထည့်တာနက် အော်နေတော့ မာမီက အရင်လိုဘဲ အခန်းထဲမှာ လွှတ်ထားရတယ် ။

received_879275478918970.jpeg
received_879275455585639.jpeg

အခန်းထဲက ဝါယာကြိုးတွေက ဝါယာကြိုးတွေကို အဝတ်နဲ့ပတ်ထားရတယ် ။ သူကိုက်မှာစိုးတာကြောင့် အကုန်ကာကွယ်ထားရတယ်လေ ။ သားရှဥ့်က သင်ပေးတိုင်းလည်းတတ်သလိုပါဘဲ ။

မာမီက အာဘွားပေးဆို သူပေးတတ်တယ် ။ ရှူးပေါက်ဆိုလဲ ပေါက်တယ် ။ သူဆာရင်လည်း အော်တောင်းတတ်တယ် ။ သရက်သီး မန်ကျည်းသီးလဲသူကြိုက်တယ် ။ ပထမအစက သားရှဥ့်ကို ဘန်ဒါစေ့ သီဟိုစေ့ ဝယ်ပြီးကျွေးတာပါ ။

received_898659506980567.jpeg
received_898659683647216.jpeg

အိမ်မှာက သရက်ပင်လဲရှိ မန်ကျည်းပင်လဲရှိတော့ သူ့ ရာသီအသီးသီးချိန်နဲ့ဆုံတော့ ခူးပြီး စမ်းကျွေးမိရာက သားရှဥ့်က သရက်သီးနဲ့မန်ကျည်းသီးကို ပိုကြိုက်ပြီး ဘန်ဒါစေ့နဲ့ သီဟိုစေ့ကျွေးရင် ကိုင်ပြီးနဲနဲစားပြ ပစ်ထားတာများလာတော့ သူစားတဲ့ဟာဘဲ ခူးကျွေးနေရတာပေါ့ ။

အိမ်မှာရှိတဲ့သရက်ပင်က မမှည့်သေးဘူး အသီးကကုန်တော့မယ်လေ ။ B Pyae နဲ့ သားရှဥ့် လုစားနေရတဲ့ ဒုက္ခကလဲ မလွယ်ပါလားနော် ။ ဒိထက်ဆိုးတာက ကိုယ်က သရက်သီးခူးပြီး ရေခဲသေတ္တာထဲထည့်ထားတာကို မောင်လေးက အဲ့ဒီသရက်သီးကို စိတ်ပြီး သားရှဥ့်ကျွေးမိတာ နောက်ရက်ကျ ရေခဲသေတ္တာထဲကလို မအေးလို မစားတော့ဘူးလေ ။ အဲ့လိုလည်တဲ့သားရှဥ့်ပါ ။

received_898659486980569.jpeg

ညဆို မောင်လေးကို အိပ်ယညဝင်ရေပတ်တိုက်ပေးတော့လဲ သူကပက်လက်လှန်ပေးလို့  သူ့ ပါရေပတ်တိုက်ပေးရသေးတာ ခ်ခ် ။ သူလျှောက်ဖို့  အခန်းထဲမှာ ကြိုးတန်းပေးတော့လဲ ကြိုးပေါ်မလျှောက်ဖဲ ပတ်ထားတဲ့ဝါယာကြိုးပေါ်နဲ့ B Pyae ပိုက်ဆံအိပ်ကို တကိုက်ကိုက်လုပ်နေတတ်တာ ။ ပိုက်ဆံအိပ်ကကြိုးကို တန်းလုပ်ပေးထားရတယ် ။

B Pyae အိမ်က သားရှဥ့်အကြောင်းတော့ စုံနေအောင် ပြောပြပြီးပြီ ။ ဖတ်ပေးလို့ လဲကျေးဇူးတင်ပါတယ် ။ နောက်ထပ် ရွှေဂဲလေးအကြောင်းကိုလည်း ရေးအုံးမှာမို့  ဆက်လက်ဖတ်ပေးကြပါအုံးရှင် ။

IMG20180501121653.jpg

@pyaesonekhinkhin

MSC 021

Sort:  

ရှဥ့်လေးတွေက ချစ်စရာလေးတွေပါ။ သင်ပေးလို့လဲရတယ်။ ဒီကောင်လေးကကော ကိုက်တတ်သလား။

သူကိုက်ဖို့  တစ်ရှူးထုတ်နဲ့ရွာကပေးလိုက်တဲ့ ဝါးအမြစ်ဆုံရယ်ထားပေးတာ တခါတလေ ပန်းပွင့်တို့ ဘာတို့ ချပေးတာလဲကိုက်တယ်

😁ရှဥ့်လေးကို ကြွက်လေးထင် ဟိုတနေ့က အမြင်

ငယ်သေးလို့ အကို
တအားလိမ်မာတယ် သင်တာလဲတတ်တယ် ချစ်စရာလေးပါ

သားရှဉ့်​အ​ကြောင်း​လေး ဖတ်လို့​​ကောင်းပါ့ဗျာ ..
ရွှေဂဲ အ​ကြောင်း​လေး ​မျှော်​​နေပါတယ်​ မ Pyae ခင်​ဗျ ..

You got a 1.53% upvote from @postpromoter courtesy of @pyaesonekhinkhin!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ရှဥ့်လေးကချစ်စရာလေး သင်ပေးထားတာလား

ဟုတ်ကဲ့

You got a 50.00% upvote from @legendaryjone courtesy of @caesarsupaimin!

ချစ်ဆာလေး

ဟိုရှဥ့်ကားထဲကလို အကပါသင်ပေးလိုက် 😁😁

ငှယ် လူကျနေတာဘဲ...:P