မတ်မတ်ပြည့်နဲ့ ကျလိကျလိမြည်သံ …… ၁

in #myanmar7 years ago (edited)

စိတ်ပြေလက်ပျောက် ဟိုဟိုဒီဒီအာရုံလွှဲထားခဲ့သော်လည်း
စိတ်မပြေသည့်အပြင် ကိုယ်ရည်ရွယ်ထားသမျှတို့ သည်လည်း လမ်းပျောက်ခဲ့ရသလိုပါဘဲ အာရုံထဲအတွေးက ရောက်လာခဲ့ရပါတယ် ။

တွေးရင်းတွေးရင်းဖြင့် အတွေးတွေလွန်ကဲလာပြီး ခေါင်းတခုလုံးကို ပူထူစေတဲ့အထိခံစားရပြီး ကိုယ့်အတွက်ရောဂါတိုးတော့တာပါဘဲ ။ ဒေါသတို့ ဖုံးလွှမ်းထားသော အမြင်မှား အတွေးမှားတွေက ကိုယ့်အတွေးကို ကြိုဆိုနေကြသလိုလို လှောင်ပြောင်နေကြသလိုလိုပါ ။

received_258441491393248.jpeg

တခါတရံများဆို ဇွတ်ကြိတ်မှိတ်ခံစားရင်း အတွေးမှား အာရုံများကို ရပ်မပစ်ဘဲ ရှေ့ဆက်တိုးဘို့ ကြိုးစားမိဘူးပါတယ် ။ ထိုသို့ ကြိုးစားမိတိုင်း အရင်ကပူထူနေသည့်ခေါင်းထဲတွင် ကျလိ ကျလိ အသံမြည်သလိုတွေပါ ကြားနေရပြန်ပါတယ် ။

စိတ်ညစ်စရာဟာ သူဘာသူနေပေမယ့် ကိုယ်ကခေါ်လိုက်မိရင်တော့ တော်တော်နဲ့မပြန်တတ်တော့ပါဘူး ။ စားလဲစိတ်ညစ် အိပ်လဲစိတ်ညစ်နဲ့ ဘာလုပ်လုပ်စိတ်ညစ်စရာဟာ ရှေ့ကဦးဆောင်ချင်နေတော့ပါ ။

  • ညစ်ချင်သလောက် ညစ်စမ်း
  • ခေါင်းတွေလဲ ပူချင်သလောက်ပူစမ်း
  • ဦးနှောက်ထဲလဲ ကျလိကျလိအသံမြည်စမ်း
  • ဇွတ်ကြိတ်မှိတ် ခံစားပစ်လိုက်မယ် ဆိုပြီး အရွဲ့တိုက်ပစ်ပြီး စိတ်ညစ်စရာကို တွန်းလှန်ဘို့ နည်းလမ်းရှာလိုက်တော့တယ် ……

အခုတော့ ဒီလောက်ရေးပြရုံနဲ့ ကျေနပ်ပါလို့ 
အဆက်ရေးအုံးမှာမို့ ခနရပ်ခဲ့ပါပြီ ။

@pyaesonekhinkhin

MSC 021

Sort:  

ကျလိ ကျလိဆိုတော့ စာကလေးအော်သံထင်တာ 😂

တကယ်အဲ့လိုမြည်တယ် ဦးနှောက်ထဲတိုးတဲ့အသံက ကျစ်ကျစ် ကျလိ ကျလိ

ဖြစ်တတ်ပါတယ် တစ်ခါတစ်လေကျရင်လွှတ်ချလိုက်ပါ လိုက်ခံစားနေရင်ကိုယ်ဘဲထိမှာပါ

ဟုတ်ကဲ့

သီချင်းအော်ဆိုပစ် နပြည့်

ကြာသလားလို့ မတ်မတ်စုရေ

စိတ်​ စိတ်​ မလွယ်​ဘူးဗျ

ဟုတ်တယ် ကွီးအောင်

အုန်းတွေလဲ ပူနေပါပီ 😂😂

ပူတ့အပြင် ချောင်နေပါပီ

စိတ်ညစ်တယ်လို့မညည်းသင့်ပသမီးရေ

ဟုကဲ့ပါစင့် ညည်းတော့ပု

အော် မတ်မတ်ရယ် ကျလိကျလိ

ဟောဂျာ ဘယ်လို

ဝှီလို ဝှီလို

သင့်အပေါ်မှာသာ အကုန်မူတည်ပါသည်

အယ်မနဲ့လည်းဒိုးခဘဲ အပေါ်ကဘဲရီးနဲ့တူတူဖဲ ခ်ခ်ခ်

ဟိဟိ ကျလိကျလိတဲ့😂😂

စာဖတ်​ရင်းနဲ့ကျလိကျလိ

thanks for your support

ဦးနှောက်ထဲကမြည်သံက ကျလိ ကျလိ့ တဲ့

ခညားတို့ နဲ့လည်းဒိုးခဘဲ