တနေ့တနေ့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရတာလည်း မရိုးနိုင်ပါဘူး ။ ကိုယ်မှားတာလည်းရှိသလို မှန်တာတွေလဲရှိခဲ့ပါတယ် ။ မှန်တာလုပ်ခဲ့တဲ့အတွက်က သိပ်အကြောင်းမထူးလှပေမယ့် မှားတာလုပ်မိခဲ့တာကျ ကိုယ့်ကိုယ်ကိုထပ်ပြီး ဝေဖန်ကြည့်ဖြစ်တယ် ။
ဒီအမှားကို ကိုယ်ဘာကြောင့် လုပ်ဖြစ်ခဲ့သလဲ ?
ဒီအမှားဟာ ကိုယ့်အတွက် ကောင်းကျိုးဖြစ်ခဲ့သလား ?
ဆိုးကျိုးဖြစ်ခဲ့သလား ?ကိုယ့်အတွက် ဒီအမှားဟာ ဘာအကျိုးမှမဖြစ်ခဲ့ပေမယ့် ကိုယ့်မိသားစုဆွေမျိုးနဲ့ တခြားသူတွေအပေါ်မှာ ဘယ်လိုအကျိုးတွေ သက်ရောက်နိုင်ခဲ့သလဲ ?
ဒီအမှားတခုအတွက် ဘာတွေဖြစ်နိုင်မယ်ဆိုတာကို အများကြီး စဉ်းစားရပါတယ် ။
ကိုယ်က အိမ်မှာ ကျောင်းတက်တဲ့အလုပ်ကလွဲပြီး အလုပ်ရယ်လို့  မယ်မယ်ရရ မလုပ်နိုင်တဲ့သူဆိုတော့ ကျောင်းကပြန်လာတာနဲ့ အိမ်မှာ အသင့်စားစရာနဲ့ wifi လေးဖွင့်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ တနေ့တာကို ကုန်ဆုံးစေခဲ့တာများနေတယ် ။
ကျောင်းစာဖတ်တာက အချိန်ခနလေးဆိုတော့ ဂိမ်းလေးဆော့လိုက်ရော ။
ဂိမ်းဆော့ရတာကြာလာတော့ ပျင်းလာတုန်း Messenger နဲ့ facebook က noti ringtone သံလေးက တတိန်တိန်နဲ့ ကြားရပြန်တော့ အဲ့ဘက်လှည့်ဖွင့်ကြည့်လိုက်ပြန်ရော ။
အဲ့လိုကြည့်နေရင်းက ဗိုက်ကလေးကဆာလာပြန်တော့ မာမီနဲ့အမဝယ်ထားပေးခဲ့တဲ့ မုန့် လေးထုတ်စားလိုက်ပြန်ရော ။
ဒါတင်မကသေးဘူး အိမ်ရှေ့ရောက်လာတဲ့ ရေခဲမုန့် သည် အချဉ်ပေါင်းသည် နဲ့ အော်သံကြားသမျှအသည်အကုန် ကိုယ်စားချင်စိတ်ရှိလာရင် ခေါ်စားလိုက်ပြန်ရော ။
ဗိုက်ကလေးဝလာတော့ မျက်လုံးလေးကလဲ အလိုက်တသိပါဘဲ သတင်းတန်းပို့ တာပေါ့ ။ စားပြီးအိပ်ချင်လာပြန်တော့ တရေးတမော အနားယူဘို့  အိပ်လိုက်ပြန်ရော ။
အိပ်ယာလေးကနိုးလာပြန်တော့ လိုင်းလေးပြန်ဖွင့် ဟိုဟိုဒီဒီကြည့်ရင်း အွန်လိုင်းစတိုးတွေက ကိုယ်ကြိုက်တဲ့အင်္ကျီပုံစံလေးနဲ့ ကိုယ်ကြိုက်တဲ့ အရောင်လေးတွေမြင်တော့ အိမ်ကိုပူဆာပြီး ဝယ်ခိုင်းလိုက်ပြန်ရော ။
ဒီလိုနဲ့ တနေ့တာလုံး လည်ပတ်လာလိုက်တာ အချိန်တွေဘယ်လိုကုန်မှန်းမသိ ကုန်သွားခဲ့တာ ရက်ပေါင်းမနည်းတော့ဘူးလေ ။
အရေးကြီးတာ တချက်ကျန်ခဲ့ပြီ ။ အဲ့ဒါသာထည့်မရေးဖြစ်ရင် ကျမဒီနေ့ ရန်လုပ်ခံရဘို့  သေချာပေါက်ပါဘဲ ။ ကျမရဲ့တနေ့တာကို ကုန်ဆုံးစေတဲ့ကိစ္စတွေမှာက အရေးကြီးတာက ကျမချစ်သူပေါ့ ။ ချစ်သူနဲ့ ဖုန်းလေးပြောလိုက် ဒါတင်မကဘူး လိုင်းပေါ်မှာ chat box က စာတွေပို့ လိုက်နဲ့ ရန်ဖြစ်စိတ်ကောက်ရနဲ့ အချိန်တွေကိုကုန်လွန်စေခဲ့ပေါ့ ။
တနေ့တာကုန်ခဲ့သမျှ ကိုယ့်အချိန်တွေကို ညရောက်တော့ မအိပ်ခင် စဉ်းစားရင်း နောက်တရက်အတွက် အိပ်ယာဝင်ပြီး ကိုယ့်အတွေ့အကြုံတွေနဲ့ ကိုယ့်အကြောင်းတချို့ကို စတီးမစ်တင်ရန် ပိုစ့်တပုဒ်အဖြစ် ဖန်တီးရေးသား တင်လိုက်နဲ့ အခုဆို အိမ်ထဲမှာ နေပေမယ့် စတီးမစ်မှာစာရေးတင်လို့  ဝင်ငွေတောင် ရနေခဲ့ပါပြီရှင် ။
MSC 021
အလုပ်တွေအရမ်းရှုပ်နေတော့ ကျန်းမာရေး ဂရုစိုက်ပါ မ Pyae ရေ .. အစားအသောက်လေးလည်း ဂရုစိုက်ဗျ .. 😀😀
ကျေးဇူးပါရှင့် ဂရုစိုက်ပါတယ်အကို
မုန့်လေးစားလိုက် စာလေးကျက်လိုက် ဂိမ်းကစားလိုက် အိပ်လိုက် postတစ်ခုဖြစ်သွားလိုက်ဆိုတော့ အဆင်ပြေတာပါပဲ ညီမလေးရ😁😁
ကောင်းပါ့ဗျာ
မကောင်းလို့ ရဘူး
အိမ်းးး တျောက်ထဲနက် အလုပ်ကိုရှုပ်နာပဲ... :D
ဟာ SL အလည်လာတယ်ဟေ့ မင်ဂလာဘာရှင့်
မင်ဂလာပါအေ...
ဒါနက် ဒီတခေါက်သုံးသပ်တာက ၈ဖြစ်ရမာလေ။
ခုနစ်၂ခါထပ်နေတယ်။
ချိတက်လာနေအူးမယ်.. :P
ရှုပ်နေတာတနေကုန် သနားစရာ
ဗြဲ ဟုတယ် သနားစရာလေးပါ
စားလိုက် အိပ်လိုက်နဲ့ ဝလာဦးမယ်နော်
ဝချင်တာ စစ်ရေ
good တယ် ညီမလေး မုန့်စားလိုက် စာရေးလိုက် ချစ်သူနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ဟုတ်နေတာပဲ။ အော်ဒါနဲ့ စကားမစပ် sbd ဈေးတွေ steem ဈေးတွေ တက်နေတာ ပျော်စရာကြီးနော်။
ဟုတ်တာပေါ့ ယွခမရယ်
တညလုံးမအိပ်ဖဲ ကြိုးစား trade ရတယ် ဒီလိုအခွင့်အရေးက ရှားတယ်လေ အကိုဟင်ကလည်း မအားတော့ ဘုတ်ဖူးလေ trade ယူရတာပေါ့
ပူပင်သောက ကင်းပြီး အေးချမ်းတဲ့ ဘဝလေးပါဘဲ မယ်ပြည့်ရေ
မယ်စုရေ မစ်တယ်နော်မမ
BP ရယ် ညည်းတစ်နေ့တာက
ပင်ပန်းချက် ချစ်သူနဲ့ စိတ်ကောက်တာရော
ဟားး အူးထွေးရေ အားကျနေလားရှင့်
ထင်ပါတယ်စွာမယ့်ရုပ် မယ်ပြည့်ကပဲဖြစ်နေတာမှတ်လားရန်က။ပြေးပီ ၀ှစ်ဝှစ်။မလိုက်လာနဲ့နော်။
ခ်ခ် နာ့အကိုတေနော် နာ့ဘက်ကဘဲပါရမယ်နော် ဟွင့်
စတီးမစ်က ဝင်ငွေရနေပြီဆိုတော့ အားကျမိတယ်
steem တွေတိုးတယ်လေ sbd ကို bot တယ်လေ
ဇိမ်ကျနေတာပေါ့ မပြည့်
ဇိမ်တော့ကျတယ်လို့ ဆိုရမယ်အကို ဒါမယ့်စာရေးဘို့ စဉ်းစားရတယ်လေ
တစ်နေ့တာလှုပ်ရှားမှုလေးတွေပေါ့နော် အစ်မ
ဟုတ်ကဲ့ရှင့် မန့် နဲ့ vote အတွက်ကျေးဇူးပါ
ကိုယ်ဒေ သာယာတယ်ဆိုတာ bပြည့်ကို မမှီဖူး ကြေကွဲဘီယေ ☺ ☺ ☺
ဟီးး ဘုန်းက တရားအားထုတ်တာကိုး
ကောင်းတယ် အဆင်ကို ပြေနေရော
အဟိ
ပျင်းချိန်တောင်မရဘူးပေါ့ 😁😁
ခေး. အတိုင်းပဲ ဟိဟိ😂😂😂😂