3years ago (2021)

in #myanmar9 months ago

ချစ်မိတ်ဆွေတို့

လွန်ခဲ့တဲ့ သုံးနှစ်
၂၀၂၁ ဇန်နဝါရီ ၃၁ရက်နေ့တုန်းက
ကျွန်တော်တို့ ခံစားချက်အချို့ကို
ပြန် မှတ်မိကြလား မေးပါရစေ

ထိုနေ့က ကျွန်တော့အတွက်တော့
သာမန်နေ့တွေလိုပါပဲ
အလုပ်တွေလုပ်တယ်
ညနေဖက်ကို သူငယ်ချင်းနဲ့
ပျော်ပျော်ပါးပါး ကော်ဖီဆိုင်တောင်
ထိုင်လိုက်သေးရဲ့
(မနက်ဖြန်ကို ဘာဖြစ်မယ် မသိခဲ့ပဲပေါ့)

အမှတ်တရအဖြစ်နဲ့တောင်
ဒီပို့စ်ကို ဖေ့ဘွတ်မှာ သူငယ်ချင်းက ရေးတင်ခဲ့သေးတယ်လေ

ကိုဗစ်ကို ကျားကန်ပြီး အသက်ဆက်ခဲ့ရာကနေ
ထိန်းနိုင်လို့ ငါတို့နိုင်ငံ နလန်ထူပြီဟလို့
ဝမ်းသာဆိုရုံလေး ရှိခဲ့တာကို

ဒါနဲ့ ၂၅-၁-၂၀၂၄ မှတ်မှတ်ရရ
ကြာသပတေး (ပြာသိုလပြည့်နေ့)မှာ
ရွှေဘုန်းပွင့် ဘုရား အောင်မြေမှာ
တောင်ကြီးမြို့ကြီး အေးချမ်းဖို့
မေတ္တာပြု ဆုတောင်း သွားလုပ်ခဲ့တယ်

ရွှေဘုန်းပွင့် ဘုရားရဲ့ သိမ်ဘေးက
ချယ်ရီပန်းတွေကလည်း သိပ်ကို လှိုင်ပြီး
လှနေတော့ မိန်းကလေးပီပီ ဓါတ်ပုံရိုက်ခဲ့ကြတာပေါ့

ရွှေဘုန်းပွင့် ဘုရားရဲ့ သိမ်က
အခါတိုင်း မှန်တံခါးဖွင့်ထားပေမယ့်
ထိုနေ့က တံခါးပိတ်ထားတယ်
အတွင်းမှာ ရွှေဖယောင်းတိုင် တစ်ချောင်း ပူဇော်နေတာလည်း
တွေ့ခဲ့ရတယ်

ပြီးနောက် နေ့တဓူဝကိစ္စတွေနဲ့
မေ့မေ့ပျောက်ပျောက် ထိုနေ့ကို ကုန်ဆုံးခဲ့ပါတယ်

ဒါပေမယ့် အိပ်မက်တစ်ခုကတော့
ထူးထူးဆန်းဆန်းပါပဲ မြင်မက်ခဲ့တယ်

ကြာသပတေးသားတစ်ဉီးကို
အိပ်မက်ထဲ ထူးဆန်းစွာ မက်ခဲ့တယ်
ဟိုတယ်အခန်းအမှတ် ၄၀၉ မှာ
သူ့ကိုမြင်တော့
သမီး အဘကို ဘာပြောချင်လဲတဲ့

ကျွန်တော် တစ်ခွန်းပဲ ပြောခဲ့ပါတယ်

မေတ္တာ ထားပေးပါလို့ပဲ ပြောချင်တယ်တဲ့

အိပ်မက်ဟာ အခုထိတိုင်
ပြတ်သားထင်ရှားဆဲ ....

အပြင်မှာများ တွေ့ခဲ့ရရင်လည်း
ဒီအတိုင်းပဲ ကျွန်တော် ပြောမိမယ်ဆိုတာ

31th Jan 2024

Sort:  

အဲ့ညက
လေးဖြူ အငဲရဲ့ 360 online liveshow ကြည့်နေတာ။ server error ပေါင်း သောင်းခြောက်ထောင်နဲ့ ကြည့်ရတာက အဆင်မပြေ။ နက်ဖြန်ကြ သွားဖြဲမယ်ဆိုပြီး အိပ်။ မနက်ရောက်တော့ တနိုင်ငံလုံး အဖြဲခံ လိုက်ရရော။

!pizza
!lolz

A priest was arrested at a church
He was convicted for mass murder.

Credit: reddit
@phyoethet137, I sent you an $LOLZ on behalf of donjaun

(1/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP

Congratulations @phyoethet137! You received a personal badge!

You powered-up at least 10 HIVE on Hive Power Up Day!
Wait until the end of Power Up Day to find out the size of your Power-Bee.
May the Hive Power be with you!

You can view your badges on your board and compare yourself to others in the Ranking

Check out our last posts:

Hive Power Up Month Challenge - January 2024 Winners List
Be ready for the February edition of the Hive Power Up Month!
Hive Power Up Day - February 1st 2024

ကုန်လွန်ခဲ့သော သုံးနှစ်က အချိန်တွေကို ပြန်မလိုချင်တော့ဘူး။
ငါတို့ပြည်သူတွေ အောင်ပွဲခံကြတော့မယ်လေ။

Congratulations @phyoethet137! You received a personal badge!

You powered-up at least 50 HP on Hive Power Up Day! This entitles you to a level 2 badge
Participate in the next Power Up Day and try to power-up more HIVE to get a bigger Power-Bee.
May the Hive Power be with you!

You can view your badges on your board and compare yourself to others in the Ranking

Check out our last posts:

Hive Power Up Month Challenge - January 2024 Winners List
Be ready for the February edition of the Hive Power Up Month!
Hive Power Up Day - February 1st 2024

ပြီခဲ့တာ ကန့်လန့်ချလို့ ဘဝသစ်လေးပြန်စဖို့
အောင်ပွဲကို မျှော်ကာ
အတော်အားမွေးနေရပါတယ်လေ။