ကြာပေါ့

in #myanmar7 years ago (edited)

ပစ်ချခဲ့ပြီးတဲ့ ဝန်ထုပ် ဝန်ပိုးကြီးတစ်ခုကြောင့်
စွပ်စွဲခံရမှုက ကြိမ်ကြိမ်မပြီးနိုင်သေး
တခါ ပြောခံလိုက်ရတိုင်း ရင်ထဲ
ဆတ်ဆတ်ထိ မခံနိုင်ခဲ့ဘူး

ဒေါသ နဲ့ ဝမ်းနည်းခြင်း
ရောယှက်နေတုန်းဘဲ့
လွှတ်ချခဲ့ပြီးပြီ
ဥပေက္ခာတွေ ပြုခဲ့ပြီးပြီ

အဲဒါက အမှားမဟုတ်ဘဲ
အမှားကြီးတစ်ခုလို
အပြောခံနေရတုန်း

သတိရခြင်းတွေလည်း
မှိတ်သုဉ် ပျောက်ပျက်ခဲ့တာ
ကြာပေါ့

ကိုယ့်အတွက် သူဟာ
ဘာမှ မဟုတ်တော့တာလဲ ကြာပေါ့
သူ့အတွက်လည်း ကိုယ်ဟာ ဘာမှ မဟုတ်တော့ဘူး

တန်ဖိုးမဲ့တဲ့ သူ့တစ်ယောက်အတွက်နဲ့
ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့
အချိန်တွေ အဆုံးရှုံးမခံနိုင်တော့ဘူး

ကိုယ်တစ်ခါ ခံလိုက်ရတိုင်း
ဝဋ်ကြွေးတစ်ခု ဆပ်ပြီးသားလို့
ခံယူထားတာမို့
ကိုယ့်ဝဋ်ကြွေးတွေလည်း
ဆပ်လို့ပြီးတာကြာပေါ့. . .

ကိုယ်ပို့သထားတဲ့
မေတ္တာတွေလည်း
သူ့ဆီ စူးနေတာ
ကြာပေါ့

ကိုယ့်သွေးသားတွေရဲ့
တာဝန်ဝတ္တရားတွေနဲ့
ပြည့်နှက်နေတဲ့
ကိုယ့်ဘဝထဲမှာ
တစ်ပါးသူ သားသမီးအတွက်
နေရာနဲ့ အချိန် မရှိတော့တာ ကြာပေါ့

Author-pannthiri
myanmar steemit
image

Sort:  

You have received an upvote from @nicestbot. I am an automated curation bot trying to make minnows happy.

Thank you pannthiri for making a transfer to me for an upvote of 2.68% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

ခံစားချက်တွေ ဝတ္ထုတစ်ပုဒ် ရေးလို့ရလောက်တယ်

ရေးချင်တယ် ရေးဖို့မတတ်ဖြစ်နေတယ်