Think about you....my lovely

in #myanmar7 years ago (edited)

ကျနော်စိတ်လောပြီးတင်လိုက်မိတဲ့ post လေးက တကယ်တော့ pro နေ့အတွက်ရေးထားတာပါ။ တရက်စောသွားလို့ ဒီနေ့တော့ကျနော် နည်းနည်းနောက်ကျမှတင်လိုက်နိုင်ပါတယ်ခဗျာ။

ဘာရေးရမလဲစဉ်းစားရင်း ကျနော်သိတဲ့သူတစ်ယောက်ကိုတမ်းတမ်းတတ သတိရမိသွားတယ်။ မဆုံတဲ့ဖူးစာပေါ့ဗျာ။ ကျနော်နဲ့ရေစက်ပါလို့ချစ်ခဲ့ရပေမယ့် ဖူးစာမပါလို့ လက်တွဲခွင့်မရခဲ့တဲ့ သူပါ။
သူက စာရေးတာပါရမီကိုပါပါတယ်။ အောင်လဲအောင်မြင်တယ်။လူချစ်လူခင်ပေါအောင်လည်းနေတတ်တယ်။ သူ စိတ်လိုလက်ရရှိလို့သီချင်းဆိုပြတဲ့အချိန်ဆို ကျနော့်အတွက်အဓိပ္ပါယ်ပြည့်ဝတဲ့နေ့ရက်လေးတွေပါပဲ။

Heart_Hands-wallpaper-10613153.jpg

အနုပညာဆိုတာ သူ့ရဲ့ဝါသနာဆိုလဲဟုတ်တယ်။ တစ်ဖက်တစ်လမ်းက အသက်မွေးဝမ်းကြောင်းဆိုလဲဟုတ်တယ်ဗျ။ သူသာ ဒီလို steemit မှာလာပြီးစာတွေရေးနေမယ်ဆို တကယ်ကိုအောင်မြင်လာမှာပါ။ အများအကျိုးပြုစာပေတွေ ကဗျာတွေ story တွေအများကြိးပိုပြီးဖန်တီးနိုင်မှာ။ own creator တွေကို welcome လုပ်တဲ့ steemit အတွက်လည်းတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်လာမှာမလွဲပါဖူး။
ကျနော်ကတနေ့တနေ့ အလုပ်တွေနဲ့ပဲအချိန်ကုန်တယ်။ သူကတနေ့တနေ့ စာရေးလိုက် သီချင်းဆိုလိုက် သူငယ်ချင်းတွေနဲ့လျှောက်သွားလိုက် အလုပ်ကလည်းတစ်ဖက်လုပ်လိုက်သေးတယ်။ တကယ်ဆို ကျနော့ထက်ငယ်တယ်ဆိုပေမယ့် အချိန်ကိုစီမံခန့်ခွဲတာမှာ သူကပိုတော်တယ်ဗျ။ တခါတခါတဇွတ်ထိုးလုပ်တတ်တာလေးပဲဆိုးတာ။
ဒီလိုတဇွတ်ထိုးလုပ်တတ်တာတွေကြောင့်ပဲကျနော်တို့ကြားဖြတ်မရတော့တဲ့ တံတိုင်းတွေခြားသွားခဲ့တာ…………
ဒီလိုပါပဲ။ ကျနော့်အတွေးတော်တော်များများက ဘယ်ကစစ သူ့ဆီမှာအဆုံးသတ်တာများတယ်။
အဆုံးသတ်တိုင်းကလည်း အရင်လိုမလှပတော့ပါဖူး။
ဒါပေမယ့်လည်း သတိရနေဆဲပါပဲ။တကယ်တော့ မေ့ပြစ်ဖို့ကြိုးစားရတာကိုကပိုခက်ခဲနေတာပါ။
ငြိမ်းချမ်းစေကြောင်း ဘုရားမှာဆုတောင်းရတာလည်းအခါခါပါပဲ။
ချစ်ခဲ့ဖူးတဲ့ချစ်သူတွေက အခြေအနေအရပ်ရပ်ကြောင့်ဘာမှမသက်ဆိုင်သလိုနေနေရပေမယ့် တကယ်တော့လည်းစက်ရုပ်တွေမှမဟုတ်ပဲဗျာ။

ကျနော် အချစ်ဦးဇာတ်လမ်းလေးကိုဆက်ရေးမလို့ပါပဲ။ ဒါပေမယ့် အေးအေးဆေးဆေးအချိန်လေးပေးပြီးရေးချင်တဲ့ story လေးမို့ နောက်တစ်ခေါက်မှတင်ပါတော့မယ်ခဗျာ။
အခွင့်သင့်ရင်တော့ သူဒီမှာစာရေးနိုင်အောင်လို့ ကျနော်ကြိုးစားကြည့်ပါဦးမယ်။
MSC အဖွဲ့သားများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။။ ။

@paingphyothu
MSC-201

BeautyPlus_20180111214038_save.jpg

Sort:  

အားပေးခဲ့ပါတယ်နော်။
သူလည်းဒီမှာ စာတွေရေးပြီး အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်ခဗျာ။

This post has received a 0.47 % upvote from @drotto thanks to: @paingphyothu.

အချိန်ပေးပြီးရေးပါ မျှော်နေပါတယ်ဗျာ plz v and c me back @mgtoetat

ဟုတ်ကဲ့ပါဗျ။ ကျေးဇူးပါ bro ရေ။

အားပေးခဲ့ပါတယ်။

ကျေးဇူးပါခဗျာ

အား​ပေးခဲ့ပါတယ်​ :-)

thank you ပါဗျာ

You got a 1.75% upvote from @nado.bot courtesy of @paingphyothu!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

Fighting together

sure. thanks sis.

အားပေးနေပါတယ်

thank you bro

ကြိုးစာ​ရေးပါ ဘဒို

ဟုတ်ကဲ့ပါခဗျာ

အားပေးနေပါတယ်ဗျာ အမြတ်သာခေါလိုက်ပါ

ဟုတ်ကဲ့ပါဗျာ :')

ဆက်​​ရေးပါရှင်​အား​ပေး​နေပါတယ်

ကျေးဇူးပါဗျာ မအိ

ရေးစရာတွေ အများကြီးပါညီ။ ကြိုးစားအားထုတ်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်။

အားနာနာနဲ့ပြောရအုန်းမယ် အခုပိုစ် စာအရမ်းနည်းတယ်။

ဝေဖန်အားပေးတာ ကျေးဇူးပါဗျာ konyi

ဆက်ကြိုးစားပါညီ

ဟုတ်ကဲ့ ပါ bro kokyawhlaing

ကြိုးစား​ပေါ့ဗျာ။နှစ်​​ယောက်​​ရေး​တော့ပိုရတာ​ပေါ့။

သူ့နေရာနဲ့သူ အံဝင်ခွင်ကျလေးဖြစ်စေချင်တာပါဗျာ