ူငယ်ငယ်တုန်းက အမှတ်တရလေးပြန်သတိရမိတယ် ။ လွန်ခဲ့တဲ့ဆယ်စုနှစ်က အဖြစ်လေးတွေပေါ့ ။
ခုလိုအချိန်ဆယ်တန်းဖြေပြီးစ စာမေးပွဲဖြေပြီးတော့ အိမ်ကိုတန်းမပြန်ဘဲ မြစ်ဆိပ်ဘက်ကို သူငယ်ချင်းတစု စက်ဘီးတွေနဲ့ ရေးသွားကြတာလေး ခုထိမှတ်မိနေတုန်းပါဘဲ ။
အိမ်ကရော ဆရာမတွေကပါ စာမေးမွဲဖြေပြီးအိမ်ကိုတန်းပြန်ကျ လျှောက်မလည်နဲ့ ရန်ဖြစ်တတ်တယ်လို့  အတန်တန်မှာတဲ့ စကားတွေဟာ အဲ့ဒီချိန်ခါတုန်းက ကျနော်တို့ ကို လည်ဖို့တွန်းအားပေးနေသလိုပါဘဲ ။ မလုပ်နဲ့ မသွားနဲ့ဆိုတဲ့နေရာတွေ အရာတွေဆို လုပ်ချင်မိတဲ့ လူငယ်အများစုရဲ့ သဘာဝကိုးဗျ ။
မြစ်ဆိပ်ကိုရောက်တော့ သူငယ်ချင်းတအုပ် စက်ဘီတွေမြစ်ဆိပ်ဘေးရပ်ကြပြီး အကျီ င်္တွေ ပုဆိုးတွေချွတ်ကြပြီး အသင့်ဝတ်လာတဲ့ဘောင်းဘီအတိုနဲ့ မြစ်ထဲတဝုန်းဝုန်းဆင်း ရေကူးခဲ့ရတာ ခုတွေးမိလည်း ပျော်နေရီနေရတုန်းပါဘဲ ။
ပိုသတိရမိပြီး တွေးတိုင်းရီရတာကတော့ ကျနော်တို့ရေဆင်းကူးနေတုန်း သူငယ်ချင်းတယောက်ရဲ့စက်ဘီးက သော့မခတ်ထားလေတော့ သူခိုးက ခိုးစီးသွားတာ ။ သူခိုးစီးသွားတဲ့စက်ပေါ်မှာက ကျနော်တို့ အုပ်စုဝိုင်းချွတ်ထားကြတဲ့ ပုဆိုးနဲ့အကျီ င်္တချို့ တင်ထားတော့ အဲ့တာတွေပါ ပစ်မချထားဘဲ သူခိုးက စက်ဘီးကိုစီးသွားလေတော့ ကျနော်တို့ တတွေ အတော်လေး ဒုက္ခရောက်ကုန်ကြတာပေါ့ ။
ဘေးဘီကို ပုဆိုးတောင်းဘို့ ကလဲ ကျနော်တို့ မတောင်းရဲ အိမ်ပြန်ဘို့ ကလဲ အောက်ခံဘောင်းဘီအတိုနဲ့ဆိုတော့မဖြစ်နိုင် ။ ကျနော်တို့ ၅ဦး ရေထဲ ညနေမိုးချုပ်မှောင်တဲ့အထိ မတက်ဖဲစိမ်နေခဲ့ရတာပေါ့ ။ အိမ်ရောက်လို့ အရိုက်ခံရမှာထက် ကျနော်တို့ ဘောင်းဘီတိုနဲ့အိမ်ပြန်မယ့် လမ်းတလျှောက်ကို တွေးပီး သူငယ်ချင်းတွေ ရေထဲစိမ်ရင်း တဟားဟား ပြောရီကြပြီး မှောင်တဲ့အချိန်ကိုစောင့်နေလိုက်ကြတာပါ ။
မှောင်လဲမှောင်လာရော မြစ်ထဲရေစိမ်တာရပ်ပြီးကမ်းပေါ်တက် ဟိုဟိုဒီဒီကြည့်ပြီး ကိုယ့်စက်ဘီး ကိုယ်တန်းနေအောင် စီးပြီး အိမ်ကို အလုအယက်အပြိုင် စက်ဘီးတွေနင်းပြီး ပြန်ခဲ့ရတယ် ။ အခုချိန်ထိ တွေးတိုင်းရီနေရတဲ့ မှတ်တရအဖြစ်အပျက်လေးပေါ့ ။
photo credit # facebook
သူငယ်ချင်းတွေနဲ့ဆိုတော့ အတော်ပျော်ဖို့ကောင်းမှာပဲ
အမှန်ပေါ့ဗျာ
click here.Congratulations @paingheinkyaw, this post is the eighth most rewarded post (based on pending payouts) in the last 12 hours written by a Dust account holder (accounts that hold between 0 and 0.01 Mega Vests). The total number of posts by Dust account holders during this period was 13320 and the total pending payments to posts in this category was $1561.43. To see the full list of highest paid posts across all accounts categories,
If you do not wish to receive these messages in future, please reply stop to this comment.