Sort:  

ခုခေတ် ဈေးနှုန်းနဲ့  စာမှုခတွေ အရ နည်းတာနဲ ဆိုရင် အဆင်မပြေလောက်တော့ဘူး ကိုရွှေရေ

ဟုတ်တယ် ညီရေ ခေတ်အဆက်ဆက် စာရေးဆရာများဟာ သူတို့ရေးလိုက်တဲ့ စာကနေ ထွက်ကျလာတဲ့ ပီတိကိုပဲ စားပြီး အားရှိနေကြတာပါ။ အခုလိုသာ စတီးမစ် ပလက်ဖောင်းလွန်ခဲ့တဲ့ ၁၀နှစ်လောက်က ပေါ်ထွက်လာခဲ့ရင် သိပ်ကောင်းမှာပဲ ။

လေးစားပါတယ်ဗျာ....အဲ့လို တလ ငါးပုဒ်ကရတဲ့ အသပြာထက် စာရေးလို့ ရတဲ့ပီတိက ပိုချိုမြိန်မှာပါ...

ဟုတ်တယ်ညီရေ စာရေးဆရာဆိုတာ ပီတိကိုစားပီး အားရှိနေကြသူတွေပါ။ သူ့ခေတ်နဲ့ သူ့အခါ တလ ၅ပုဒ်ဆိုတာ အတော် ရတယ်ပြောရမယ် ညီရ ။

တစ်​လအပုဒ်​၁၀၀​လောက်​​ရေးမှကိုက်​မယ်​ထင်​တယ်​​နော်​။ခု​ခေတ်​ကုန်​​ဈေးနှူန်းနဲ့ဆိုရင်​​လေ။

ခုခေတ် ကုန်ဈေးနှုန်းနဲ့တော့ မလွယ်ပါဘူး ညီမရေ။ စာရေးဆရာတစ်ယောက်ရဲ့ ရှေးက တကယ်ဖြစ်ခဲ့တဲ့ ပုံရိပ်လေး အများသိစေချင်လို့ ပုံဖော်ပြထားခြင်းပါ။

တစ်လ ၅ ပုဒ်ဆိုတော့ ၁၅၀၀၀၀ ပေါ့နော်အစ်ကို ဖတ်ရတာအရမ်းကောင်းပါတယ်ဗျ

တလ၅ပုဒ် အဲခေတ်က ၁၅၀၀၀ ကျပ်ပါ
သူ့ခေတ်နဲ့ သူ့ခါ အတော်များတဲ့ငွေပါဗျ။ စာရေးဆရာတို့ဘဝ အခက်အခဲ မပြည့်စုံမှုတွေအများသား။
အားပေးလာတာ ကျေးဇူးပါ။

ဝါသနာအရင်းခံနဲ့ စာ​ပေ​ရေးသာ​နေကြတဲ့လူ​တွေတကယ်​​လေးစားစရာ​ကောင်းတယ်​ဗျာ
နည်းပါးလွန်းတဲ့စာမူခ​လေး​တွေနဲ့တင်းတိမ်​​ရောင့်​ရဲနိုင်​တာလည်းအားကျစရာပါ
တကယ်​​ကောင်းမွန်​တဲ့ ပို့​လေးပါ ဆရာညီ

ဟုတ်တယ်ကိုအောင်ကြီးရေ ရှေးက စာရေးဆရာကြီးများထဲမှာမှ မထင်မရှားဆရာတွေ အများကြီး အဲဒီ ဆရာကြီးတွေနေရာက ခံစားရေးကြည့်လိုက်တာ။

၁၉၈၀ - ၁၉၉၀ ဝန်းကျင်က စာတွေ တအား ဖတ်ကြတာပေါ့ .. စာအုပ်အငှားဆိုင်တွေ မှိုလိုပေါက်လို့ စီးပွာဖြစ်ကြတာပေါ့ .. မဂ္ဂဇင်းတွေ ဂျာနယ်တွေ .. ကာတွန်းတွေ ဝတ္ထုစာအုပ်တွေ .. အသစ်ဆို ငှားလို့တောင်မရဘူး .. အလုအယက်ဘဲ .. ညနေ ထမင်းစားပြီးရင် သူသူငါငါ စာအုပ်ဆိုင် နေ့တိုင်းသွားကြတာ ယဉ်ကျေးမှု တစ်ခု ဖြစ်ခဲ့ဖူးတယ်လေ .. ဖုန်းလည်းပေါ်လာရော .. စာအုပ်ဆိုင်တွေလည်းပြုတ်ရော .. FB ဖက် အာရုံပြောင်းသွားကြရော

ဟုတ်တယ်အမရေ 1980/90 ခုနှစ်တွေမှာ စာအုပ်စာပေဖတ်ကြတာ စာအုပ်အငှားဆိုင်တွေပေါများတာ တကယ်ပါပဲ .ကျွန်တော်တို့ဆို လူငယ်ရှိသေးတာ အဲတုန်းက စာအုပ်ဆိုင်ဆို တန်းစီစောင့်ရတယ်။

ဒီထက်​မကပို​ရေးနိုင်​ ပို​အောင်​မြင်​ပါ​စေ ကိုချမ်းသာ​ရေ

ကိုချမ်းသာတစ်ယောက် ရေးရတာ အားရှိသွားပီပေါ့။

တစ်နေ့နှစ်ပုဒ်ကွီးရွှေ။တစ်လအပုဒ်ခြောက်ဆယ်။အာ့ဆိုမဆိုးဘူးနော်။

ပုံမှန်တော့ ရေးမထုတ်နိုင်သေးပါဘူးလေ။ ပျမ်းမျချရင် တရက် ၁ ပုဒ်တော့ ရနေပါပီ။

meep

Hey meep

What do you know..
This type language..

meep

Ohhh..
Glad you like it

Meep

thanks you meep.

ကျ​တော်​တို့နိုင်​ငံကလူ​တွေစာဖတ်​နဲကျေတ့ာ စာ​ရေးသူ​​တွေဘဝက ဒီလိုပါပဲဆရာ

ဟုတ်တာပေါ့ဗျာ နိုင်ငံအလိုက် စာဖတ်သူစာရင်းပြုစုရင် အကိုတို့ နိုင်ငံက ဟိုးနောက်ပိတ်ချေးမှာလေ။ အာ့ကြောင့်လဲ တိုးတက်မှု တွေ နောက်ကျကျန်နေခဲ့ရတော့တာပေါ့။

တစ်လကို ငါးပုဒ် များတယ်။

အယ်လေ ဒိထက်လျော့ရင် စာရေးဆရာ ထမင်းငတ်တော့မယ် ။ ၅ ပုဒ်တော့ ထားလိုက်ပါကွာ ။

စာပေဟောပြောပွဲတွေလိုက်ရင် ဆိုးပါဘူး ကိုချမ်းသာရယ်

စာပေဟောပြောပွဲ တက်ဖို့ တိုက်ပုံ ငှားပေးဦး ကိုစိုးရ ။
နောက်ပီး လမ်းစရိတ်လေးပါ ဒကာခံဗျာ။
မနက်စာတော့ အဆင်ပြေသလို ကြည့်စားလိုက်မယ် နေ့ခင်းစာတော့ ဟောပြောပွဲက ကျွေးတာစားရမှာပဲ။
သွားရင်းလာရင်း အလှူလေး စတုဒိသာလေးတွေ့ရင်ကောင်းမှာပဲလေ။

ပွဲစီစဉ်မှ လေယာဉ်စရိတ်ခံတယ် တိုက်ပုံကတော့ ငှားပေးရမှာပေါ့

အိုး လေယာဉ်ကြီးစီးရမာလား မောင်ချမ်းသာ ဘဝ ဆိုက္ကားတောင် နပ်မမှန်။ ရင်ခုန်ရပါဘိ။
အားခဲပီး ပွဲစီစဉ်သူနဲ့ ညှိအုန်းမှပါလေ ။

အောင်မြင်ပါစေ ကိုချမ်းသာရေ :)

အောင်မြင်နေပီပဲ ကိုနန်းထိုက်ရေ။ တလ စာမူ၅ ပုဒ် ။ဘ ယ်စာရေးဆရာ ရေးနိုင်လဲ ဟဲဟဲ ။ လောဘမကြီးပါဘူးလေ ဘဝခါးခါးလေးမှာ တစ်ခါတစ်လေ သကြားချိုချိုလေးပေါက်ပီး ချိုပြစ်ခါးလေးတော့ သောက်ချင်တာပေါ့လေ။
တစ်နေ့တော့ ချမ်းသာ တစ်ကယ် ချမ်းသာလာတော့မှာပါ။

အ​ရေးအသား​တွေ အတုယူ​နေပါတယ်​ဗျာ...😁😁

လာရောက်အားပေးတာကို ဝမ်းသာနေပါတယ်ဗျ။ နောက်လဲ လာလည်ပါဗျ။ စာလေးတွေဖတ်လို့ ကျေနပ်အားရရင် မိတ်ဆွေတွေကိုပြောပီးလက်ဆင့်ကမ်းပေးပါဗျ။
ကျနော့ဘလော့လေးလူစည်နေရင် ပျော်နေသူပါဗျ။

အားပေးနေပါတယ်👍

ဟုတ်ကဲ့ဗျာ အားလာပေးတာနဲ့ပဲ ကျေနပ်နေသူပါ။

တလ စာမူ ၅ ပုဒ်ရေးရတယ်ဆိုတော့ကား
ဆီနှင့်ဆန်နှင့် ပြည့်စုံ နေချေတော့မည် တကား ဟိ

ဟုတဟ်လေ အယ်ဒီတာ မသိလိုက်တာက စာမူ၅ပုဒ်ကို စတီးမစ်မှာ အရင်တင်ထားပီးပီလေ။ ဟိဟိ အက်ဘီဒီလေးတွေနဲ့ ဆန်ဆီဆား ဝယ်နိုင်ပါပီလေ ။

ကျွန်တော်လည်း အတွေးအမြင်မှာရေးဖူးတယ်။ တစ်လ တစ်ခါတစ်လေ နှစ်လတစ်ပုဒ်လောက် စာမူခက ၃၀၀၀ ပဲ ၊ဝါသနာကြောင့်ရေးခဲ့တာလေ။

ဟုတ်တယ် အကိုရေ ရှေးတုန်းက စာရေးရတာလေး ပြန်သတိရလို့ နောက်လူတွေ သိအောင် အမှတ်တရ လေး ပုံဖော်ထားတာ ။

ဆရာညီ အခုခေတ်ကုန်ဈေးနှုန်းနဲ့ လက်နဲ့ ဦးနှောက်ကို မော်တာ တက်ထားမှ အဆင်ပြေမယ်ထင်တယ်။

ခုခေတ်ကုန်ဈေးနှုန်းကတော့ မော်တာတပ်ရေးတာတောင်မလွယ်ပါဘူးကွာ အကိုရေးထားတဲ့ ဆောင်းပါးက လွန်ခဲ့တဲ့ ၁၅နှစ်လောက်က တကယ့်ဖြစ်ရပ်မှန် ပုံရိပ်လေးတစ်ခုပါ။ ခုခေတ်နဲ့ နှိုင်းယှဉ်ကြည့်ပေါ့ညီရေ အရင်က စာရေးသူတွေဘဝ ဘယ်လောက် သနားစရာကောင်းလဲဆိုတာ။

အုံး​နှောက်​​တွေ အရည်​​ပျော်​ ကုန်​လိမ့်​မယ်​​နော့

ပျော်ပါဘူးကွယ် ဦးဏှောက်ဆိုတာ ကုန်ခမ်းသွားတာမှ မဟုတ်တာ။ ရေးရေး ကြိုက်သလောက်ရေး ပိုပိုတောင် ထက်လာသေးတယ်နော်။

ကိုရွှေ တစ်လဘယ်နှအုပ်ရေးမလို့လဲဗျ ကျနော်တာ့ ၅ပုဒ်တောင်အနိုင်နုင်ရေးရတယ်

ဘယ်လောက်ရယ် သတ်မှတ်မထားဘူး စိတ်ကူးပေါက်ရင် ထွက်သလောက်ရေးမယ်။ တလ ၁၀ ပုဒ် ၁၅ ပုဒ် ထွက်အောင်ရေးမယ်လေ။
ရေးရတာ မခက်ဘူး စဉ်းစားရတာခက်တာ :)

ချမ်းသာတို့နာမည်​စီးပီ

ဟုတ်တယ် ဟုတ်တယ် ချမ်းသာန်ာမည် စန်းထလာပီ ။

OMG .စာအရေးအသားလေးကောင်းလိုက်တာဆရာရေ လေးစားပါတယ်ဗျာ

အားပေးမှု ကရလာတဲ့ ပီတိလေးတွေ စားရင်း အားရှိနေသူပါဗျာ။
လာရောက်ဖတ်ရှု အားပေးတာကို ကျေးဇူးတင်လျက်ပါ။

စာရေးသားကောင်းသူတစ်ယောက်ပါ
လေးစားပါတယ်ခင်ဗျာ

ဟုတ်ကဲ့ ဗျာ စာအရေး အကောင်းကြီးတော့ မဟုတ်သေးပါဘူး ကြိုးစားလျက်ပါ။
လာရောက်အားပေးသူတို့ထံမှ အားပေးမှုကို တောင့်တနေသူပါဗျာ။

ကိုညီတို့ကို အားကျတယ်ဗျာ
ကျွန်တော်လည်း Typing ကျင့်ပြီး ရသစာတွေ ရေးဦးမှပဲ။

ရေးပါ ကိုဘီလျံနာရေ နောက်ကျတယ်မရှိပါဘူး။ ဇွဲလုံ့လ ဝီရိယသာ ရှေ့တန်းတင်ပါဗျ။ ရသ နဲ့ သရုပ်ဖော်က ကျနော်အကြိုက်ဆုံး စာပေတွေပါဗျာ။ အားလာပေးတာ Thanks u.

တစ်လ၅ပုဒ်သေချာလေးရေးနိုင်တာ တော်လှပါပြီအစ်ကိုရေ

တော်လှပီ မဟုတ်သော်လည်း အားခဲပီးရေးရတာပေါ့ဗျာ။
တစ်လနဲ့ တစ်လ ရေးစရာကလည်း ရှားလာပီကိုး ဖြစ်ညှစ်ရေးနေရတာပါ။

အ​ရေးအသား​ကောင်းတယ်​ဗျာအားကျပါတယ်

ကောင်းတယ်လို့ အားပေးတာနဲ့ တင် ရေးရတာ ကျေနပ်ပါပီလေ။
အရေးအသားကတော့ ကြိုးစားနေလျက်ပါ။

ကွီးရွှေရေးထားတာလေး စိတ်ထဲ မကောင်းဘူး ဝမ်ူနည်းတာ ပျော်စရာလေးတွေ ရေးပါအူး😕

ပျော်စရာလေးတွေရေးမှာပါ။
ရသစုံအောင်တော့ ရေးနေမိတာပေါ့ ညီမရေ။

အရေးသားကောင်းတွေဖတ်ရလို့ကျေးဇူးပါ

ဟုတ်ကဲ့ဗျာ အကောင်းကြီးမဟုတ်သေးပေမယ့် အကောင်းဆုံးတော့ ကြ်ုးစားရေးထားခြင်းပါ။
အားပေးမှုကိုလည်းကျေးဇူးပါဗျ။

good တယ်

အားပေးတာ ကျေးဇူး ကိုကျော်လှိုင်ရေ။

စာတစ်ပုဒ် ၃၀၀၀ ထောင်ဆိုသော်လည်း သူ့ခေတ်သူ့ခါနဲ့ဆို အတော် တန်းဖိုရှိမယ်ထင်ပါတယ် ဦးချမ်းသာ ရေ ဦးချမ်း ရဲ့စစ်မြေပြင်ကို လေ့လာစောင့်စာပါ့မယ်ဗျ

ဟုတ်တာပေါ့ညီရေ ။ အရင်ခေတ်တွေက စာရေးသူတို့ စာမူခဟာ အင်မတန် နဲပါးပါတယ်။ သို့ပေမယ့် သူတို့ ရေးခဲ့လို့ အကိုတို့ ဖတ်နေရတာဆိုတော့ တန်ဘိုးဖြတ်မရပါဘူးညီရေ။

တစ်ခါက စာရေးစရာ ဘဝလေးလားဗျာ

ဟီး ကျနော်ကိုယ်တိုင်တော့ဟုတ်ပါဘူး အနီးစပ်ဆုံးလူတစ်ယောက်ကို ကြည့်ပီး ခံစားရတာလေး ရေးတာပါ။ တခေတ်တခါက စာရေးဆရာတစ်ယောက်အကြောင်းပေါ့ဗျာ။

စစချင်း အာစရိပုံကြီး မြင်မိရာဝယ်.........

အဲ ဘယ်လိုများ ခံစားလိုက်ရလဲဗျာ ရုပ်ဆိုးနေရင်လဲ လာရောက်အားပေးသူများ စိတ်ချမ်းသာဘို့ profile ပုံလေး ပြောင်းဆို ပြောင်းပေးပါါ့မယ်။

စာအရေးအသားကောင်းတယ်။

ဟုတ်ကဲ့ဗျာ အားပေးမှုကို ကျေးဇူးပါ။ အရမ်းအားရှိကျေနပ်မိပါတယ်။။

စာ​ရေးဆရာစစ်​စစ်​​တွေရဲ့ ဘဝက
အဲ့ထက်​ပိုကြမ်းတဲ့ အရာ​တွေချည်းပဲ။

ဟုတ်တယ် ကိုရဲရေ ရှေ့က ဆရာတွေကို မျက်စိထည်း ပြန်မြင်ယောင်မိပီး သူတို့ကို လွမ်းလို့ အမှတ်တရ လေး ရေးမိသွားတာပါ။ စာရေးဆရာများရဲ့ ဘ၀လမ်းက ကြမ်းပါတယ်ဗျာ။ ကျွန်တော်တို့ စတီးမစ်သာ လွန်ခဲ့တဲ့ 10 နှစ်က ပေါ်ပေါက်ခဲ့ရင် သိပ်ကောင်းမှာပဲ။

အမှောင်တိုက်စာပေထုတ်လုပ်ရေးဆိုတော့ ရှဲလ် နဲ့ တွေ့ခဲ့တယ်ထင်ပါ့ ကွီးရွှေ

ဟဲဟုတ်ပါဘူး တင်စားပြီး သုံးနှုံန်းလိုက်တာပါ။

ဖတ်ရတာ အရသာရှိတယ်ဗျာ Good writting

ဟုတ်ကိုဝင်းကိုအားပေးတာကျေးဇူးဗျ။ ကြိုးစားပါအုန်းမယ်။

Good post ဖတ့်ကောင်း

ဟုတ်ဗျ ကောင်းတယ်ဆိုတဲ့အသံလေး ကြားရရင်ကို အာ့းရှိ တယ်။ လာရောက်အားပေးမှုကို ကျေးဇူးပါဗျာ့။

အားပေးနေပါတယ် bro ရေ

ဟုတ်ဗျ အားပေးနေတယ်ဆိုရင်ကို ၀မ်းသာလှပါပီဗျာ။

ဆရာရေ ကျွန်တော့အဖေဆိုရင်ခု ဖုန်ဘေတစ်ထောင်ရ နှစ်ထောင်ရ ဆုပေးနေတဲပြိုင်ပွဲတွေ ခုထိပြိုင်တုန်းဘဲဗျ

အော်ဗျာ ၀ါသနာကလဲ ပါသကိုး။ ရှေ့းလူကြီးတွေက အဲလိုပဲဗျ။ သူတို့စွဲမိစွဲရာ လုပ်ကြတယ်။ နားလည်မှုပေးပီး အားပေးလိုက်ပါလို့။

မျှ​ဝေ​ရေးသား​ပေးတာ ​ကျေးဇူးပါ
ဖတ်​လို့​ကောင်းပါတယ်
နောင်​လည်း အမြဲ​ရေးတင်​​ပေးပါအုံး​နော်​....။

ဟုတ်ကဲ့ပါဗျ။ တစ်ပုဒ်ပီးတစ်ပုဒ် ရသတစ်မျိုးစီ ပေးသွားဘို့ ကြိုးစားရေးနေပါတယ်။ လာရောက်အားပေးတာလဲ ၀မ်းသာပါတယ်ဗျ။

စာမူတွေများများရေးပြီး Steemit တင်ပါ ။

ဒါပေါ့ ဒါပေါ့ ရေးရမှာပေါ့ တင်ရမှာပေါ့ ။

Very cool ! Good writing sir !

အားရှိသွားပီ ဗျာ ။ good ဆိုတာလေးနဲ့တင် ကျနော် အားတက် ဝမ်းသာနေတာပါ။ လာရောက်အားပေးတာ ကျေးဇူးဗျ။

စာအရေးအသားအရမ်းကောင်းတဲ့ဦးညီရဲ့ဆောင်းပါးလေးတွေဖတ်ပြီး အတုယူနေရတာပါ Thanks ဦးညီ

ဟုတ်ကဲ့ တစ်စုံတစ်ခု ရရှိသွားကြမယ်ဆိုရင် ရေးရကျိုးနပ်ပါပီလေ။

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.