လူသားတို့နေထိုင်ရာ ဤကမ္ဘာမြေမှာ စုစည်းတည်ထောင်ထားသည့် နိုင်ငံပေါင်းများစွာ ရှိပေသည်။ နိုင်ငံအများအပြားမှလူမျိုးအထွေထွေ ဘာသာစကားအမျိုး
မျိုးရှိပေသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ လူမျိုးမတူသကဲ့သို့ သုံးနှုန်းပြောဆိုသော ဘာသာစကားလည်းကွဲပြား ခြားနားပေသည်။ ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း မြောက်များစွာ ရှိပေသည်။ ဥပမာ- အင်္ဂလန်နိုင်ငံ အင်္ဂလိပ်လူမျိုး အင်္ဂလိပ်ဘာသာစကားဆိုပြီး နိုင်ငံ လူမျိုး စာပေ ဟူ၍ ရှိပေသည်။ ထို့အတူ မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံ မြန်မာစာပေ ဗမာလူမျိုး ဗမာစကားဆိုပြီး ရှိပေသည်။ မြန်မာနိုင်ငံ အတွင်း မှာပင် ရှမ်း၊ မွန်၊ ချင်း စသည့်အခြားသော လူမျိုးများ ထိုလူမျိုးတို့၏ စာပေ ဘာသာစကားများသည်လည်း ကွဲပြားခြားနားပေသည်။
လူမျိုးများစွာက ဘာသာစကားပေါင်းမြောက်များစွာ သုံးနှုန်းပြောဆိုနေကြပေသည်။ ဘာသာစကားများ ကလည်း မတူညီကြပေ။ လူသားတို့သည် စားဝတ်နေရေး၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး စသည့် မဖြစ်မနေ ဆောင်ရွက်နေရသည့် ကိစ္စအဝဝတွင် လူအများနှင့် ပြုမူပြောဆိုဆက်ဆံနေကြသည်။ ပြောဆိုဆက်ဆံရာ
တွင်လည်း လုပ်ငန်းကိစ္စကိုလိုက်၍ ပုံစံအမျိုးမျိုး၊ အသုံးအနှုန်းအမျိုးမျိုးနှင့် ပြောဆိုဆက်ဆံ နေကြရသည်။
ရုံးလုပ်ငန်းတွင်လည်း ရာထူးအကြီးအငယ် အလျောက် မည်သို့မည်ပုံ ပြောဆိုနေရသည်၊ ပညာရေးတွင်လည်း ဆရာတပည့် မည်သို့မည်ပုံ ပြောဆိုနေကြသည် စသည်ဖြင့် အသက်အရွယ်၊ ရာထူးအကြီးအငယ်၊ ဂုဏ်အင်္ဂါ အလျောက် ပြောဆိုဆက်ဆံနေကြသည်။
လူမျိုးအမျိုးမျိုး၊ဘာသာစကားအမျိုးမျိုး ကွဲပြားခြားနားစေကာမူ စကားပြောဆိုရာတွင် အများသူငါ နှစ်သက်အောင် စကားပြောတတ်သူ (သို့) စကားပြောချိုသာသူ၊ အများသူငါ မနှစ်သက်သော စကားပြောဆိုသူ(သို့) စကားအပြောမတတ်သူ ဟူ၍ နှစ်မျိုးနှစ်စား တွေ့ရပေသည်။ မည်သို့သောသူဖြစ်စေ ချိုသာသော စကားကို သာနှစ်သက်ကြသည်။ ချိုသာသော စကားပြောသူကို သာအဆက်အဆံပြုလိုကြသည်။ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုသူကို မနှစ်သက်ကြ အထင်အမြင်သေးတတ်ကြသည်။ ထို့အပြင် စကားဆိုသည်မှာ လူတို့၏ အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားကို ဖော်ပြနေသည်ဟု လူအများက သတ်မှတ်ကြသည်။ စကားပြောဆိုရာတွင် ချိုချိုသာသာပြောသူနှင့် ကြမ်းကြမ်းတမ်းတမ်းပြောသူ နှစ်ဦးယှဉ်၍ စကားပြောခိုင်းလျှင် ချိုသာစွာ ပြောဆိုသူ၏ စကားကိုသာ လူအများက အလေးထား၍ နားထောင်လေ့ရှိသည်။
ပြာသူနှင့် နားထောင်သူ နှစ်ဦးရှိရာ ပြောသူက ချိုချိုသာသာ ပြောမှသာ နားထောင်သူကလည်း နားဝင်ချိုကာ ပြောသောသူ၏ စကားကိုအလေးအနက် ထားပေမည်။ မည်သူမဆို ချိုသာသော စကားကိုသာ နှစ်သက်ကြသည်။ အခြားသူမဆိုထားနှင့် မိမိတို့ကိုယ်တိုင်ပင် ချိုသာသော စကားကိုနှစ်သက်သူများသာ ဖြစ်ကြပေသည်။ မိမိကိုယ်တိုင်ပင် ချိုသာသော စကားကို နှစ်သက်လျှင် အခြားသူများမှာလည်း ချိုသာသော စကားကိုသာနှစ်သက်မည်မှာ မလွဲဧကန်ပင်။ မိမိကိုယ်တိုင်လည်း ချိုသာသောစကားကိုသာ နားထောင်ချင်လျှင် ကိုယ်တိုင်လည်း စကားကို ချိုသာစွာ ပြောဆိုရပေ မည်။ စကားအရာ ပျားသကာလို ချိုမှသာ မိမိပြောဆို သည့်စကားကို လူအများက တန်ဖိုးထားပေမည်။ စကားကိုချိုချိုသာသာ မပြောဘဲ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခြင်းကြောင့် အဖြစ်ဆိုးနှင့် ကြုံရသူများ၏ သာဓကများလည်း ရှိပေသည်။
စကားကို ချိုသာစွာပြောရသည်သာမက မှန်မှန်ကန်ကန် ပြောဆိုရန်လည်း အရေးကြီးပေသည်။ စကားချိုသာသော်လည်း လိမ်လည်လှည့်ဖြား ပြောဆိုမူ နောင်တွင်မိမိစကားသည် အရေးမပါ အရာမရောက် ဖြစ်တတ်သည်။ ချိုချိုသာသာနှင့် အမှန်တိုင်းပြောဆိုပါက လူအများ၏ လေးစားမှုကို ရရှိနိုင်သည်။ စကားကို မှန်မှန်ကန်ကန် ပြောဆိုရာတွင်လည်း ကိစ္စရပ်ကို လိုက်၍ သုံးနှုန်းပြောဆိုရမည်။ အချို့ကိစ္စများမှာ ချိုချိုသာသာ နှင့်မှန်မှန်ကန်ကန် ပြောဆိုရမည် မှန်သော်လည်း တိုက်ရိုက်ပြောသင့် မပြောသင့်ကို စဉ်းစားရပေမည်။ တိုက်ရိုက်ပြောဆိုခြင်းက ထိရောက်သော်လည်း တစ်ခါတစ်ရံ သွယ်ဝိုက်ပြောဆိုခြင်းက ပို၍ကောင်းသည်။ ဖတ်ဖူးသော ဟာသတစ်ပုဒ်တွင် တိုက်ရိုက်ပြောဆိုခြင်းနှင့် သွယ်ဝိုက်ပြောဆိုခြင်းကို ဟာသအနေဖြင့် ဖတ်ရှုဖူးသည်။ ဟာသဇာတ်လမ်းလေးက ဒီလို- တစ်ခါက စစ်တပ်တစ်ခုမှာ မောင်အောင်မြတ်ဆိုတဲ့ စစ်သားတစ်ယောက်ရှိတာ်။ တစ်နေ့တော့ မောင်အောင်မြတ်ရဲ့ အမေကဆုံးပါလေရော ။ ဒါနဲ့တပ်က သတင်းပို့တဲ့သူက မောင်အောင်မြတ်ကို မင်းရဲ့အမေဆုံးပြီလို့ တိုက်ရိုက်ပြောလိုက်တယ်။ မောင်အောင်မြတ်လည်း ရုတ်တရက် တိုက်ရိုက်ပြောလိုက်တော့ စိတ်မထိန်းနိုင်ဘဲ မေ့သွားတယ်။ ဒီလိုနဲ့ နောက်တစ်လနေတော့မောင်အောင်မြတ်ရဲ့အဖွားဆုံးပြန်ရော။ သတင်းပေးသူကလည်း တိုက်ရိုက်မပြောဘဲ တပ်မှူးကိုသာ ပြောလိုက်တယ်။ တပ်မှူးကလည်း ဘယ်လိုပြောရမလည်း တွေးရင်း အကြံရသွားတယ် ။ မောင်အောင်မြတ် ပါတဲ့ တပ်စုကို
ခေါ်ပြီး အဖွားရှိသေးတဲ့ သူတွေရှေ့ထွက်ခဲ့လို့ ပြောလိုက်တယ်။ အကုန်လုံးက အဖွားရှိသေးလို့ ရှေ့ထွက်လာတယ်။ တစ်ချိန်ထဲမှာပဲ တပ်မှူးက
မောင်အောင်မြတ် မင်းမပါဘူးလို့ ပြောလိုက်တယ်။ မောင်အောင်မြတ် တွေးကြည့်မှ အဖွားဆုံးမှန်း သိတော့တယ်။ ဒီအခါမှာတော့ ဘာမှမဖြစ်တော့ဘူး။
ဆိုတော့ စကားကို တိုက်ရိုက်ပြောသင့်လား သွယ်ဝိုက်၍ ပြောသင့်လား ဆိုသည့်အချက်ကလည်း အရေးကြီး သော အချက်ပင်ဖြစ်ပေသည်။
Speech
There have many countries in the world.
All the countries has different adjectives of nationality and language. Example- England country , England national. English language. However, everyone of the world like the sweet sounding speech.
All peoples hate the man that the speak of rough speech. Peoples talk the speech everywhere. But they like sweet sounding speech.
Sweet sounding speech is create a victory celebration. Besides that sweet sounding speech be correct are very important. Correct speech are liked everyone. But, some speech don't talk direct immediately. After some time speak the correct speech. However, speak the speech indirectly. As a some time indirectly speeh yield result than direct speech. But, speak the correctly.
ဆက်ရန်ရှိသေးသည်.. ....................
Photo credit google image
Written by @nyinyilwin
MSC 170
နဲနဲပြောများများနားထောင်
သေချာတာပ
Good post
ကျေးဇူးပါ
Great post..
Thank
စကား အရာကျယ်လွန်း လှပါတယ် ဗျ
ဟုက် မပြည့်စံနိုင်ဘူး
Nice post
Thanks
Good ဗျာ Good
ကျေးဇူးပါပဲ
စကားအရာ ကျယ်ပြန့်လွန်းတယ်
ဟုက်
ကောင်းတယ်ဗျာ
ဟုက်ကဲ့ဗျ
good post
Thanks
ရေးတာကောင်းတယ်bro
ကြိုးစားနေဆဲပါ
Nice post
Yes brother
Good.ကြိုးစားပါ အားပေးနေပါ့မယ်
ဆက်လက်ကြိုးစားနေပါတယ်
ဟုက်
thank for sharing
ကျေးဇူးပါ
good
Thanks sis
ဟာသလေးကြိုက် တယ်ဗျာ
နှုတ်ချို တော့ပြည်စိုး
နှုတ်ကြမ်းတော့ အမိယုတ် တဲ့
နှုတ်ကြမ်းရင် မိခင်ကိုပါထိခိုက်ပါတယ်
နှုတ်ချိုသာစွာ ပြောဆိုခြင်းဖြင့် အမေ့ကျေးဇူးဆပ်ရာရောက်ပါတယ် ကျနော့အမြင်ပါ
ကျေးဇူး bro good post
ဟုက် ကျေးဇူးပါ bro
မြန်မာစကားမှာ စကားကြီး(၁၀)ခွန်းဆိုတာရှိတယ်၊ သူနည်းစနစ်နဲ့သူပြောဖို့သတ်မှတ်ထားတာတွေပေါ့၊ မြန်မာစာမြန်မာစကားမှာ ဆရာရေးပေးထားတယ်၊ အဲတာကိုဖတ်ရင် သားအတွက် ရေးကွက်တွေ အများကြီးရလာနိုင်သေးတယ်။
ဟုက်ဆရာ
Good
good bro