နိုင်​ငံ၏အသက်​တစ်​​ချောင်း(သို့)ယဉ်​​ကျေးမှု

in #myanmar7 years ago

Picture1513754526094.png
စကြ၀ဠာအသ​င်္ချေများစွာထဲက ​နေစကြဝဠာအဖွဲ့အ စည်းအတွင်းတွင်​ ပါဝင်​သည့်​ ကမ္ဘာ​မြေ​ပေါ်တွင်​ သက်​ရှိအမျိုးမျိုး​နေထိုင်​ကြသည်​။ သက်​ရှိများစွာအနက်​မှ အသိဥာဏ်​အရှိဆုံးဖြစ်​သည့်​ လူသား​တွေမှာလည်း ​နေရာ​ဒေသအလိုက်​ နိုင်​ငံအလိုက်​ လူမျိုးများစွာ ကွဲပြားလျက်​ရှိ​ပေသည်​။ မြန်​မာနိုင်​ငံအတွင်းမှာပင်​ လူမျိုး​ပေါင်း ၁၃၅မျိုးရှိ​ကြောင်း မှတ်​တမ်းများအရ သိရှိပြီးဖြစ်​​ပေမည်​။ မည်​သို့ပင်​ဆို​စေကာမူ လူမျိုးများ
ပေါင်းများစွာ ကမ္ဘာ​ပေါ်တွင်​ ​နေထိုင်​​နေကြသည်​။ နိုင်​ငံ များစွာရှိသည့်​အတွက်​ လူမျိုး​ပေါင်းလည်း များပြား ​ပေသည်​။ ထိုသို့လူမျိုးများစွာအနက်​မှ ​ယေဘုယျ ခြုံပြီးမှ တစ်​နိုင်​ငံတွင်​ လူမျိုးတစ်​မျိုးကို အထင်​ကရ ​ပြောကြပြန်​သည်​။ ဥပမာ- တရုတ်​နိုင်​ငံတွင်​ လူမျိုး အမျိုးမျိုးရှိ​ပေသည်​။ သို့​သော်​ အခြားနိုင်​ငံများက ကြည့်​လျှင်​ လူမျိုးမည်​မျှပင်​ ကွဲ​စေကာမူ တရုတ်​လူမျိုးဟူ၍သာ နိုင်​ငံကိုလိုက်​၍ သတ်​မှတ်​​လေ့ရှိကြ သည်​။
IMG_20180122_224821.png
မြန်​မာနိုင်​ငံသူ နိုင်​ငံသားများကိုလည်း အခြား​သော နိုင်​ငံများက မြန်​မာနိုင်​ငံသားများ ဟူ၍သာ သတ်​မှတ်​​လေ့ရှိကြသည်​။ နိုင်​ငံ လူမျိုး ကွဲပြားခြားနားသကဲ့သို့. နိုင်​ငံတိုင်းတွင်​ ကျင့်​သုံးကြသည့်​ ယဉ်​​ကျေးမှုများ သည်​လည်းကွဲပြားခြားနားကြပြန်​သည်​။ နိုင်​ငံချင်းထိစပ်​​သော်​လည်း ယဉ်​​ကျေးမှု တူမည်​ဟု မဆိုနိုင်​ပါ။ ကွဲပြားခြားနား​နေသည်​သာ ဖြစ်​​ပေသည်​။
IMG_20180122_223814.png
ယဉ်​​ကျေးမှုဟုဆိုရာတွင်​ အ​ကြောင်းအရာအမျိုးမျိုး ပါဝင်​​နေသည်​။ ကိုးကွယ်​ယုံကြည်​မှုဘာသာတရား
ဝတ်​စားဆင်​ယင်​မှု၊ ​ပြောဆိုဆက်​ဆံမှု ဘာသာစကား၊ ​နေရာ​ဒေသအလိုက်​ ကျင့်​သုံးသည့်​ ဓ​လေ့ထုံးတမ်း အစဉ်​အလာ စသည်​ဖြင့်​ ယဉ်​​ကျေးမှု အမျိုးမျိုးရှိ​ပေသည်​။ ယဉ်​​ကျေးမှု အမျိုးမျိုးရှိ​သော်​လည်း ယဉ်​​ကျေးမှုတိုင်း သည်​နိုင်​ငံ တစ်​နိုင်​ငံ၏ အသက်​​သွေး​ကြော ဖြစ်​​ပေသည်​။
IMG_20180122_224837.png
ယဉ်​​ကျေးမှု သည်​ လူမျိုးတစ်​မျိုး နိုင်​ငံတစ်​နိုင်​ငံ၏ အသက်​ပင်​ဖြစ်​​ပေသည်​။ ယဉ်​​ကျေးမှု​ပျောက်​ဆုံးလျှင်​ လူမျိုးတုံး​ပေမည်​။ "​မြေမြိုလို့လူမျိုးမတုံး ယဉ်​​ကျေးမှု မြိုမှလူမျိုးတုံးမည်​"ဟု ဖတ်​ရှုမှတ်​သား ရ​ပေသည်​။ နိုင်​ငံတစ်​နိုင်​ငံ၏ အသက်​သည်​ ယဉ်​​ကျေးမှု အ​ပေါ်မှီတည်​​နေသည်​။ ယဉ်​​ကျေးမှု ​ပျောက်​ဆုံးခြင်းသည်​ လူတစ်​​ယောက်​၏ ​ခေါင်းကိုဖြတ်​လိုက်​သလို နိုင်​ငံ၏ ​ခေါင်းကို ဖြတ်​လိုက်​သည်​နှင့်​တူ​ပေသည်​။ နိုင်​ငံတစ်​နိုင်​သည်​ အခြားနိုင်​ငံမှ ယဉ်​​ကျေးမှုကို အတုယူကျင်​သုံးပါက ပထမဦးစွာမိမိနိုင်​ငံ၏ ယဉ်​​ကျေးမှုနှင့်​ ​ရောယှက်​​ပေမည်​။ ​နောက်​တွင်​ယဉ်​​ကျေးမှုများ ရှုပ်​​ထွေးလာ​ပေမည်​။ ​နောက်​ဆုံးတွင်​ မိမိနိုင်​ငံ၏ ယဉ်​​ကျေးမှုကိုပင်​ ​မေ့​ပျောက်​ကာ အခြား​သော နိုင်​ငံများ၏ ယဉ်​​ကျေးမှုသာ ကျန်​ရှိသည့်​ အ​ခြေအ​နေသို့ ​ရောက်​​ပေ​တော့မည်​။

ယဉ်​​ကျေးမှု ​ပျောက်​ဆုံးသည့်​အတွက်​ ထိုနိုင်​ငံတွင်​ ​နေထိုင်​ကြ​သော်​လည်း လူမျိုးအမည်​နာနည်​ ခံ၍သာ ​နေထိုင်​ကြ​သော လူ့အဖွဲ့အစည်းတစ်​ရပ်​သာ ဖြစ်​​ပေမည်​။ အမှန်​စင်​စစ်​ ထိုနိုင်​ငံ၏ လူမျိုးမမည်​ထိုက်​​တော့​ပေ။ အခြား​သော နိုင်​ငံများ၏ ယဉ်​​ကျေးမှုကိုသာကျင့်​သုံး​နေသည့်​အတွက်​ အခြား​သောနိုင်​ငံများ၏ လူမျိုးတစ်​ရပ်​ဟုပင်​ မှတ်​ယူသင့်​​သည်​။ ယဉ်​​ကျေးမှုဝါးမျိုးခံရခြင်း သည်​နိုင်​ငံကို သိမ်းပိုက်​ခြင်းခံသည်​နှင့်​ တူ​ပေသည်​။

အတိတ်​သမိုင်းအခါများက နိုင်​ငံအချင်းချင်း စစ်​မက်​ပြုကာ သိမ်းယူကြသည်​။ သိမ်းယူပြီးလျှင်​ သိမ်းယူသည့်​ နိုင်​ငံများက မိမိတို့၏ ယဉ်​​ကျေးမှု ပျံ့နှံ့​ရေးကို အ​လေး​ပေး​ဆောင်​ရွက်​ကြသည်​။ သို့မှသာ ထိုနိုင်​ငံလွတ်​လပ်​​ရေး ရ​သော်​လည်း အရှုံးမရှိ​စေဘဲ မိမိတို့ယဉ်​​ကျေးမှု ပြန့်​ပွား​စေရန်​ ​ဆောင်​ရွက်​ကြခြင်းဖြစ်​​ပေသည်​။ အနီးစပ်​ဆုံး​ပြောရလျှင်​ မြန်​မာနိုင်​ငံ ​တောင်​​ပေါ်​ဒေသများတွင်​ ကိုလိုနီ၏ အကြွင်းအကျန်​ ယဉ်​​ကျေူမှုများ မ​ပျက်​မစီး တည်​ရှိ​နေဆဲပင်​ ဖြစ်​​ပေသည်​။

IMG_20180122_225035.png

ယဉ်​​ကျေးမှုသည်​ ထိန်း သိမ်းရန်​ခက်​သ​လောက်​ ပျက်​စီးရန်​လွယ်​ကူလှသည်​။ အခြားမဆိုထားနှင့်​ ဝတ်​စားဆင်​ယင်​မှု ဆိုသည့်​ ယဉ်​​ကျေးမှု တစ်​ခုတည်းကိုပင်​ ထိန်းသိမ်းနိုင်​စွမ်း အားနဲ ကြသည်​ကို​တွေ့ရသည်​။ ဥပမာ- အခြားနိုင်​ငံများမှ ဝတ်​စားဆင်​ယင်​မှုကို အတုခိုးကာ မြန်​မာ​တွေ၏ ကျက်​သ​ရေ မင်္ဂလာရှိသည့်​ ဝတ်​စားဆင်​ယင်​မှု ​လျော့နည်းလာ သည်​။ ​လူအများက ​ခေတ်​နှင့်​အညီ ​ပြောင်းလဲသင့်​သည်​ဟုဆိုကြလိမ့်​မည်​။ မ​ပြောင်းလဲသင့်​ဟုမဆိုလိုပါ။ ​ပြောင်းလဲပါ။ သို့​သော်​ မိမိတို့ယဉ်​​ကျေးမှု ​ပျောက်​အောင်​ထိ​တော့ မ​ပြောင်းလဲမိ​စေရန်​ သတိပြုပါ။ အရှင်းဆုံး​ပြောရလျှင်​ အ​နောက်​နိုင်​ငံ များက ရုပ်​ရှင်​​တွေကိုကြည့်​ပြီး မြန်​မာမိန်းက​လေးများ အတုခိုးယူကြသည်​ကို ​တွေ့​နေရသည်​။ မြန်​မာမိန်းက​လေးဟူသည်​ လုံလုံခြုံခြုံ ဝတ်​စားဆင်​ယင်​ရ​ပေမည်​။
မြန်​မာမိန်းက​လေးများသည်​ ကိုယ့်​နိုင်​ငံ၏ ယဉ်​​ကျေးမှု ကိုထိန်းသိမ်းရမည်​။ သို့မှသာ မြန်​မာ့ အမျိုးသမီး​ကောင်းများဖြစ်​​ပေမည်​။ ဝတ်​စားဆင်​ယင်​မှုသည်​ အ​ရေးကြီးသည်​။ အထူးသဖြင့်​ နိုင်​ငံ၏ ပြယုတ်​တစ်​ခု ဖြစ်​သည်​။ နိုင်​ငံ၏ အသက်​သည်​ ယဉ်​​ကျေးမှု ဖြစ်​သည်​ကို သတိပြု၍ ထိန်းသိမ်းကြ​စေချင်​သည်​။
IMG_20180122_225954.png

Photo credit facebook and google image

Written by @nyinyilwin

MSC 170

Sort:  

ခေတ်ရေစီးကြောင်းအတိုင်းလိုက်ပါပြောင်းလဲကြမည်သာ

ပြောင်းလဲတာ​တော့​ကောင်းပါတယ်​ ထိန်းသိမ်းသင့်​တာလည်းထိန်းသိမ်းရမည်​သာ

ယဉ်​​ကျေး မှုကိုထိန်းသိမ်းသူနည်းပါးလာတာ​ပေါ့ဗျာ

ယခု​ခေတ်​​ပေါ့ဗျာ

ကို့ယဉ်​​ကျေးမှုကိုထိန်းသင့်​ပါတယ်​ဗျာ

ဟုက်​တယ်

ခေတ်ကိုက ယိုသူမရှက် မြင်သူရှက် ခေတ်ဖြစ်နေပြီ တတ်နိုင်သလောက်တော့ သတိပေးကြရတာပေါ့

တင်​ပါ့ဘုရား

မှတ်​သား ထိန်းသိမ်းစရာပါ
ကောင်းတယ်​ဗျာ

ကျေးဇူးပါ

နိုင်​ငံမှာ ယဉ်​​ကျေးမှု က လည်းအ​ရေးပါတယ်​ဗျ

အ​ရေးပါဆုံး

မှတ်သားစရာပါ မောင်လေးရေ

ကျေးဇူးပါ အမ

ထိမ်းသိမ်းစောင့်ရှောက်သင့်ပါတယ်...

မဖြစ်​မ​နေထိန်းသိမ်းသင့်​တာ​ပေါ့

ယဉ်ကျေးမှု့ပျောက်ရင် လူမျိုးလည်းပျောက်မယ်

အ​သေအချာပဲဗျ

ယဉ်ကျေးမှုများဟာ ပေါင်းကူးဆက်စပ်တဲ့ သဘောရှိတဲ့အတွက် အထူးဂရုစိုက် ထိန်သိမ်းသင့်ပါတယ်။

ဟုက်​တယ်​အကို

စည်းကမ်းဟူသည်လူ့တန်ဖိုး

မှန်​ပဗျာ

ကိုယ်ပိုင်ယဉ်ကျေးမူလေးတွေကတော့မြတ်နိုးတန်ဖိုးထားရမဲ့ဟာလေ…

ဟုက်​တာပ

မြန်မာ့ယဉ်ကျေးမှု့ကို ထိန်းသိမ်းသင့်ပါတယ် ကောင်းတဲ့ဆောင်းပါးပါ ကျေးဇူပါ

ဟုက်​bro