သူသူငါငါနေ့စဉ်အလုပ်များနှင့်ရုန်းကန်လှုပ်ရှားရင် ဘဝကို ရှင်သန်နေကြရသည်။ တစ်နည်းပြောရမူ ခက်ခက်ခဲခဲ အသက်မွေးမှုပြုကာ အသက်ရှင်နေကြရသည်။ လူပေါင်းများစွာထဲမှ အနည်းငယ်သော လူအချို့သာ ရှေးကုသိုလ်ကံတွေကြောင့် ဘဝကို အခက်အခဲနဲနဲနှင့် ရှင်သန်ကြရသည်။ လူအများစုတွင်ပါဝင်သည့်လူများက ဘဝရှေ့ရေးကို တွေးကာ စိတ်ပူနေတတ်သည့်သူများ က များလှပေသည်။ ဘယ်အချိန်မှာ သေမလဲ။ ဘယ်အချိန်မှာ ငတ်မလဲ။ ဘယ်အချိန်မှာ ပတ်ဝန်းကျင်က လက်ညှိုးထိုးမှာလဲ။ ဘယ်အချိန်မှာ သူငယ်ချင်းတွေက ကိုယ့်ကိုစွန့်ခွာကြမှာလဲ စသည်ဖြင့်တွေးပူကာ အရေးတယူပြုနေကြရပေသည်။ လူ့စိတ်ဆိုသည်ကလည်း ပြောရခက်သား။ တစ်ခါတစ်ရံ အကြောင်းအရာ မဖြစ်စလောက်လေးက လူ့ဘဝတစ်ခုလုံးကို အမြစ်ကနေနှုတ်ယူ ခံနေရပေသည်။ လူ့ဘဝကြီးရနေသရွေ့ ကိစ္စအများအ ပြားကိုလည်းရင်ဆိုင်ထိတွေ့နေရမှန်ပင်ဖြစ်သည်။ ရှောင်ပြေး၍ ရသော်လည်း ပြစ်ပယ်၍မရသော ကိစ္စများ ကလည်း ပေါများလှပေသည်။
ကိစ္စများကလည်းပေါများသည်နှင့်အတူ လူမှုအသိုင်း အဝိုင်းပတ်ဝန်းကျင်မှ လူများနှင့်လည်း နေ့စဉ်နှင့်မျှ ထိတွေ့ဆက်ဆံနေကြရသည်။ မိတ်ဆွေလည်းရှိသလို ရန်သူလည်းရှိပေမည်။ ရန်သူများကိုတော့ သတိထား၍ ဆက်ဆံပါလေ။ မည်သို့ဖြစ်စေကာမူ ပတ်ဝန်းကျင်မှာ မိတ်ဆွေသူငယ်ချင်း ရှိပေသည်။ မိတ်ဆွေကောင်းဖြစ်လျှင် ထိုသူ့အပေါ်ပို၍အလေးသင့်သည်။ ထိုသူ၏ လုပ်ငန်းများကိုလည်း သတိချပ်၍ ဂရုပြုပေးရမည်။ ထိုမျှနှင့်မပြီး သူ၏လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှပါဝင်နိုင်လျှင် ပို၍သင့်လျော်ပေသည်။ သူငယ်ချင်း၏ လုပ်ငန်းများတွင် ပါဝင်နိုင်လျှင် မိမိပေးသောအကြံကို လည်းသူငယ်ချင်းမှ အရေးထား၍ ဆောင်ရွက်ပေမည်။ မိမိနှင့်လည်းဆက်ဆံရေးပို၍ ပြေလည်ပေမည်။ လုပ်ငန်များတွင် ပါဝင်နိုင်ရုံနှင့်မပြီးသေး အခြားသောမည်သည့်လုပ်ငန်းများ ဆက်၍လုပ်လျင်ကောင်းမည်၊ မည်သို့လုပ်ကြမည် စသည့်အကြံဥာဏ်များကိုလည်းပေး သင့်သည်။ ထိုမျှမက အခွင့်အလမ်းတစ်ရပ်ရှိလျင်လည်း သူငယ်ချင်းနှင့်အတူဆောင်ရွက်နိုင်ပါမူ ပို၍ ထိရောက်ပေမည်။ အခွင့်အလမ်းကို သူငယ်ချင်းနှင့်အတူ အသုံးချ ရမည်ဖြစ်ပေသည်။
လုပ်ငန်း၏သဘောတရားအရ မိတ်ဆွေသူငယ်ချင်း ဖြစ်သော်လည်း သူ့အပေါ်လေးလေးစားစား ဆက်ဆံရမည်။ သူငယ်ချင်းက မိမိ၏အပြုအမူကို အမြဲလိုလိုလေ့လာနေပေလိမ့်မည်။ သို့အတွက်မိမိ၏အပြုအမူများက သူငယ်ချင်းကို စိတ်မပျက်သွားမိစေရန်သတိပြု၍ ဆင်ခြင်ရပေမည်။ မိမိ၏အပြုအမူသည် သူငယ်ချင်းအတွက် အတုယူနိုင်လောက်သောအပြုအမူဖြစ်သင့်သည်။ ထိုသို့မဖြစ်နိုင်လျှင်သော်လည်း မိမိ၏ အပြုအမူသည် သငယ်ချင်းအတွက် စိတ်ပျက်ဖွယ်ကောင်းသော အပြုအမူမဖြစ်စေရန် သူငယ်ချင်ူနှင့်တွေဆုံတိုင်း အမြဲသတိပြု၍ ဆင်ခြင်ရပေမည်။ တစ်ခါတစ်ရံ မိမိ၏ အပြုအမူကို မိမိသတိမထားမိသော်လည်း သူငယ်ချင်းဖြစ်သူကမူ သတိပြုနေလိမ့်မည်ဆိုသည်ကို သတိပြုပါလေ။
သူငယ်ချင်းနှင့်တွေဆုံသည့်အခါတွင်မက တစ်ယောက်တည်းရှိသောအချိန်များတွင်လည်း အပြုအမူကို လေ့ကျင့်ယူရပေမည်။ သူငယ်ချင်းသည် ဘဝအတွက်အားဆေးတစ်ခွက်ပင်ဖြစ်သည်။ ဆေးဟူသည် ကောင်းကျိုးပေးသည့်ဆေးဖြစ်ကာမူ ကောင်းကျိုးပို၍တိုးပေမည်။ ထို့အတူ မိတ်ဆွေကောင်းဟူသည် မိမိကိုပို၍ ကောင်းမွန်သော အခွင့်အလမ်းကို ဖန်တီးပေးနိုင်သော သူတစ်ယောက်ပင်ဖြစ်ပေသည်။ သို့သော် ဆေးဖြစ်လျင်ပင်မှ ဆေးကိုမည်သို့မည်ပုံ အသုံးပြုရသည်၊ မည်ကဲ့သို့အသုံးပြုရမည်၊ မည်သည့်အတွက်အသုံးပြုရမည် ဆေး၏အာနိသင်ကမည်သို့ဖြစ်သည်၊ ဆေး၏ကောင်းကျိုးဆိုးကျိုးများက မည်သို့ရှိသည် စသည်ဖြင့်ဆေး၏ အခြင်းအရာများကို သိရန်အရေးကြီးသည်။ သို့မဟုတ်လျင် ဆေး၏အကျိုးအာနိသင်ကို ရရှိမည်မဟုက်ပေ။ သူငယ်ချင်း၏ စိတ်နေစိတ်ထားကိုလည်း သိရန်အရေးကြီးသည်။သူငယ်ချင်းစိတ်ကို သိရှိခြင်းသည် သူငယ်ချင်းကို မိမိအပေါ်ကောင်းမွန်အောင်ဆောင်ရွက်ရာ တွင်အဓိကကြသည်။ သူငယ်ချင်း၏ စိတ်နေစိတ်ထားကိုသိလျင် လုပ်ငန်းလုပ်ရာတွင် အဆင်ပြေရုံမျှမက အကူအညီလိုအပ်၍တောင်းလျင်လည်း လွယ်ကူချောမွေ့ပေလိမ့်မည်။ သူငယ်ချင်း၏စိတ်ကိုကြည့်၍ မည်ကဲ့သို့ ဆက်ဆံပြုမူရမည်ကို သိလာပေလိမ့်မည်။ သူငယ်ချင်းဆက်ဆံရေးအတွက် အဓိကကျသော အချက်ပင်ဖြစ်သည်။ သို့အတွက် သူငယ်ချင်း၏ စိတ်သဘောထားကို တတ်နိုင်သမျှ လေ့လာကြပါကုန်။
Myanmar steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါစေ
Photo credit by google image
Written by @nyinyilwin
MSC 170
မိတ်ဆွေကောငါးဆိုတာဘဝမှာမရှိမဖြစ်လိုအပ်တာပါပဲ အစ်ကိုကြီးညီညီလွင်ရေ။အားပေးသွားပ့တယ်ခင်ဗျာ။
အစ်ကို တော့မလုပ်ပါနဲ့ ညီလေးပဲထားပါ
ကိုယ့်အပေါ် အနွံ့တာခံတဲ့ သူငယ်ချင်းကောင်းဆိုရင် တသက်တာအတွက် ခင်မင်မှုခိုင်မြဲအောင် ကြံဆောင်ထားသင့်ပါတယ်
ရေရှည်အတွက်ပေါ့
ရင်ဘတ်ခြင်းနီးတဲ့ မိတ်ဆွေတွေ မျာူများရပါစေ အစ်ကိုရေ
ပေးတဲ့ဆုကိုရရပါစေ
သူငယ်ချင်းကောင်းရင် မောင်နှမ အရင်းထက်ပင် သာပါတက်
ဟုက်တယ်မမ
သူငယ်ချင်း ကောင်းတွေတကယ်လိုအပ်တာပါbro
လိုအပ်နေဆဲ
လိုအပ်ဆဲ
Good
Thanks
Thanks
သူငယ်ချင်းကောင်းဆိုတာ ရှိတော့ရှိတယ် ရှားတယ်
မှန်ပါ့ဘုရား
Steemit မှာ ၀င်ရောက်လုပ်ကိုင်တာ မိတ်ဆွေတွေတိုးရပါတယ်
မှန်တယ်ဗျ
ဖတ်ကောင်းတဲ့ပို့စ်လေးဗျာ
ဟုက်ကဲ့ပါ ဘဘ
တစ်ယောက်တည်းနေလို့မရတော့
မိတ်ဆွေတော့လိုတယ် မိတ်ဆွေစစ်ပေါ့
မှန်သပဗျာ
သူငယ်ချင်း မိတ်ဆွေကောင်းဆိုတာ ဘ၀မှမရှိမဖြစ် လိုအပ်ပါတယ်။
ဖတ်လို့လည်းကောင်းပါတယ်...bro
ကျေးဇူးပါ
သူငယ်ချင်းအများကြီး ရဖြိ့ လွယ်မယ် သူငယ်ချင်းကောင်းတယောက်ရဖို့ တော်တော်ခက်တယ်ဗျာ
ခုခေတ်ဆို ပိုခက်ပ
Good
Thanks
သူငယ်ချင်းမိတ်ဆွေကောင်းတွေလိုအပ်ပါတယ်
Yes, this is truth
ငွေဆိုတာ က ဒုတိယ ဘုရားသခင်
သူငယ်ချင်းတွေဆိုတာက ဒုတိယ မိသားစု လို့ တင်စားကြပါတယ်
တကယ်ကို တန်ဖိုးထားရမဲ့အရာတွေပါပဲ
Thank you nyinyilwin for making a transfer to me for an upvote of 1.29% on this post!
funds growth projects for Steem like our top 25 posts on Steem!Half of your bid goes to @budgets which
The other half helps holders of Steem power earn about 60% APR on a delegation to me!
For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?
To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?
မိတ်ဆွေ သူငယ်ချင်းဆိုတာ ရခဲမျှ