လူတွေဟာ နေ့စဉ်နှင့်မျှ မိမိတို့အသက်ရှင်နေထိုင် ရေးအတွက်အလုပ်များကို ကြိုးစားတကြီးလုပ်ကိုင်နေကြရသည်။ မိမိဝါသနာပါသောအလုပ်ကိုပင်ဖြစ်စေ မိမိမနှစ်သက်သောအလုပ်ကိုပင်ဖြစ်စေ မိမိတို့ရှင်သန်ရေးအတွက် လုပ်ကိုင်နေကြရသူတွေသာဖြ၀်ပေသည်။ ဝါသနာနှင့်ထပ်တူ လုပ်ကိုင်နေရသူကတော့ ဆုလာဘ် တစ်ခုပေါ့။ ဝါသနာနဲ့ထပ်တူကျတဲ့အလုပ်ဆိုတော့ အလုပ်ကိုလည်းစိတ်ဝင်စားမှုရှိသူလည်းဖြစ် ကိုယ်လုပ်ချင်သည့် အလုပ်ဆိုတော့ ပင်ပန်းသည်ကို ဂရုမပြု ပီတိရွှန်းဖြာ အောက်မေ့နေမည်သာဖြစ်သည်။ ဝါသနာနဲ့လည်း ထပ်တူကျ စားဝတ်နေရေး အတွက်လည်းအဆင်ပြေသည့် အလုပ်ဖြစ်သည့်အတွက် ပင်ပန်းသည်ကိုပင်မရှိဘဲ လုပ်သောလုပ်ငန်းမှာလည်း တိုးတက်ရန်သာ အလားအလာ များပေသည်။ ကောင်းမွန်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ပေလိမ့်မည်။ သို့တဖြင့် သက်ရှိလူသားအများစုဟာ ဝါသနာနှင့် အလုပ်ထပ်တူ မကျသည်ကများပေသည်။ ဥပမာ. ပန်းချီဝါသနာပါသော်လည်း မိသားစုစီးပွားရေးအရ ပန်းချီကိုစွန့်ကာ ကုမ္ပဏီဝန်ထမ်းလုပ်နေရသောသူကဲ့သို့သော လူများက များပေသည်။ စာရေးသူလည်း အပါအဝင်ဖြစ်သည်ဟု ဆိုနိုင်သည်။ မိသားစု စီးပွားရေး အဆင်မပြေသည်က တစ်ကြောင်း၊ ကြိုးစားမှုနှင့် ရလဒ်ကွာခြားမှုကတစ်ကြောင်း၊ အသက်မွေးဝမ်းကြောင်း ပြုရမည့် အလုပ်ကို ပြန်လည်ရွေးချယ်ရသည်က တစ်ကြောင်း စသည်ဖြင့် အခြေအနေပေါင်းမြောက်များစွာ အခက်ခဲပေါင်းမြောက်များစွာကြောင့် လူများစုမှာ စိတ်နှင့်ထပ်တူ မဖြစ်သည့် လုပ်ငန်းကိစ္စများကို ဆောင်ရွက်နေရသူကများပေသည်။မည်သို့ပင်ဖြစ်စေ လူအများစုကဖြင့် ယခုလည်း ထိုသို့ပင် နောင်လည်း ဤသို့ဆက်ဖြစ်နေကြမည်သာဖြစ်သည်။
ဝါသနာမပါသည့်အလုပ် တစ်နည်းအားဖြင့် ရည်ရွယ်ထားသည့် အလုပ်မဟုက်သော်လည်း ထိုလုပ်ငန်းကို လုပ်ပြီး ထိုလုပ်ငန်းတွင် ဝါသနာ ပါသွားသောသူများ လုပ်ရင်းနှင့်လုပ်ငန်းတွင်ပျော်ရွှင်သူများကိုလည်း တွေ့ရပေသည်။ ဥပမာ- စာရေးသူကို လွန်ခဲ့သော တစ်နှစ်က ဆရာမတစ်ယောက်ပြောပြတဲ့ အကြောင်းအရာလေးက ခုဏကပြောသလို ဖြစ်နေတယ်။ ဆရာမက ဒီလိုပြောတယ်" ဆရာမက ၁၀တန်းကို သင်္ချာဂုဏ်ထူးနဲ့ အောင်လာတာ၊ သူကြိုက်တာက မြန်မာ၊ ဂုဏ်ထူးက သင်္ချာ ၊ တက္ကသိုလ် အထူးပြုက ရူပဗေဒ၊ နောက် ပညာရေးလောကထဲဝင်လာတော့ သင်ချင်လို့လျောက်တဲ့ဘာသာရပ်က မြန်မာ၊ ရလာတာက အိမ်တွင်းမှု(အခြေခံမှာဆိုညသက်မွေးပေါ့ဗျာ) ၊ဆရာမဆို အကုန်တစ်မျိုးစီချည်းပဲ၊ ဒါပေမယ့် ဆရာမက အခုတော့ သူသင်ရသည့်ဘာသာရပ်ကို စိတ်ဝင်စား ဝါသနာပါကာ ပျော်ရွှင်နေပါပြီ။ ဒီအဖြစ်အပျက်ကို ကြည့်မည်ဆိုလျင် အကုန်အလွဲတွေချည်းပဲ၊ သို့သော်လည်း စိတ်ပါဝင်စားမှုကြောင့် ဝါသနာပါကာ ပျော်ရွှင်စွာ သင်ကြားပေးနိုင်သူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။
လူတွေဟာဖြင့် တစ်ခါတစ်ရံ မိမိဝါသနာပါသော အလုပ်ကို လုပ်ကိုင်နေရသော်လည်း မအောင်မြင်သောသူ၊ အလုပ်နှောင့်နှေးသူများလည်း ဖြစ်နေတတ်ကြသည်။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ထိုသို့ဖြစ်နေသည်ဟုယူဆလို့ရပေသည်။ ဝါသနာပါသောအလုပ်ဖြစ်သော်လည်း အောင်မြင်မှုရရန်ခက်ခဲနေတတ်ကြသည်။ ဥပမာ- ကုန်သွယ်ရေး လုပ်ငန်းကို စိတ်ပါဝင်စားသူဆိုပါစို့။ ထိုသူသည် ကုန်သွယ်ရေးကို စိတ်ပါဝင်စားစွာ လုပ်ကိုင်သော်လည်း အောင်မြင်မှု မရဘဲဖြစ်နေတတ်သည်။ သူ့မှာ ချွတ်ယွင်းချက် အနည်းငယ်ရှိနေသောကြောင့် အောင်မြင်မှုနှင့် အလှမ်းကွာနေသူဖြစ်ပေသည်။ ချွတ်ယွင်းချက်ကတော့ ယူဆစရာများပါတယ်။ အနီးစပ်ဆုံးတစ်ခုပြောပြမယ်ဆိုရလျင် သူ့မှာငွေကြေးရှိသော်လည်း လုပ်ငန်းမချဲ့ထွင်မှုကြောင့် အောင်မြင်သင့်သလောက်မအောငိမြင်ဘဲဖြစ်နေပေလိမ့်မည်။ နောက်တစ်မျိုးတွေးကြည့်လျင် ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းမှုကြောင့်လည်း ဖြစ်နိုင်ပေသည်။ဖြစ်နိုင်ချေတွေကတော့အများကြီးပ။ ယေဘုယျခြုံကြည့်တာပါ။
မည်သူမဆို ဝါသနာနှင့်အလုပ်ထပ်တူကျပြီး အောင်မြင်သူ တစ်ဦးဖြစ်ချင်သူများသာဖြစ်ပေသည်။ သို့ပေမယ့် ဖြစ်ချင်သည်က များနေပေသည်။ ဖြစ်အောင်လုပ်မည်ဆိုသည့် စိတ်က ရေးရေးလေးပင်ဖြစ်သည်။ ဖြစ်ချင်သည့်စိတ်ကို ရှေးတန်းတင်နေကြသူများကို အများကြီးတွေ့နေရသည်။ ဖြစ်ချင်သည့် ရည်မှန်းချက်စိတ်ကဖြင့်ကောင်းကြပါတယ်။ သို့ပေမယ့် ဖြစ်ချင်သည့်စိတ်ကြောင့်ဖြစ်ပေါ်လာရမည့်တွန်အားတစ်ရပ်ဖြစ်သည့် ဖြစ်အောင်လုပ်မည်ဆိုသည့်စိတ်ကဖြင့် လရောင်အောက်မှာ ပိုးစုန်းကြူးပမာဖြစ်နေပေသည်။ ပိုးစုန်းကြူးက သူရဲ့အလင်းက လရောင်အောက်မှာ ထင်ရှားစွာရှိသော်လည်း သူ၏ ခန္ဓာကိုယ်နားသာအလင်းရှိသည်။ ပမာဏမကြီးမားပေ။ ဖြစ်ချင်သည့်စိတ်ကိုဖြစ်အောင်လုပ်မည့်စိတ်ရှိမှသာ လွယ်ကူပေမည်။ သို့မဟုက်လျင် ကြန့်ကြာခက်ခဲနေပေလိမ့်မည်။ ထို့ကြောင့် ဖြစ်အောင်လုပ်မည်ဆိုသည့် စိတ်ကိုသာ ရှိအောင်ကြိုးစားထားရှိသင့်သည်။
Myanmar Steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါစေ ။
Photo credit google and facebook image
Author @nyinyilwin
MSC 170
ပိုးစုန်းကြူးက သူရဲ့အလင်းက လရောင်အောက်မှာ ထင်ရှားစွာရှိသော်လည်း သူ၏ ခန္ဓာကိုယ်နားသာအလင်းရှိသည်။ ပမာဏမကြီးမားပေ။ ဖြစ်ချင်သည့်စိတ်ကိုဖြစ်အောင်လုပ်
Good တယ်ဗျာ
ကျေးဇူးပါဗျ
ဥပမာပေးထားလေးကအမိုက်သားဗျာအရေးအသားကောင်းပါတယ်ဗျာ
ကျွန်တော့ဝါသနာကတော့ ITပစ္စည်းတွေ ငလိရတာပါ။
ကောင်းပါတယ် အစ်ကိုတစ်ယောက်လည်းအဲ့လိုပဲ
မိမိဝါသနာပါတဲ့အလုပ်ကိုလုပ်ခွင့်ရတဲ့သူကတကယ်ကိုကံကောင်းတဲ့သူပါပဲဗျာ။ဝါသနာပါမှပျော်မယ်အလုပ်မှာ။ပျော်မှတိုးတတ်တာမြန်မယ်ပေါ့။
ဟုက်
အလုပ်နဲ့ ဝါသနာ ထပ်တူကျရင်တော့အကောင်းဆုံးပေါ့ဗျာ။
ဟုက်တယ်ဗျ
ကိုယ်က မည့်သည့်ဝါသနာပါလဲ ဘယ်လိုအလုပ်မျိုးက ပျော်ရွှင်နိုင်မလဲ ဆိုပြီး သေချာရွေးချယ်သင့်တယ် ပြီးတော့ လူမှုဆက်ဆံရေးကလည်း အများကြီးလိုသေးတယ်
မှန်ပါ့ဘုရား
နာ့ဝါသနာကတော့ စားဖို့ဘဲ
လာထားပဲ စားစရာဆိုလို့ကတော့ 2ခါမဆွယ်ရဘူး
တူပီလေ
ဝါသနာနဲ့အလုပ်တစ်ထပ်ထဲကျရင်တော့အကောင်းဆုံးပေါ့bro
မှန်ပ bro
ဝါသနာကို အရင်းတည်ပြီးလုပ်ကိုင်ရရင် မောပေမယ့် မပန်းဘူးပေါ့ဗျာ
ဟုက်တယ်bro
ဝါသနာနဲ့လက်တွေ့ဘဝ အင်းဖြစ်ရင်တော့သိပ်ကောင်းမှာ
ခက်တာက မဖြစ်တာဘဲ
ဖြစ်ချင်ပေမဲ့ ဘဝအတွက် တခါတလေ ဖြစ်သင့်တာကိုလည်း ရွေးချယ်ခဲ့ရတယ်
လူအများစုက တူတူပဲ
အလုပ်ဟူသမျှ ဝုဏ်ရှိစွ အလုပ်လုပ်ရတာချင်းအတူတူ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ရတာ အောင်မြင်ဖို့အတွက် ပိုပြီးထိရောက်မှု့ရှိပါတယ်
ဟုက်တယ်ဗျ ဝါသနာနဲ့ဆိုတော့ ပျော်တာပဗျာ
Congratulations @nyinyilwin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
I m so late for you to vote...
Nice post...
ကျနော်လည်းသောက်ပါတယ် ရေကိုပြောတာနော်
အခြားဟာတွေမဟုက်ပါ
ရေလားဗျ