တီးဝိုင်းတစ်ခုပြုလုပ်ခြင်း

in #myanmar7 years ago

တီးဝိုင်းတစ်ခုပြုလုပ်ခြင်း
သင်သည် လူအုပ်များထဲတွင် တီးခတ်ရန် မရည်ရွယ်လိုသော်လည်း တီးဝိုင်းထဲမှ အခြေခံများကို သိရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် မနက်ဖြန်ဘာဖြစ်မည်ကို သင်ကိုယ်တိုင်သေချာမသိရှိသောကြောင့် ဖြစ်သည်။ တီးဝိုင်းတစ်ခုမည်ကဲ့သို့အလုပ်လုပ်ခြင်းသည် ကျော်ကြားသောအုပ်စုများမှ သီချင်းသစ်များသင်ယူရာ၌ ကူညီလိမ့်မည်။ သင်၏ ဂစ်တာသီအိုရီကို တိုးတက်စေပြီး ဂီတဖန်တီးရာ၌ ဆုံးဖြတ်မှုကို အထောက်အကူပြုစေသည်။
Lead guitar and rhythm guitar အပိုင်းတွင်ရှင်းပြသကဲ့သို့ ဂစ်တာတီးခတ်ခြင်းသည် အခြေခံအားဖြင့် အမျိုးအစားများထပ်နေသည်။(rhythm နှင့် lead) တီးဝိုင်းတစ်ခုတွင် rhythm ဂစ်တာသည် ယေဘုယျအားဖြင့် drum, bass နောက်ခံအဆိုနှင့် ထင်ရှားသော တူရိယာများပါရှိသည်။ ထိုဂစ်တာတေးသွားသည် lead vocal များနှင့် သို့မဟုတ် အခြား lead တူရိယာများပါရှိသည်။
သင်သည် လူနှစ်ယောက်နှင့် တီးခတ်နေစဉ်တွင် ချက်ချင်းဆိုသလို သီချင်း၏ကော့ဒ်ကို ထောက်ပံပေးသည်။ တေးသွားကို ပါဝင်ကူညီသည်။ သီချင်းကို နုတ်ခွန်းစကားပြောခြင်းဖြစ်သည်။ လူအများနှင့် တီးခတ်စဉ်တွင် တိကျမှုလျော့နည်းသည်။ ကစားသမားများ ထင်ရှားသော အပိုင်းများကို ပြောင်းရွေ့နိုင်သည် ယေဘုယျအားဖြင့် လူနှစ်ယောက်ထက်ပို၍ တီးခတ်ခြင်းသည် ပို၍ ကောင်းမွန်သည်။ အဘယ်ကြောင့်ဆိုသော် လူပို၍ များသောကြောင်းဖြစ်သည်။ အကယ်၍ သင်သည် အခြားတစ်ဦးနှင့် တီးခတ်လျှင် metronome နှင့် mp3 drum track ပါဝင်သင့်သည်။
တီးခတ်ခြင်းအမူအယာများ
သတိရရန်အကောင်းဆုံးအချက်မှာ မည်သည့်ဂီတအပိုင်းမဆိုနားထောင်ခြင်းဖြင့် တီးခတ်သင်ယူခြင်း
ဖြစ်သည်။ အတီးသမားတိုင်းသည် သီချင်းကို သင့်လျော်သော tone နှင့် volume ကို ပါဝင်ကူညီခြင်းဖြစ်သည်။ အခြေခံအားဖြင့် အုပ်စုထဲရှိတစ်ဖက်ထက်သာအောင် မကြိုးစားသင့်ပေ။ ဘယ်လောက်တော်သည်မှာ အကြောင်းမဟုတ်ပေ။ သင်အများကြီး မတီးခတ်သင့်ပေ။
အလွန်အကျွံမတီးခတ်ခြင်းသည် အရေးပါသော jamming ဖြစ်သည်။ ဒုတိယအရေးကြီးဆုံးမှာ နားထောင်ခြင်းဖြစ်သည်။ အခြားတူရိယာသို့ အပြန်အလှန်နားထောင်ခြင်းသည် key များ လက်တန်းစပ်နိုင်သည်။ မည်သည့်အသံသည် အကောင်းဆုံးဖြစ်သည်ကို ပေါင်းထည့်ပါ။
ဂီတသို့ အလေးဂရုစိုက်ခြင်းသည် တီးခတ်ခြင်းတစ်မျိုးဖြစ်သည်။ မလွဲမရှောင်သာလိုအပ်သည်။ မတီးခတ်စဉ်တွင် သင်တီးခတ်လိုသည့် လိုင်းများကို ကြိုတင်ရေးဆွဲထားသည်။ ကြိုတင်ထုလုပ်ခြင်းဖြစ်ပြီး ပြန့်ချီခြင်းလည်းဖြစ်သည်။
အရေးကြီးသည်မှာ သေချာပြုလုပ်ခြင်းဖြစ်သည်။ စီစဉ်မှုများတွင် နေရာကျယ်ကျယ်ဝန်းဝန်းယူရန်မလိုပေ။ အခြားတူရိယာများထက် ကျယ်လောင်စွာ မတီးခတ်ပါနှင့်။ အထူးသဖြင့် jam အပိုင်းတွင် ရမ်သမ်ဂစ်တာသမားအတွက် အဓိကပြသနာဖြစ်သည်။
မှန်ကန်သော key များကို ထားခြင်း
အရေးပါဆုံးအချက်မှာ သင်အခြားသူများနှင့် တီးရာတွင် သင်key များကို မှတ်မိစေရန်ဖြစ်သည်။ ထို key အပိုင်းများသည် နုတ်၏လိုအပ်သော scale များဖြစ်သည်။ မှန်ကန်သော ကော့ဒ်များသည် နုတ်အသီးသီးတွင် တီးခတ်ရာ၌အကျိုးသက်ရောက်စေသည်။ သင် သို့မဟုတ် အခြားဂစ်တာသမားတီးခတ်ခြင်းကို ထင်မြင်စေသည်။ အခြားဂစ်တာသမားသည် ရမ်သမ်ကို တီးခတ်ခြင်းဖြစ်သည်။ Chord progression သည် သူတို့တီးခတ်စဉ်တွင် သီချင်းတစ်ပုဒ်၏ key များကို ပိုင်းခြားဖြစ်သည်။ သဘာဝအားဖြင့် တိကျသောနုတ်များကို သင့်အတွက်အရိပ်အမြွက်ပြပေးသည်။ (lead ဂစ်တာသမား)
အကယ်၍သင်သည် ဂီတသီအိုရီနှင့်ပတ်သက်၍ ဗဟုသုတမရှိလျှင် လူတိုင်းသည် သင်တီးခတ်သည် နုတ်များမှားနေကြောင်း ယေဘုယျအားဖြင့် ပြောပြေနိုင်သည်။ စတင်တီးခတ်သူများသည် နုတ်များ key များ သိရှိရန် လိုအပ်သည်။ သူတို့သည် သင့်လျော်နုတ်များကို အသုံးပြုရန်လိုအပ်သည်။
ဥပမာအားဖြင့် ရမ်သမ်ဂစ်တာသမားသည် B minor ထဲမှ key ထဲတွင် chord blue သုံးခုကို တီးခတ်ပေလိမ့်မည်။ အကယ်၍ သင်key ကို မသိခဲ့လျှင် progression မှ ပထမဆုံးနှင့် နောက်ဆုံးကော့ဒ်ကို အသုံးပြုထားသော key များမှ အကောင်းဆုံးအညွန်းဖြစ်သည်။ အနည်းဆုံးတွင် ငုင်းသည် မေဂျာ(သို့) မိုင်နာ key ဖြစ်လျှင် progression ၏ယေဘုယျ tone သည် ညွန်ပြရန်လုံလောက်ပေလိမ့်မည်။ ထိုကိစ္စတွင် key ကိုတစ်ကြိမ်သိလျှင် B minor scale တွင် ရုတ်တရက်စတင်လိမ့်မည်။ B minor pentatonic scale စသဖြင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဂီတကို ဖန်တီးကတည်းက ကန့်သတ်ရန်မဖြစ်နိုင်ပေ။ သင်သည် solo scale များကို ရရှိနိုင်သည်။ Pentatonic scale (သို့) မည်သည့်နည်းမဆိုဖြစ်သည်။ ဥပမာအားဖြင့် Phrygian mode သည် ရိုးရာ စပိန် scale ဖြစ်သည်။ Mode များမှာ ပို၍ ရှုပ်ထွေး၍အကျိုးကျေးဇူးရရန် ဂီတသီအိုရီသိရန် လိုအပ်သည်။
ဂီတကို မှတ်တမ်းတင်ခြင်း
သင်သည် လေ့ကျင့်၍လေ့ကျင်လျှင် သင်၏ ပထမဆုံး demo ကိုမှတ်တမ်းတင်ရန် အဆင့်သင့်ဖြစ်ပြီးဖြစ်သည်။ သို့သော်ဘက်က စတင်ရမလဲ။ ကျွမ်းကျင်သော စတူဒီယိုသို့ သွားသင့်ပါသလား။ သို့မဟုတ် အိမ်၌ကြိုစားရမလား။ မည်ကဲ့သို့ အသုံးအဆောင် software များ သင်လိုအပ်ပါသလဲ။ လူတိုင်းသည် album တစ်ခုလုံးကို ရက်သတ္တပတ်အတွင်း ရေး၍ မှတ်တမ်းတင်နိုင်သည်ဟု ဆိုသော်လည်း မှတ်တမ်းတင်ခြင်း အံသြဖွယ်ကောင်းသော လှည့်စား၍ အသေးစိတ်ကျသော အလုပ်ဖြစ်သည်။
ဤစာမျက်နှာသည် ဂီတသမားများအတွက် လမ်းညွန်မှုဖြစ်ပြီး သူတို့၏ကိုယ်ပိုင်သီချင်းများနှင့် မှတ်တမ်းတင်ရန် အဆင့်သင့်ဖြစ်ပြီးဖြစ်သည်။ မှတ်တမ်းတင်ခြင်း၏ အခြေခံဖြစ်သည်။ ကျွမ်းကျင်သော စတူဒီယို၏မျှော် လင့်ထားသော အရာဖြစ်သည်။ အိမ်တွင်းမှတ်တမ်းတင်ဆင်ခြင်း၏ အကြမ်းဖျင်းဖော်ပြချက်ဖြစ်သည်။
မှတ်တမ်းတင်ရာတွင် ဘာများလိုအပ်ပါသလဲ
Drum။ drum နှင့်ရိုက်ချက်များကို မှတ်တမ်းတင်ရန်မှာ အကောင်းဆုံးစိတ်ကူးဖြစ်သည်။ အခြားမှတ်တမ်းတင်သော ဂီတသမားများကို ကူညီရာရောက်သည်။
Bass။ ဒုတိယနေရာအဖြစ်မှတ်တမ်းတင်သင့်ပါသလား။ ရမ်သမ်ဂစ်တာ၏ကော့ဒ်များနှင့် drum ၏အခြေခံတီးလုံးများ ကြားထဲတွင်အလယ်အလတ် အခြေပြုခြင်းဖြစ်သည်။
Rhythm Guitar။ တတိယမြောက်မှတ်တမ်းတင်သင့်သည်။ Lead guitar အတွက် အခြေပြုခြင်းဖြစ်သည်။
အဆို။ နောက်ဆုံးတွင် ဘေ့စ်နှင့် ရမ်သမ်ဂစ်တာကော့ဒ်များ၏ သံစဉ်များကြားထဲတွင် အဆိုရှင်စတင်နိုင်သည်။ ထို့နောက် ဂစ်တာသမား၏ solo သံစဉ်များလိုက်သင့်သည်။ အဆိုများမှာ တစ်ခါတစ်ရံတွင် track လမ်းညွန်အဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။ နောက်ဆုံးအဆင့်တွင် ဖျော်ဖြေမှုကို အာရုံစိုက်သင့်သည်။
dick.png
Mixing
Mixing volume level များနှင့် အခြား audio dynamics သို့မည်သည့်အချိန်တွင်လာပါသလဲ။ တစ်ယောက်ယောက်သီးခြားအရာများကို ခွဲခြားရန်လိုအပ်သည်။ ပထမဆုံးမည်သည့် တူရိယာများ အကြားသင့်ဆုံးပါလဲ။ ဂစ်တာကို အာရုံစိုက်ထားသော rock တီးဝိုင်းတွင် lead နှင့် ရမ်သမ်ဂစ်တာများမှာ ပို၍ အရေးပါသည်။
အခြားအရေးကြီးသောအရာမှာ master volume level ဖြစ်သည်။
အသက်မွေးဝမ်းကျောင်း စတူဒီယို
သင်သည် ဖန်တီးမှုကို ထိန်းချုပ်နိုင်သော်လည်း မှတ်တမ်းတင်ရာတွင် ကျွမ်းကျင်သော အသံနည်းပညာရှိခြင်းသည် ပို၍ လွယ်ကူသည်။
တစ်ကိုယ်ရေသုံး စတူဒီယို
သင်၏ဘဏ္ဍာငွေအပေါ် မူတည်သည်။ သင်၏ home recording studio ၏အပြင်အဆင်နှင့် ဒီဇိုင်းကို ပြောင်းလဲနိုင်သည်။ သင်၏ home studio ကိုမည်ကဲ့သို့ အကျိုးသက်ရောက်နိုင်သည်မှာ သင်မှတ်တမ်းတင်ရန် ရည်ရွယ်ထားသော တီးခတ်ပုံတွင် မူတည်သည်။ ဂစ်တာသမားအတွက် ကွန်ပျူတာ၊ audio interface, amplifier, ဂစ်တာနှင့် dynamic mic တို့ကို အသုံးပြုနိုင်သည်။ ပို၍ အဆင့်မြင့်သောဂီတ ပေါင်းစပ်ခြင်းအတွက် hardware mixer, keyboards, drum machine နှင့် ခြားနားသော microphone များ VST software နှင့် percussion တူရိယာများပေါင်းထည့်ရန်လိုအပ်သည်။
အိမ်၌ စတုဒီယိုအသေးစားကို ထားခြင်းကို အပန်းမကြီးဘဲ စတင်နိုင်သည်။ ခေတ်ပေါ်ကွန်ပျူတာ၏ စွမ်းအားသည် များပြားလှသောမှတ်တမ်းတင် ရွေးချယ်ခွင့်များကို ကြီးမားစွာပေးသည်။ ကွန်ပြူတာသည် home recording နှင့် pro studio ၏အလယ်ကျလာသည်။ Pro studio တွင် ဈေးကြီးသော compressor နှင့် outboard effect များကဲ့သို့ audio အသုံးအဆောင်ပစ္စည်းအပိုများဝယ်ပါ။ လူအများလက်ခံနိုင်သော မှတ်တမ်းတင်အရည်အသွေးများ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ကျွမ်းကျင်သော ဂီတသမားများသည် များသောအားဖြင့် ကုန်ကျစရိတ်များသော ကျွမ်းကျင်သော စတူဒီယိုသို့မသွားမီ သူတို့၏ သီချင်းများ၏ demo version ကို ပြင်ဆင်ကြသည်။ ငုင်းသည်လည်း သင်အလုပ်လုပ်ရာတွင် အသုံးပြုသင့်သော နည်းလမ်းဖြစ်သည်။
အသုံးအဆောင်များ
Condenser microphone များမှာ ယေဘုယျအားဖြင့် အကူးစတစ်ဂစ်တာများမှတ်တမ်းတင်ရာတွင် အသုံးပြုခဲ့သည်။ Dynamic microphone များမှ amplifier speaker များအတွက် သင့်တော်သည်။ ဈေးပေါသော microphone များကို မ၀ယ်ဖြစ်ရန်ကြိုးစားပါ။ အပိုကျန်ကျခြင်းသည် သင့်၏မှတ်တမ်း၏မြင့်မားသော အသံအရည်အသွေးနှင့်ဆက်စပ်နေသည်။
Audio interface သည် တူရိယာနှင့် microphone အတွက်မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ Audio interface များမှာ external box အဖြစ် USB (သို့) Firewire (သို့) internal PCI card ကို အသုံးပြုနိုင်သည်။
PC သည် သင်မှတ်တမ်းတင်နိုင်သော track ပမာဏကို ပိုင်းခြားရာတွင် အသုံးပြုသည်။ Laptop သည် သယ်ဆောင်ရလွယ်ကူသော မှတ်တမ်းအဖြစ် အသုံးပြုမှုများသည်။ သို့သော်အသုံးပြုမှုနည်းပါသည်။ သင်သည် RAM 4 gb ကိုအသုံးပြုသင့်သည်။ audio recording နှင့် playback သည် computer အရင်းအနှီး၏ ဆင်းသက်မှုပေါ်တွင် နေရာထားနိုင်သည်။ မှတ်တမ်းတင် software မှာ များသောအားဖြင့် multiple processor နှင့်လာသည်။
ဂစ်တာကောင်းတစ်လက်သည် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ဂစ်တာသမားများသည် open chords များကိုနှင့် scale အနည်းငယ်တီးခတ်ပြီးနောက် ဂစ်တာကိုကောင်းမွန်သော အရည်အသွေးဖြင့်အစားထိုးသင့်သည်။ များသောအားဖြင့် တစ်နှစ်အတွင်း သူတို့စတင်တီးခတ်သော နေ့ရက်မှ ဆိုလိုသည်။ ဂစ်တာသမားသည် သူတို့၏ပထမဂစ်တာကို သံယောဇဉ်ပိုတွယ်တာသည်။ ထိုကြောင့် ဂစ်တာ၏ မြင့်မားသော အရည်အသွေးပေါ်တွင် မူတည်သည်။ အကောင်းဆုံးစည်းမျဉ်းမှာ သင်၏အနှစ်သက်ဆုံး ဂစ်တာသမားခြားနားသော amp များမှ နေ၍ ဘာကို တီးခတ်လဲဆိုတာကို ရှာဖွေရန်ဖြစ်သည်။ သင့်အတွက် အကောင်းဆုံးခံစားချက်ဘာလဲဆို သင်မြင်တွေ့ နိုင်သည်။ Gibson နှင့် Fender တို့ လူကြိုက်များနေသည်မှာ အကောင်းဆုံးအကြောင်းပြချက်ဖြစ်သည်။ သင်ကြိုက်သောဂစ်တာကို ရှာဖွေရန်သတိရပါ။
nee.png

@nyeinzaw
MSC - 167
Thank You!!

Sort:  

drum တီးချင်တယ်ဗျာ

Nice post

Thz for sharing

မတီးတာကြာ့ လို မေ့ကုန်ပြီ

ကျော်က ဟော်လို တီးမယ်

အိမ်း နောက် သေချာလုပ်ပါကွယ် အလုပ်ကို

တစ်ခါတစ်လေ ပေါက်ကရလေးဆယ် တီးပစ်လိုက်ချင်တယ်

good post. thank shareing

good post

ဗဟုသုတရတယ်bro

ကောင်းပါတယ်

I like music!
Upvoted!