စိတ်၏ခြင်းရာများ အပိုင်း(၂)
"အာရုံ တစ်ခုခု ရအောင်ပြု မှတ်ရှု့စိတ်သိပုံ
အဝေးလည်းသွား တပါးတည်းနေ
ကိုထည်မရှိ ဂူအောာင်းဘိ။
စိတ်၏ခြင်းရာစုံ။"
"တောင်မြို့ဆရာတော် ဘုရားကြီး ရေးသားတော်မူသည့်(ကိုယ်ကျင့် အဘိဓမ္မာ) ဖြစ်ပေသည်။"သာသနာတော်၌ အထွဋ် အထိပ်ဆရာတော်ဘုရားကြီးပင် ဖြစ်ပေသည် အလွန်ကြည်ညိုရပါသည်။လွန်ခဲ့တဲ့ ၆_ နှစ် လောက်ကတည်းက ရနေသည့် လင်္ကာဖြစ်ပါသည်။မည်သည့်ဆရာတော် ရေးစပ်ထားသည့် လင်္ကာလဲ
မည်သည့်တရား စာအုပ်ထဲကလဲ
အဘိဓမ္မာ သင်ယူစဉ်တုန်းက ရနေသည်လား မမှတ်မိတော့ပေ။သို့ပေမယ့် ဦးနှောက်ထဲမယ်တော့ ခုချိန်ထိ စွဲနေမိပါသည်။
အရမ်းလေးနက် ခက်ခဲသည့် တခို့ ကြောင်းရာတွေ ဆိုလျှင် ဥပမာ ဥပမေယျများဖြင့် ပြောဆို ရှင်းလင်း ရေးသားကြပေသည်။အရက်သမားဆိုလျှင် အရက်သမား၏ သဘာဝတခို့  သို့မဟုတ် နားလည်လွယ်ပြီ ဆက်စပ်သည့် စကားအပြောအဆို ဥပမာဖြင့် ပြောဆို ရှင်းလင်းလျှင် ပိုမို နားလည် လွယ်မည် ဖြစ်ပေသည်။
မူရင်းမပျက် အကြောင်းသာဓက ပုံစံ အမိုးမိုးဖြင့် ဟောကြားသည့် ဆရာတော်များ ပြန်လည်ရေးသားသည့် ရဟန်းပညာရှိ လူပညာရှိ တွေသည်လည်း အမြောက် အများ ရှိနေပေသည်။တခို့ အရာ တွေသည် ရှင်းလင်း လွန်းလျှင်လည်း မူရင်း အဓိပ္ပာယ် လေးနက်မှု လျော့နည်းသွား စေတတ်သည့် သဘောလည်း ရှိပေသည်။ရှင်းလွန်းရင် အာဘော် လွန်သွား တတ်သည့် အတွက်ကြောင့် မူရင်းကို သေချာကျနစွာ သဘောပေါက်ဖို့ လိုအပ်လှပေသည်။(ထို့ကြောင့် သဘောပေါက်လာခဲ့ပြီလေ။)
အသေးစိတ် ရှင်းလင်း ရေးပြနေရလျှင် လိုရင်းရောက်မည် မဟုတ်ပေ။ ရေးသားထားသည်က မလွဲမှားဖို့သည်သာလျှင် လိုရင်းကျမည်ဟု ထင်မိပါသည်။
ကျမ်းရင်း ထောက်ပြနိုင်လျှင် ပိုကောင်းပါသည်။ပညာရှိ တို့သည် ကျမ်းဂန်ကိုထောက်၍ ပြောဆိုတတ်သည်တဲ့။ဖတ်ဖူး မှတ်ဖူးထားသည့် တရားစာပေသည်လည်း အများသား။ကျမ်းညွှန်းမပါသည့် စာအုပ်များလည်း ရှိပေသည်။သို့သော် ဘုရားဟောတရားတော် ဖြစ်သည်ကို ထူြးေuစရာ မလိုပေ။တဆင့်တဆင့်ပေါ့လေ။ တိကျသေချာအောင် ကိုယ်တိုင် သဘောပေါက်အောင် မှီးငြမ်း လေ့လာရပါသည်။ မည်သူမှ မွေးလာကတည်းက တတ်လာသည် မဟုတ်ပေ။တဆင့် တဆင့် မှီငြမ်းရခြင်း သာလျှင် ဖြစ်ပါသည်။ မွေးလာကတည်း တတ်လာတာ ဆိုလျှင်တော့ မပြောတတ်ပေ။ တရားစာပေ ရေးရသည်က မလွယ်ကူလင့်ကစား အနှစ်သာရ ရှိသည်မို့ ပျော်ပါသည်။စိတ်၏ အခြင်းရာ ၄-ပါးဖြစ်ပါပေသည်။စိတ်၏ ခြင်းရာလေးပါး ထဲဝယ် -
တစ်ပါးကို ထုတ်နုတ် တင်ပြချင်ပါသည်။
"မိမိ၏ စိတ်သည် အဝေးကိုလည်း သွားတတ်ပါသည်တဲ့"။
ဝိပဿနာတရားစခန်းဝင် တရားအားထုတ်စဉ်က
နှာသီးဝကို ဝင်လေ တိုးဝင်လာရင်
ဝင်လေသိ၊ ရှုထုတ်လိုက်တဲ့ လေက နှာသီးဝကို တိုးထွက်သွားရင် ထွက်လေသိ စသည်ဖြင့် နှာသီးဝမှာ စိတ်ကို တည်နေအောင် ထားရမည် ဖြစ်ပါသည်။သို့ပေမယ့် စိတ်က တောင်ရောက် သွားလိုက် မြောက်ရောက်သွားလိုက်နှင့် မိမိကျက်စားဖူးသည့် အာရုံ၌ ကျရောက်နေတတ်ပေသည်။တရားသာ ထိုင်နေသည် စိတ်ကတော့ သူငယ်ချင်းတွေဆီ ရောက်သွားလိုက် အိမ်ကိုရောက် သွားလိုက်နှင့် မငြိမ်မသက် ပြေးလွှားနေပေသည်။ထို့ကြောင့် အဝေးက အာရုံကို လှမ်း၍အာရုံ ပြုနိုင်သောကြောင့် အဝေးကို သွားသကဲသို့ ထင်ရပေသည်။ တနည်း-မိမိစိတ်သည် ကျင်လည်ကျက်စားဖူးသည့် အဝေးက အာရုံအား လှမ်း၍ အာရုံပြုနိုင်သောကြောင့် အဝေးကို သွားသကဲ့သို့ ထင်ရပေသည်။
မငြိမ်သက်သည့်စိတ်အား ငြိမ်သက်တည်ငြိမ်အောင် ရှု့မှတ်အားထုတ် ရပေသည်။သို့မှသာ တည်ငြိမ်သည့် သမာဓိကို ရရှိပေမည်။ သမာဓိ တည်မှသာလျှင် "ယထာဘူတံ"ံ ခန္ဓာကြီး၏ မမြဲသည့် သဘောအား အရှိကို အရှိတိုင်း ၊အမှန်ကို အမှန်တိုင်း သိမြင်ရပေမည်။ထက်ဆင့် တိုးကာ လေ့လာ၍ ဝိပဿနာ တရားများအား ရှု့မှတ်ပွားများနိုင်စေသောဝ်။
ဆရာတော်ကြီးများနှင့် ဆရာများအား ဦးထိပ်ထားလျှက်။
##poto google
writing -@naythuhtet
သာဓုပါ ဆာ
တခွန်းလည်း နည်းတာ မှတ်လို့😀😀😀