သူတစ်ပါးအခြားသောသူတွေရဲ့အလုပ်မှာ အချိန်ကြာမြင့်စွာလုပ်နေသည့်အချိန်တွေတုန်းက ကျွန်တော်အတွက်အခက်အခဲမရှိခဲ့ပါဘူး။ အချိန်တန် လစာထုတ် ရလာသမျှကို ဘယ်နေရာတွေသုံးမယ် ဘယ်လိုလုပ်မယ်ဆိုပြီးရှိပါတယ်။ အဲအချိန်တုန်းက ကျွန်တော်အတွက် ဘာမှ မပူမပင်မကြောင်းမကျပေါ့။ ဘာလုပ်ချင်လဲ၊ ဘာဝယ်ချင်လဲ လုပ်ချင်တာဖြစ်အောင်လုပ်နိုင်ခဲ့တယ်။ မိမိကိုယ်ပိုင်အလုပ် မိမိကိုယ့်ပိုင်ဆိုင်လေးနဲ့ဖြစ်လာတော့။ အခြားသူဆီမှာ ဝန်ထမ်းပုံစံမဟုတ်တော့ပဲ ဝတ်စရာအင်္ကျီတောင် ဝယ်မဝတ်နိုင်တဲ့ဘဝကိုရောက်သွားပါလေရော။ ဝန်ထမ်းဘဝက ကိုယ်ပိုင်အလုပ်ကိုယ်ပိုင်ဆိုင်ဆို ပိုကောင်းမယ်လို့ထင်ခဲ့မိပေမဲ့ လက်တွေ့ဘဝတော့ ကိုယ့်ကိုလစာပေးမဲ့သူမရှိတော့တာ အသေအချာပဲလေ ကိုယ့်အလုပ် ကိုယ့်ဆိုင်ရယ်လို့ဖြစ်လာဖို့ ကျိုးစားခဲ့ရတာနဲ့ မလွယ်လှတော့ ရလာသမျှ ထပ်တိုးတက်အောင်ကြိုးစားရင်း ဝတ်ဖို့မပြောနဲ့ စားဖို့တောင် အနိုင်နိုင်ဘဝဖြစ်သွားရတယ်ဆိုတာ ကြုံဖူးမှသိကြမှာပါ။ ကိုယ်က အခြားသောသူတွေကို လစာပေးပြီးခိုင်းနိုင်ပေမဲ့ ကိုယ်ကိုလစာမပေးနိုင်တာတော့သေချာပါတယ်။ ကိုယ်ပိုင်ဆိုင်ဖွင့်ပြီးမှ လခစားလောက်မရတဲ့ဘဝကို သိရှိနိုင်ရင်သိပ်ကောင်းမှာပဲ။ ကိုယ်အလုပ်ကိုယ်ဆိုတော့ နားလို့လည်းမရ အားလို့လည်းမရ ဒီထက်တိုးတက်အောင် ကောင်းမွန်အောင်ဆိုပြီး လုပ်တာနဲ့ အမျိုးမျိုးသောဝန်ဆောင်ခပေးတာနဲ့ စားတာသောက်နဲ့ပဲ ကျန်တယ်မရှိပါဘူးဗျာ။ တစ်ခါတစ်လေတော့ လခစားဘဝပဲ ပြန်တောင်းတမိပါတော့တယ်။
ကျတော်တော့အပြောင်းလဲလေးဖြစ်လာအောင်လက်ရှိအစိုးရအလုပ်ကိုထွက်စာတင်ထားပါပြီဗျာ
အတွေ့အကြုံလေးတွေမျှပေးတဲ့အတွက် ကျေးဇူး☺