အောင်မြင်မှု ဒီအောင်မြင်မှုဆိုတဲ့အရာနဲ့ပတ်သက်လို့အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကတော့အများအပြားရှိပါတယ်။ဖွင့်ဆိုချက်များစွာရှိသော်လည်တခုနှင့်တခုတူညီလှတယ်မရှိပါဘူး။တကယ်တမ်းအောင်မြင်သူဆိုတာဆုံးရှုံးခြင်းဆိုတဲ့အရာကိုကျော်လွှားနိုင်ခဲ့သူတွေပါပဲ။အောင်မြင်သူတွေဆိုတာတစ်ချိန်တုန်းကအကြိမ်ကြိမ်ကျရှုံးခဲ့ဖူးသူတွေပါပဲ။ကျရှုံးစဉ်ကအမှားများကိုနောက်တစ်ကြိမ်ထပ်မမှားရအောင်ပြင်ဆင်နိုင်သူတွေဟာအောင်မြင်မှုပန်းတိုင်သို့တည့်တည့်မတ်မတ်ရောက်ရှိကြမှာပါဆုံးရှုံးဖူးသူတွေမှသာလျှင်အောင်မြင်အောင်ကြိုးစားဖို့အတွက်နည်းလမ်းကောင်းတွေရှာတွေတတ်ပါတယ်။
အဓိကအောင်မြင်လိုစိတ်ရှိဖို့ရယ်အောင်မြင်အောင်ကြိုးစားနိုင်တဲ့ဇွဲရှိဖို့တော့လို့အပ်ပါတယ်။တကယ်တော့ဆုံးရှုံးခြင်းဆိုတာအောင်မြင်ဖို့အတွက်အားဆေးတစ်ခွက်ပါပဲ။ဆုံးရှုံးမှာမကြောက်ပါနဲ့လုပ်ငန်းသေးသေးပဲလုပ်လုပ်ကြီးကြီးပဲလုပ်လုပ်အရှုံးကု်ိအရင်တွက်ထားပါ။ဆုံးရှုံးခဲ့ရင်ဘယ်လိုဆက်လုပ်ရမယ်ဆိုတာစဉ်းစားထားသင့်ပါတယ်။ဘာကြောင့်လဲလုပ်ငန်းအောင်မြင်သွားရင်ပြသနာမရှိပေမယ့်ဆုံးရှုံးသွားရင်ပြသနာရှိနိုင်တယ်လေဒါကြောင့်အရှုံးအတွက်ကြိုတွေးထားသင့်တယ်ကြိုတင်ပြင်ဆင်ထားသင့်တာပေါ့။အောင်မြင်တိုးတက်မှုကိုလိုလားသူတိုင်းဟာအမြဲတစေလှုပ်ရှားလုပ်ကိုင်နေရမှာပါ။လှုပ်ရှားမှုမရှိတဲ့လူဟာကန်ရေပြင်နဲ့တူပါတယ်စီးဆင်းမှုမရှိတဲ့အတွက်ရေအဟောင်းအသစ်မလဲနိုင်ပါဘူးပြောချင်တာကပြောင်းလဲမှုမဖြစ်လာနိုင်ဘူးဆိုတာပါပဲ။ကျရုံှးချိန်မှာစိတ်ဓာတ်မကျဖို့အရေးကြီးပါတယ်စိတ်လေလွင့်နေခဲ့ရင်လူဟာအမှားဘက်ကိုဦးတည်သွားနိုင်လို့ပါပဲ။အောင်မြင်လိုစိတ်ကိုပြင်းပြင်းပြပြထားရမယ်ဆိုပေမယ့်ဆုံးရှုံးချိန်မှာစိတ်ဓာတ်ခိုင်မာနေရပါမယ်။
သင်ဆုံးရှုံးသွားပြီလားပြန်လည်အောင်မြင်ဖို့ကိစ္စကိုခေါင်းပူအောင်အလောတကြီးမစဉ်းစားပဲဘာကြောင့်ဆုံးရှုံးရတာလဲဘာတွေမှားနေလို့လဲဆိုတာသေချာစေ့စေ့စပ်စပ်တွေးခေါ်ပြီးစိတ်တည်တည်ငြိမ်ငြိမ်နဲ့ပြန်လည်ကြိုးစာရမှာပါ။အရေးကြီးတာကစိတ်ဓာတ်မကျသွားဖို့ပါပဲစိတ်ဓာတ့ကျသွားပြီဆိုရင်လုူရဲ့ကျန်းမာရေးပါထိခိုက်လာမှာပါအရုံှးပေါ်အရုံှးဆင့်လာတဲ့ဘဝမျိုးအရောက်ခံမှာလား။လဲကျတယ်ဆိုတာလောကဓံတရားရဲ့တိုက်ခိုက်မှုတွေပါလဲကျတဲ့အချိန်တိုင်မှာပြန်ထနိုင်တဲ့သူဖြစ်နေရင်လာစမ်းပါလောကဓံတရားလာတိုက်ခိုက်စမ်းပါလို့စိန်ခေါ်လို့ရပါတယ်။လူတစ်ယောက်ရဲ့စိတ်ဟာအောင်မြင်ရေးအတွက်များစွာအရေးကြီးကြောင်းပြောချင်ပါတယ်။မမှားသောရှေ့နေမသေသောဆေးသမားဆိုသလိုပဲမကျရှုံးဖူးတဲ့စီးပွားရေးသမားလဲမရှိပါဘူး။သိပ္ပံပညာရှင်အက်ဒီဆင်တောင်မှာသူ့ရဲ့တီထွင်မှုမှာအကြိမ်တစ်ရာလောက်စမ်းသပ်ခဲ့တယ်မအောင်မြင်သေးဘူးသူဆက်လုပ်တယ်သူမှားခဲ့တဲ့အကြိမ်တစ်ရာကိုရှောင်လိုက်ပြီဆိုရင်အမှန်တရားဘက်ကိုအရမ်းနီးစပ်နေပြီဆိုတာသူယုံကြည်ချက်နဲ့ဆက်လုပ်ခဲ့တာပါဒါကြောင့်ပဲသူ့ရဲ့စမ်းသပ်တီထွင်မှုဟာအောင်မြင်ခဲ့တယ်လေ။သူဟာအရုံှးကိုသင်ခန်းစာယူနိုင်ခဲ့တယ်စိတ်ဓာတ်ခိုင်မာခဲ့တယ်ဒါကြောင့်အောင်မြင်တဲ့သိပ္ပံပညာရှင်တယောက်ဖြစ်လာခဲ့တာပေါ့။လူတယောက်အောင်မြင်ရေးမှာစိတ်ဓာတ်ဟာသိပ်အရေးကြီးပါတယ်။စိတ်ဓာတ်ခိုင်မာမှုရယ်မှန်ကန်စွာစဉ်းစားဆုံးဖြတ်နိုင်မှုရယ်မလျော့သောဇွဲနဲ့ကြိုးစားမှုရယ်ဒီအချက်တွေပြည့်စုံနေပြီဆိုရင်အောင်မြင်မှုဟာသင့်ရဲ့လက်တစ်ကမ်းမှာရှိနေမှာပါ။
အစဉ်ကြိုးစားလျှက်
Author. nainglinn
အရမ်းကောင်းအကို
ကျေးဇူးပါဗျ
idea is good
Thanks
အားပေးခဲ့တယ် bro
ကျေးဇူးပါ
အရမ်းကောင်းပါတယ်
ကျေးဇူးပါဗျ
can't see the myanmar font on this one.
Yes i don't known. why can't myanmar font.
B15@shwebote
Thanks
ကောင်းပါတယ်
ကျေးဇူးပါ
Good post
Thanks bro
ဖတ်ရတာ အားရှိလိုက်တာဗျာ ကြိုးစားပါဗျ
ကျေးဇူးပါဗျာကြိုးစားနေမှာပါ