တကယ်ဆို
အိပ်စက် အနားယူဖို့ သင့်ပြီမှန်း သိနေတယ်
ဒါပေသိ
မျက်လုံးမှိတ်လိုက်တိုင်း
ပေါ်လာတတ်တဲ့ မင်းပုံရိပ်ကြောင့်
အတွေးကမ္ဘာထဲ ချာချာလည်
သေချာတယ်
ကြယ်တွေ ရေတွက်ရင်းကပဲ
မင်းကို လွမ်းတဲ့ တေးသွားလေးတွေ
ခပ်ပါးပါး ညည်းနေမိတော့ပြန်တယ်
@nainghtookhant
Photo credit; Facebook image
အလွမ်းကမ္ဘာအထဲမှာ တ၀ဲလည်လည်ဖြစ်နေပြီပေါ့လေ
ဟုတ်တယ်ကိုစောရေ အလွမ်းဆိုတာ မိတ်ဖက်အဖြစ်ပါလာတာ
အချစ် မင်းကို လွမ်းရတဲ့ ညတွေ လွန်ပါစေ...🎤🎤🎼🎼
နားထောင်ကောင်းတ့ ဆက်ဆိုပါ