Myanmar Steemit Organization : MSO

in #myanmar7 years ago

Steemit သဘောတရားရှင်းပြရရင်
Facebook ကိုလူအများရင်းနှီးပြီးဖြစ်လို့ Facebook အသုံးအနှုန်းဖြင့်ရှင်းပြပါမယ်

Facebook ပေါ်တွင် Post တင်သလို Steemit တင်လည်း Post တင်လို့ရပါတယ်။ နည်းနည်းကွဲတာက Steemit သည် Blog ရေးသလိုမျိုးပုံစံပါ မိမိရေးတဲ့စာတွေကိုလည်း အကြီးအသေး, Bold, italic, List, Order, နဲ့ ပုံလေးပါကြားညှပ်ထည့်တင်လို့ရပါတယ်။

Facebook ပေါ်က Post ကို Like ပေးသလို
Steemit ပေါ်က Post ကို Vote ပေးလို့ရပါတယ်။
Comment လည်း ထိုနည်းလည်ကောင်းပါပဲ။
Comment တွေကိုပါ Like သလို vote လိုရတယ်။

မတူတာကဒီလိုပါ
Facebook ပေါ်မှာ ကိုယ်တိုင် Image ကောင်းကောင်း ဆောက်နိုင်မှသာ $ ရှာလို့အဆင်ပြေပါမယ်။
Steemit ပေါ်မှာကျတော့ Post တခုကို Vote ပေးလိုက်တာနဲ့ Post ပိုင်ရှင်ရော Vote ပေးတဲ့သူပါ $ တွေရပါတယ်။

Steemit ပေါ်မှာတော့ $ ဆိုတာ Steem Dollar (SBD) ကိုပြောတာပါ။ Platform ရဲ့သတ်မှတ်ချက်အရ 1 SBD = 1 USD ပါ။ ပြင်ပ Market မှာတော့ 1USD အထက်ဖြစ်ချင်ဖြစ်မယ် 1USD အောက်ဖြစ်ချင်ဖြစ်ပါမယ်။ Supply & Demand ပေါ်မူတည်ပါတယ်။ Vote အကြောင်း ပြန်ကောက်ရရင် Vote ပေးလိုက်လို့ Post မှာ ပြလာတဲ့ $ ကို 75%, 25% အချိုးနဲ့ခွဲပြီး Post ပိုင်ရှင်ကို 75% ပေးပါတယ်။ Vote ပေးသူကို 25% ပေးပါတယ်။ ဒီနေရာဒီလိုပဲခဏမှတ်ထားပေးပါ။ ဒါဆို vote တိုင်း $ တွေရနေရင် အယောက် တရာ vote ရရင် ပွပြီလားဆိုရင် အဲ့လိုလဲမဟုတ်ပြန်ဘူး။

Steemit ပေါ်မှာ Steem Power (SP) ဆိုတဲ့ အားတခုရှိတယ်။ အကောင့်တိုင်းမှာ SP ရှိတယ်။ SP က တည်ဆောက်ယူရပါတယ်။ SP ကိုဝယ်လို့လည်းရသလို ငှားလို့လည်းရတယ်။ ကိုယ်ကပြန်ငှားလို့လည်းရတယ်။ SP အားကောင်းတဲ့ အကောင့်ကနေ post တခုကို လာ vote ပေးရင် SBD တော်တော်ကိုရတယ်။ SP အားနည်းတဲ့အကောင့် ဆယ်ခုထက် SP သိပ်များတဲ့ အကောင့်တခုရဲ့ vote တချက်ဟာ ဟာခနဲဖြစ်စေနိုင်တယ်။

အပေါ်မှာတုန်းက vote ပေးသူလည်း $ ပြန်ရမယ်ဆိုတာ သူက SBD ရမှာမဟုတ်ဘူး။ Steem Power ရမှာ။ ဒါကြောင့် အစပိုင်းမှာ သူများကို vote ပေးရင် ကိုယ့်အကောင့်ရဲ့ SP တိုးလာအောင်လုပ်ကြရတယ်။

Post တခုမှာ vote ပေးသူတယောက်ထက်မကရှိပါတယ်။ ဒါဆို Vote ပေးသူတွေဟာ သူတို့ပြန်ရမယ့် SP ကို ပုခုံးခြင်းယှဉ်ပြိုင်ယူရပါတယ်။ ဘယ်လိုယှဉ်လည်းဆိုရင် Post ကို စောစောဝင် vote တဲ့သူက နောက်ကျမှ vote သူထက် ပိုရပါမယ်။ ဒါပေမယ့် နောက်ကျမှ vote သူက ရှေ့လူထက် SP များနေရင် နောက်လူက ပိုရပါမယ်။

ဒါဆို SP လည်းအသင့်အတင့်ရှိတယ် Post တင်တင်ခြင်း သွား vote မယ်ဆိုရင် Post ပိုင်ရှင်ပဲအကုန်ရပါလိမ့်မယ်။ အယ် ဘာတုန်း။ ဒီလိုပါ Vote လုပ်ရမှာ အချိန်အပိုင်းအခြားအလိုက် Reward ကိုခွဲထားပါတယ်။ ပုံလေးကြည့်ပေးပါ။

အဲ့တော့ Post ပိုင်ရှင်က 75% ရတဲ့ SBD ကို SBD အနေနဲ့အကုန်ရတာမဟုတ်ပြန်ဘူး။ 75% ကို SBD 50% နှင့် SP 50% အဲ့လိုပြန်ခွဲရမှာပါ။

ဆိုတော့ vote ခံရလို့ 100$ ရတယ်ထား။
25% 25$ က SP အနေနဲ့ vote ပေးသူဆီသွား။
75% 75$ က Post ရှင်ဆီသွား။
Post ရှင်မှာ ရလာတဲ့ 75$ ကို 50% SBD ဆိုတော့ 37.5 SBD နဲ့ 50% SP ဆိုတော့ 37.5 SBD ကို SP ပြန်ဖွဲ့ချင်ရင် လက်ရှိ Steem/USD ပေါက်ဈေးနဲ့ပြန်စား။ ပေါက်ဈေး 2$ ထား။ 18.75 SP ရပါမယ်။
ဒါတွေသိရအောင်ရှင်းပြတာပါ Platform ပေါ်မှာက Auto လုပ်မှာဖြစ်ပါတယ်။
နည်းနည်းထပ်ဖြည့်ပြောပါမယ်။ 75% ကို 50% SBD နဲ့ 50% SP ပဲလုပ်လို့ရတာမဟုတ်ပါ။ 75% ရတဲ့ဟာကို 100% လုံး SP ပဲလိုချင်လည်းရပါတယ်။ ဆိုတော့ 75% 75$ ကို Steem ပေါက်ဈေး 2$ နဲ့စား 37.5 SP ရပါမယ်။ ကိုယ်ကငွေကြောင့်လုပ်တာမဟုတ်ဘူးဆိုရင် အဲ့သူအတွက်လည်းအစီအစဉ်ရှိပါသေးတယ်။ လုံးဝ Vote Reward လက်မခံပါလို့ ချိန်ထားရုံပါပဲ။ SBD ရော SP ရော ဘာမှမရပါဘူး။
ပြန်ကောက်ရရင် Option 3 မျိုးရှိမယ်။

  1. 50% SBD, 50% SP
  2. 100% SP
  3. Decline Reward
    ဘယ်ဟာချိန်မလဲ ကိုယ့်ဆုံးဖြတ်ချက်ပါ။

MSO မှာပါဝင်သူတွေ အနေနဲ့ကတော့ ခေါင်းရှုပ်ရသက်သာအောင် Guide line တွေနဲ့ ကိုယ့်ကိုသတ်မှတ်ပေးထားသလို ကိုယ်စီတာဝန်ကျေရရပါပြီ။
MSO မှာ စည်းကမ်းတွေနဲ့ အဆင်ပြေပြေ vote နိုင်အောင် စီစဉ်ထားပါတယ်။

နိဂုံးချုပ်အနေနဲ့ ကိုယ်ရလာတဲ့ SBD တွေကို Steem Power တင်ဖို့အသုံးပြုရပါတယ်။ ကိုယ် Power တက်လေ ကိုယ်လည်းအကျိုးရှိသလို ကိုယ်နဲ့တွဲလုပ်နေသူတွေလည်း အကျိုးရှိစေပါတယ်။ $ တွေဘယ်အချိန် မန်းမန်းစားလို့ရမလဲဆိုရင် တနေ့ 50$ လောက်ဝင်ပြီဆိုရင် SP တင်သင့်သလောက်တင် မန်းမန်းလည်း နည်းနည်းစားပေါ့။ တဖြည်းဖြည်း SP တင်ရင်း အားပိုကောင်းလာလေ $ များများရလေဆိုတော့ အဲ့တော့ ထမင်းဝအောင်စားပေါ့။ 😁

ဒီထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်လို့ ချစ်က်ုကြီး ချစ်မကြီးတို့ရေ။

MSO မှာပါဝင်မယ်ဆိုရင်တော့

Member ဝင်ရန် Form
http://bit.ly/submitmso

MSO Main Group
http://bit.ly/MSOMainGroup

MSO Main Chat Group
https://t.me/MSO_MAIN

Sort:  

Thank for sharing.Steemit is an opportunity for myanmar people.The more myanmar people increase;the less jobless myanmar people become.

မကြာခင် လူအစုလိုက်အပြုံလိုက် မမ်းမမ်းစားကြတော့မယ် 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by ancesica from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.