နှုတ်ဆက်ခဲ့သည် အပိုင်း(2)

in #myanmar6 years ago (edited)

အပိုင်း ၁ဖတ်ရန်
ကိုစိန်လှတယောက် သားလေးကို သင်္ကြန်အတွင်းမွေးသောကြောင့် ဖိုးသင်္ကြန်ဟု အမည်ပေးရန် မခင်ဝိုင်းအားပြောပြလေသည်။မခင်ဝိုင်းကလည်း သဘောတူသဖြင့် ဖိုးသင်္ကြန်ဟုပင် (၇)ရက်မပြည့်ခင် အမည်တွင်သွားလေသည်။
credit image source
ဖိုးသင်္ကြန်လေးသည် မိဘအားအကျိုးပေးသော ကလေးဖြစ်သည်ထင်။ဖျားနာသော အခါများမှလွဲ၍ ငိုယိုဂျီကျသံ မကြားရ။မျက်နှာဝိုင်းဝိုင်းတွင် အမြဲရွှင်ပြသော မျက်နှာပေးရှိလေသည်။ကိုစိန်လှတို့အိမ်သည် ဖိုးသင်္ကြန်မွေးသည့်နှစ်မှစ၍ စီးပွားရေးများ ခါတိုင်းထက်အဆင်ပြေခဲ့လေသည်။သူများတွေ ကလေးရှိသော အခါ အလုပ်ကောင်းစွာ မလုပ်နိုင်သော်လည်း ကိုစိန်လှတိုမှာ ကလေးအတွက် အလုပ်များစွာ မပျက်ရပေ။ထို့အပြင် ဖိုးသင်္ကြန် (၄)နှစ်သားလောက်မှစ၍ ရွာဦးကျောင်းဆရာတော်ထံ နေ့ခင်းဘက် ပို့ထားလိုက်သည်။ဆရာတော်မှ ဖိုးသင်္ကြန်အား ဝလုံးရေးခြင်းမှစ၍ သင်ကြားပေးလေသည်။

ဖိုးသင်္ကြန်လေးသည် အရွယ်နှင့်မလိုက်အောင် မိဘအပေါ်သိတက်လှသည်။ဆရာတော်ဆုံးမထားသည့်အတိုင်း ညအိပ်ယာဝင်တိုင်း မိဘနှစ်ပါးကို ရှစ်ခိုးပြီးမှအိပ်သည်။နံနက်အိပ်ယာမှထလျင်လည်း ခြံထဲတွင်နွားများပါထားသော နွားချေးများကြုံးကာ နွားချေးပုံတွင် ပစ်ခြင်းကို မိဘများခိုင်းစရာမလိုပဲလုပ်ပေးသည်။ဖိုးသင်္ကြန်လေး ၅ နှစ်လောက်အရောက်တွင် တခြံလုံး တံမြတ်စည်းလှည်းပေးသည်။ညဘက်တွင် မိဘများကို နင်းနှိပ်ပေးသည်။ကျောင်းရောက်၍ သူငယ်ချင်းများနှင့် ဆော့သည့်အခါတိုင်း သူကအမြဲအလျှော့ပေးသည်။ကိုရင်ကြီးများ ဥူးဇင်းများ ခိုင်းလျင်လည်း အပြုံးမပျက်ဘဲ သွက်သွက်လက်လက်လုပ်ပေးသည်။ထို့ကြောင့် ဖိုးသင်္ကြန်ဆိုလျှင် ကလေးရော လူကြီးပါ ချစ်ကြသည်။

ဖိုးသင်္ကြန်လေးသည် (၆)နှစ်ရွယ်ရောက်လာချိန်တွင် ကိုစိန်လှတို့၏ စီးပွားရေးမှာ ရွာထဲတွင် ထိပ်ဆုံးဖြစ်နေပြီဖြစ်လေသည်။မြန်မာတို့၏ ဓလေ့ထုံးစံအရ သားယောက်ျားလေး မွေးလာလျင် ရှင်ပြုပေးရမြဲဖြစ်လေသည်။ထို့အတူ ကိုစိန်လှနှင့် မခင်ဝိုင်းတို့သည်လည်း သားလေး ဖိုးသင်္ကြန်ကို ရှင်ပြုအလှုလုပ်ရန်အတွက် သားမိသားဖ (၃)ယောက် ရွာဦးကျောင်းဆရာတော်ထံသွားရောက်ကာ အလှုရက်သွားတောင်းလေသည်။ကိုစိန်လှတို့ မိသားစု ဆရာတော်အား ဦးချအပြီးအတွင် ဆရာတော်မှ
"ဟဲ့…စိန်လှတို့ သားမိသားဖတွေ ဘာကိစ္စရှိလို့လဲဟ…လူစုံတက်စုံနဲ့ပါလား"

စိန်။ ။"တပည့်တော်တို့သားလေး ဖိုးသင်္ကြန်ကို ရှင်သာမဏေပြုပေးချင်လို့ ဆရာတော်ထံ ရက်လာတောင်းတာပါ ဘုရား"

"ကောင်းတာပကွဲ့…ဒါနဲ့ ဒါယိကာမကြီးကရော သားကိုခွဲနိုင်ရဲ့လား"

"ခွဲနိုင်တယ်လို့တော့ မဟုတ်ဘူးပ ဘုရား…သားလေးကို သင်္ကန်ဝတ်လေးနဲ့ မြင်တွေ့ချင်လို့ပါ ဘုရား"

"ဖိုးသင်္ကြန် မင်းကရော ကိုရင်ဝတ်ချင်ရဲ့လား"

"ဝတ်ချင်ပါတယ် ဘုရား"

"အေး…ကောင်းသကွဲ…စိန်လှနဲ့ ခင်ဝိုင်း…မင်းတို့သားရဲ့ ဥပဓိရုပ်က ရဟန်းဖြစ်မယ့် ရုပ်မျိုးဟ…ဥာဏ်လည်းကောင်းတယ်…ကလေးက သာသနာဘောင်မှာပျော်လို့ တသက်လုံး ရဟန်းပြုမယ်ဆိုရင်ရော လက်ခံနိုင်ကြရဲ့လား"

"မှန်းပါ ဘုရား…တပည့်တော်တို့က သားလေး ရဟန်းဘဝနဲ့ တသက်လုံးနေမယ်ဆိုရင် ဝမ်းသာမိမှာပါဘုရား"

"အေး… အေး… ကောင်းတယ်"ထို့နောက် ဆရာတော်မှ ပြက္ခဒိန်ကြည့်ကာ ရက်ကောင်းရွေး၍ ရက်သက်မှတ်ပေးလိုက်လေသည်။ဖိုးသင်္ကြန်ကိုလည်း နောက်ရက်မှစ၍ သင်္ကန်တောင်း သင်ပေးမည်ဖြစ်ကြောင်းနှင့် ကျောင်းမပျက်ရန် မှာကြားသည်။ထိုနောက် ကိုစိန်လှတို့မိသားစု ဆရာတော်အား ဦးချကာ ပြန်ခဲ့ကြလေတော့သည်။
ကိုစိန်လှတို့ မိသားစုသည် ဘုန်းကြီးကျောင်းမှအပြန် အိမ်တန်းမပြန်သေးပဲ ရွာသူကြီး ဦးလှဖေ ထံသို့သွားကာ အလှုရက်သတ်မှတ်ပြီးကြောင်းနှင့် အလှုအတွက် လိုက်သည်များတိုင်ပင်ရန် ညနေပိုင်း အိမ်သို့ကြွခဲ့ပါရန် ဖိတ်ခေါ်ခဲ့လေသည်။

ဆက်ရန်…
MSC-224
@myintlwinsoe

Sort:  

ကောင်းတယ်ဗျိုးးး ဖတ်မျှော်နေမယ်

အခုဖတ်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ

အာ့လို သားလိမ္မာလေးတစ်ယောက်လောက်တော့လိုချင်သား

လိုချင်ရင် မွေးခိုင်းလိုက်တော့

တကယ်‌ လိုချင်‌ပြီလား။

ဖိုးသင်္ကြန်လေးက တော်တော်လိမ္မာတာပဲ

ဟုတ်တယ် အာ့ကြောင့်လည်း လူချစ်လူခင်ပေါတာ

ရွာအလှုတွေကိုသဘောကျတယ်။အရမ်းစည်းလုံးတယ်။

ဟုတ်တယ် စည်းလုံးချက်ကတော့ 9+ပဲ

ဇာတ်ရှိန်က..တက်လာပီနော်..အရေးအသားတွေလည်း.တက်လာပီနော်...5ting...let'go...။

ကျေးဇူးတင်ပါတယ်ဆရာမ။ကျွန်တော် ကြိုးစားပါ့မယ်ခင်ဗျာ။

ငယ်ငယ်က ကျောင်းပိတ်ရင် ဘုန်းကြီးကျောင်းမှာ စာသင်ခဲ့ရတာကိုအမှတ်ရမိတယ်

ကျွန်တော်လည်း ငယ်ငယ်က နွေကျောင်းပိတ်ရက်ဆိုရင် ဘုန်းကြီးကျောင်းမှာစာသင်ခဲ့ရဖူးတယ်

အ​ရေးအသား​တွေက​တော့အရမ်း​ကောင်းလာပြီစာ​ရေးဆရာ​ရေ။

ကျေးဇူးတင်ပါတယ်မအိရေ

ခေါင်းစဉ်က စပြီး သတ်ပုံတွေလိုက်ပြင်ဦး သားရေ

ဟုတ်ကဲ့ပါဆရာ။

‌နောက်‌အပိုင်း ‌စောင့်‌‌မျှော်‌‌နေမယ်‌။အား‌ပေး‌နေပါတယ်‌။

အခုလိုလာရောက်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ဗျ

ဖိုးသင်္ကြန်​က မိဘ​တွေ​က​တော့အိပ်​တတ်​​တော့ သားလိမ္မာ​လေးပါလား

ဟုတ်ပါတယ်ဗျာ တကယ်လိမ္မာတဲ့ကလေးပါဗျ