သူ

in #myanmar6 years ago (edited)


သူ့ကို ကျွန်တော်မြတ်နိုးလှပါတယ်။သူက ညိုချောလေးဗျ။သူ့ရဲ့အထိတွေ့က ချောမွှေ့လှတယ်ဗျာ။သူ့ကို ကျွန်တော်မြတ်နိုးရတဲ့အဓိက အကြောင်းကတော့ သူက ကျွန်တော်သွားလေရာ ခေါ်ဆောင်ရာကို မငြီးမငြူလိုက်တယ်လေ။ကျွန်တော်က ဟိုတယ်သွားချင်တယ်ဆိုရင်တောင် သူက မငြင်းပယ်ဘဲ ခေါ်ဆောင်ရာကို လိုက်တက်သေးတယ်။ပြီးတော့ အကြမ်းလဲခံတယ်လေ။အဲ့လောက် ကျွန်တော့အလိုကို လိုက်တဲ့သူကို ကျွန်တော်မြတ်နိုးမိတာ မဆန်းပါဘူးလေ။

အချို့နေရာတွေတော့ ကျွန်တော်သူ့ကို ခေါ်မသွားချင်ဘူးလေ။ကျွန်တော်ဘာသာ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားချင်တာပေါ့။ပြီးတော့ သူပါနေရင်လည်း မသင့်တော်ဘူးလေ။ကျွန်တော်သူ့ကို မခေါ်ချင်လို့ နေခဲ့ဆိုလည်း ထားခဲ့တဲ့နေရာမှာ ကျွန်တော့်ကို စောင့်နေတက်ပါတယ်။သူလေ ကျွန်တော်ဆိုးသမျှလည်း သည်းခံရှာတယ်။တခါတလေး ကျွန်တော် စိတ်ဆိုးလို့ ကန်ထုတ်လိုက်ရင်လည်း ကျွန်တော့ကို သူစိတ်ပြန်မဆိုးရှာဘူး။မျက်နှာငယ်လေးနဲ့ ကျွန်တော်ပြန်အခေါ်ပဲ စောင့်နေတက်ပါတယ်။

ကျွန်တော်က သူ့အပေါ်မှာ တော်တော်ဆိုးခဲ့တယ်ဗျ။ဒီလောက် ထားရာနေ စေရာသွား ခေါ်ရာလိုက်နေတဲ့ သူ့ကို တခါတလေ ကျွန်တော်က ပစ်ထားတက်ပါသေးတယ်။လူ့စိတ်ဆိုတာလည်း ခက်သားဗျ။ဟီး…တခါတလေ အသစ်ဆန်းလေးနဲ့တွေ့ရင် အသစ်ဆန်းလေးတွေကို ကျွန်တော်က တွဲချင်သေးတယ်။

အသစ်လေးနဲ့ အဆင်ပြေသွားရင်တော့ သူ့ကို ကျွန်တော် မေ့နေတက်ပါတယ်။သူကတော့ စိတ်မဆိုးရှာပါဘူး။ကျွန်တော့်ကို နားလည်ပေးတယ်လေ။ပြီးတော့ ကျွန်တော်သူ့ထံပြန်အလာကို သည်းခံပြီး စောင့်နေတက်ပါတယ်။

လူဆိုတဲ့အမျိုးကလည်း အသစ်တွေ့ရင် အဟောင်းကို မေ့နေတက်တယ်မို့လား။ဒီနေ့တော့ဗျာ သူ့နဲ့ကျွန်တော် အပြီးပိုင်ခွဲဖို့ ကျွန်တော်ဘက်က တဖက်သက်ဆုံးဖြတ်လိုက်တယ်။သူကတော့ မျက်နှာမကောင်းရုံကလွဲပြီး ဘာမှပြန်မပြောရှာဘူး။

ကျွန်တော်လေ သူနဲ့လမ်းခွဲပြီးတဲ့နောက်မှ အသစ်လေးနဲ့ နှစ်ပါးသွားနေတာပါ့။သူကဘယ်လိုနေမလဲ ဘယ်လိုခံစားရမလဲဆိုတာ ကျွန်တော့ အတွေးထဲမှာ မရှိတော့ပါဘူး။ကျွန်တော့်အာရုံက အသစ်လေးထံမှာပဲ ဝဲနေတယ်လေ။အသစ်လေးကတော့ သူလိုပဲ နူးညံ့ပြီး အကြမ်းခံတဲ့ သရေစိမ်းအညိုရောင်ဖိနပ်လေးတစ်ရံပဲ ဖြစ်ပါတော့တယ်ဗျာ 😁😁😁


MSC မိသားစုဝင်များ ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာကြပါစေ။

MSC-224

@myintlwinsoe

Sort:  
ဟား ဖိနပ်​ ဘဲအစ်​ကို။ ​အေး​ပေါ့​လေ နုညံ့ပြီး အကြမ်းလည်းခံ အညို​ရော​င်​​ သားရေစိမ်း​ ဖိနပ်​တစ်​ရံ။

ဟီးးးစမ်းရေးတာ အောင်မြင်သွားတယ် ပျော်လိုက်တာ

😄😄😄

😇😇😇

အဟောင်းပြတ်ရင် အသစ်ဝယ်စီးရတာဓမ္မတာပဲလေ

မှန်ပါတယ်ဆရာ။

အကိုကလည်းဗျာ ခွေးလေး ကြောင်လေး ထင်နေတာ
ဖိနပ်တဲ့ဗျာ ထင်မထားဘူး

ဟီးးး သေခြာဖတ်ကြည့်ရင် လမ်းကြောင်းပေါ်ပါတယ်

ထင်‌တာဘဲ။ဒီ‌လောက်ေ ပြာ‌နေရင်‌ တစ်‌ခုခု‌တော့လှည့်‌‌တော့မယ်‌လို့။စာဖတ်‌သူကို သူ့အ မြင်‌ သူ‌တွေးခိုင်‌တာ ‌ကောင်းလှပါတယ်‌။

ရေးနေကြပုံစံကို ပြောင်းရေးကြည့်တာပါဗျာ

ဟား😄အဟုတ်မှတ်လို့ဖက်နေတာဖိနပ်ဖြစ်သွားတယ်😃

😁😁😁

ဖီးနဲ့ဖတ်လာပြီးမှ ဖိနပ်ဖြစ်နေတယ် တော်တော်နောက်တယ် ကိုမြင့်

ကျွန်တော် အကြံရတာနဲ့ ရေးကြည့်လိုက်တာ

ဟားးးးနောက်ဆုံးမှ ဖိနပ်ဖြစ်သွားတယ်

ဟီးးးဘာထင်လို့လဲ ငါ့ညီက

အလည်လာသွားပါတယ်

လာရောက်လည်ပတ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ

ရေးတက်ပါပေတယ်

ကျေးဇူးပါညီမလေး

အသစ်အသစ်တွေမက်တဲ့လူကြီးကို ချစ်တော့ဘူး။ ဟားဟား အတွေးကောင်းတယ်ကိုမြင့်။

ကျေးဇူးပါဆရာညီရေ။

တင်ပြပုံကလေးကောင်းတယ်၊ အလှအပဖွဲ့နွဲ့တာကိုနဲနဲထပ်လေ့လာပါဦး။ တစ်ချို့ကြိုက်တာတွေဆိုကူးသာထား။ အဆင်သင့်တဲ့နေရာထည့်သုံးလို့ရတယ်။

ဟုတ်ကဲ့ပါဆရာ။

သြော်​ ဖိနပ်​ကိုး😂

ကိုအောင်ကြီးက ဘာထင်လို့လဲ

You got a 29.81% upvote from @lrd courtesy of @myintlwinsoe!

Beep bop, this is @pushbot.
I just received a signal from the Mother Ship that you may require a push.
You just got a 50.25% upvote courtesy of @myintlwinsoe!


Message from the Mother Ship:

You can earn daily profit by delegating SP to make @pushbot stronger. Delegators receive a share in 95% of the earnings.

Click one of the links below and start earning :)

10 SP20 SP50 SP
100 SP200 SP500 SP
1000 SP2000 SP5000 SP
Any Other Amount