အသက်ဥာဏ်စောင့်

in #myanmar7 years ago (edited)

ယနေ့နံနက် တန်းစီကွင်းတွင် အံအားသင့်ဖွယ် သတင်းတခုကို ကြားလိုက်မိသည်။ထိုသတင်းက ကျွန်တော်တို့အချစ်တော် ဦးဘိုကြီးတစ်ယောက် အနိစ္စသဘောဖြင့် ကိစ္စချော သွားပြီဖြစ်ကြောင်းပင် ဖြစ်လေသည်။credit source
ဦးဘိုကြီးသည် ကျွန်တော်တို့ စက်ရုံမှ လုံခြုံရေးဝန်ထမ်း တစ်ဦးဖြစ်ပြီး အသက်အားဖြင့် (၅၄)နှစ်ခန့်ရှိပြီဖြစ်လေသည်။စက်ရုံထဲတွင် လူချစ်လူခင်ပေါများသော သူတစ်ယောက်ဖြစ်လေသည်။ဦဘိုကြီးသေဆုံးခြင်းအတွက် စက်ရုံမှလူများသည် ဦဘိုကြီးမိသားစုနှင့် ထပ်တူ ဝမ်းနည်းနေကြသည်။
credit source
လောကတွင် သေဆုံးခြင်းသုံးမျိုရှိသည်ဟု မှတ်သားဖူးသည်။၎င်းတို့မှာ(၁) သက်တမ်းကုန်၍သေဆုံးခြင်း (၂)ကံကုန်၍သေဆုံးခြင်း (၃)ဥပစ္ဆေတကကံဖြင့်သေဆုံခြင်း(သူတပါးလုပ်ကြံ၍သေဆုံး/ကားတိုက်သေဆုံး)တို့ ဖြစ်ကြလေသည်။ဦဘိုကြီးမှာ ထိုသေခြင်းသုံးမျိုးမှ တစ်နည်းနည်းဖြင့် သေဆုံးခဲ့ခြင်းမဟုတ်ပေ။
credit source
ဦဘိုကြီးသေဆုံးပုံမှာ_
ဦးဘိုကြီးသည် နေ့လယ်(၁၁)ခန့်တွင် စက်ဘီးဖြင့် ပတ်ကင်းလှည့်ပြီ အိမ်ပြန်လာခဲ့သည်။အိပ်ရောက်လျင်ရောက်ခြင်း ရေချိုးသည်။ထို့နောက် ရေလဲပုဆိုးဖြင့် ရေမသုပ်ပဲထမင်းစားသည်။ထို့နောက် ဂျူတီပြန်ထွက်သည်။အပေါ်မှအပူ ဦးခေါင်းမှ မခြေက်သေးသောရေ တို့အကျိုးကြောင့် အိမ်မှ စက်ဘီးဖြင့်ထွက်ပြီး ဓါတ်တိုင်တစ်ခန်းစာအကျော်တွင် ရုတ်တရက်စက်ဘီးလဲပြီးသေသွာသည်။ဘေးရှိလူများက ဆေးခန်းပို့သော်လည်း ဆေးခန်းအရောက်တွင်အသက်မရှိတော့။ဦးဘိုကြီး ဦးနှောက်သွေကြောပြတ်ကာ သေဆုံးခဲ့ပြီဖြစ်သည်။

ဦးဘိုကြီးသာ အပူထဲမှပြန်လာလာခြင်း ရေမချိုးခဲလျှင် ရေချိုးသော်လည်း ရေခြောက်အောင်သုပ်ပြီးမှ ထမင်းစားလျှင် ရေချိုးပြီးခါစ အပူထဲတန်းမထွက်ခဲလျှင် ယ္ခုလို အဖြစ်ဆိုးဖြင့်ကြုံရမည်မဟုတ်ပေ။ယ္ခုတော့ အသက်ကို ဥာဏ်မစောင့်သောကြောင့် ဦးဘိုကြီး သေဆုံးခဲ့ရသလို မိသားစုလည်း ဝမ်နည်းကြေကွဲရသည်။

MSCမှ မိသားစုဝင်များသည်လည်း အသက်ကို ဥာဏ်စောင့်နိုင်ကြပါစေ ခင်ဗျာ။

အားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာကြပါစေ။

MSC-224
@myintlwinsoe

Sort:  

You got a 50.89% Upvote and Resteem from @estream.studios, as well as upvotes from our curation trail followers!

If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @estream.studios by clicking on one of the ready to delegate links:
50SP | 100SP | 250SP | 500SP | 1000SP | 5000SP | Custom Amount

You will earn 80% of the voting service's earnings based on your delegated SP's prorated share of the service's SP pool daily! That is up to 38.5% APR! You can also undelegate at anytime.

We are also a very profitable curation trail leader on https://steemauto.com/. Follow @estream.studios today and earn more on curation rewards!

တော်တော်ရေးနိုင်တယ်နော်

sbdတွေ ဈေးတက်နေတယ်လေ ကိုချစ်ရဲ့။ကြံဖန်ရေးရတာပေါ့ တစ်ရက်တစ်ပုဒ်လောက်တော့😁😁😁

စိတ်​အား​တော်​​တော်​ထက်​သန်​တာပဲ

ဟုတ်တယ်ဗိုလ်စိုးရေ

အခုအချိန်​ကအရမ်းပူ​နေတဲ့အချိန်​ကိုမြင့်​​ရေ။အမှန်​ပဲအသက်​ကိုဥာဏ်​​စောင့်​ပါတယ်​ရှင်​။

အခု ဦးဘိုကြီးအဖြစ်က ကျွန်တော်တို့အတွက် နမူနာပေါ့ဗျာ

You got a 100% upvote from @steempowergroup1 courtesy of @myintlwinsoe!

Thank for support

ကံကုန်​လို့ မဟုတ်​ဘူးလားကိုမြင့်

ဟုတ် ကံကုန်လို့ လို့ပြောရင်လဲရပါတယ်ဗျာ

အပူရှပ်တာပဲ။ဒီရာသီမှာ သွားလာနေထိုင်တာ သတိထားရမှာ။

ဟုတ်ပါတယ်ဗျာ။

ဘာပဖြစ်​ဖြစ်​ အစစအရာရာ သတိထားသင့်​တာ​ပေါ့ဗျာ

ဟုတ်တာပေါ့ဗျာ သတိထားနိုင်မှတော်ကာကြမှာ

Pro တောင်မလိုတော့ဘူး၊ $ တွေများနေ ပြီ

ဟီးးဆရာကလည်း

အားပေးခဲ့ပါတယ်ရှင်

ကျေးဇူးပါဗျာ

အမှန်ပါဘဲအသက်ရှင်ဖိုဘဲဉာဏ်နဲ့ဆင်ခြင်နေရပါမယ်

အမှန်ပါဘဲအသက်ရှင်ဖိုဉာဏ်နဲ့ဆင်ခြင်နေမှ

ဟုတ်ပါတယ်ဗျာ

ကိုမြင့် pro ယူပြီးမှ bot သုံးလေ။

ဈေးက မမှီမှာစိုးလို့ botလိုက်တာ။နောင်သတိထားပါ့မယ်

Goooood bro👍

အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ

နေအရမ်းပူတယ် သတိထားနိုင်မှတော်ကာကျမယ်

ဟုတ်ပါတယ်ဗျာ သတိတော်တော်ထားနိုင်မှတော်ကာကျမယ်

အခုရက်ပိုင်းနေအရမ်းပူတယ် ကျန်းမာရေးဂရုစိုက်နိုင်မှ

ဟုတ်တယ်ညီမရယ်

အသက်ဥာဏ်စောင့်၊ ဥစ္စာကံစောင့်တဲ့ ကိုမြင့်ရေ။ သတိထားနိုင်ကြတာပေါ့။

ဟုတ်ပါခင်ဗျာ ဖတ်မိသူအတွက် သတိထားမိစေချင်လို့ပါဗျ

သေဆုံးမှုကိုမြှုပ်ရေးရင်ပိုကောင်းတယ်၊နောက်ဆုံးမှဖေါ်ပြသင့်တယ်၊ သွေးကြော ပြတ် လို့ပြင်လိုက်ပါဦး။

ဟုတ်ကဲ့ ပြင်လိုက်ပါ့မယ်ခင်ဗျာ။