အားငယ်ထိတ်လန့် တတ်တဲ့
သိုးတစ်ကောင်ရဲ့
အမှတ်သင်္ကေတအဖြစ်
အရာအားလုံးမဟုတ်တောင်
သိမ်ငယ်တဲ့ မျက်လုံးက
ကျင့်သားရနေပြီ …။
နှစ်သစ်ကိုဆောင်းက ကြိုဆိုပေမဲ့
ငါကတော့ …………
အားငယ်မှု့ တွေနဲ့ ကြိုဆိုပါရစေ …
မျော်လင့်ချက်အရောင်တွေလွှင့်လို့ 
ငါရဲ့စိတ်ဓါတ်က မီးခိုးပြာလို …
ဦးတည်ချက်မဲ့
နှစ်သိမ့်စရာ လက်ကျန်ဆိုလို့ 
ဒဏ်ရာရနေတဲ့
မာနပေါက်စပဲရှိတော့တယ် ။
ငါ့ရဲ့ကြိုးပမ်းမှု့က
ပင်လယ်ထဲက သစ်ရွက်လို
ဘယ်အချိန်မှာများ ကမ်းကပ်နိုင်မလဲ
မဖြစ်နိုင်မှု့နဲ့ မသေချာမှု့ကို
ကျောမှာပိုးလို့ 
အဆုံးထိမဟုတ်တောင်
ရောက်နိုင်သလောက်တော့ သွားခွင့်ပြုပါ …။
မျော်လင့်ချက် (သံ)ရဲ့
ကြာရှည်စွဲအားကို ငါအသိဆုံးပါ
လောကကြီးရဲ့ အင်အားဖြစ်တဲ့
ဝန်ထုပ်ဝန်ပိုးကြီးကို
ဘယ်အချိန်ထိ ထမ်းထားရမလဲ ……?
သွားပါရစေ ငါတစ်ယောက်တည်း
ဟိုအဝေးရဲ့ အစွန်းဆုံးနေရာ………… ။
ရာသက်ပန်လူ့ ဘဝကို
ကျောခိုင်းပြီး
နာကြည်းမှု့နဲ့ မဟုတ်တောင်
မြတ်နိုးမှု့လည်း မရောစွတ်ပဲ
တည်ငြိမ်တဲ့ စမ်းရေတစ်ပေါက်အနေနဲ့
ဘယ်နေရာကဖြစ်ဖြစ်
စီးဆင်းပါရစေ
ဟိုအဝေးရဲ့ အစွန်းဆုံး နေရာ……
အစွန်းဆုံးနေရာ ……………………………။
@feeling
@heart
Writer by MyintAungNaing
Photo Credit Google
@myintaungnaing
welcome
ဟုတ် ကျေးဇူးပါနော် ခံစားပေးတဲ့အတွက်
ခံစားချက်တွေကို ရှော့ချပါဦး.....ဘဝ ဆိုတာ ဘာမှမဟုတ်ပါ
Ok ခုလို ဖွင့်ထုတ်လိုက်တော့ နည်းနည်း သက်သာသွားတာပေါ့
စိတ်ခွန်းအားတွေ တိုးပါစေ. .
ကျေးဇူး ပဲ ခုလို အားပေးတဲ့အတွက်