အရပ်ကတို့ရေ cryptocurrency လောကကလည်း ထူးဆန်းပါ့နော်
တစ်နေ့က reuters သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ် corona coin
ဆိုပြီး cryptocurrency token ထွက်လာပါသတဲ့ သူကတော့
Ethereum blockchain ပေါ်က token တစ်မျိုးပါ
သူက စုစုပေါင်း ရှိနိုင်တဲ့ maximun supply ကတော့ ကမ္ဘာ့ လူဦးရေ
အရေအတွက် အတိုင်းပါတဲ့ ကမ္ဘာပေါ်မှာ coronavirus ကူးစက်ခံရသူ
နဲ့ coronavirus ကြောင့် သေဆုံးသူ အရေအတွက် တိုးလာတိုင်း
ဒီ token တွေကို လောင်ကျွမ်းပစ်မှာပါတဲ့ burn လုပ်ပစ်တာကို
ပြောတာပါ ဒီတော့ ကမ္ဘာပေါ်မှာ ကူးစက်သူ သေဆုံးသူ တိုးလာတိုင်း
ရရှိနိုင်တဲ့ token အရေအတွက်က နည်းနည်းသွားမှာဆိုတော့
Coronacoin ကို ဖန်တီးတဲ့ developer ကဆိုရာမှာ coin တန်ဖိုးက
တက်လာမှာပါတဲ့ ပြီးတော့ coin supply ရဲ့ ၂၀ ရာနှုန်းကို
Coronavirus တိုက်ဖျက်ဖို့ Red Cross အဖွဲ့အစည်းကို တစ်လတစ်ခါ
လှူဒါန်းမယ်လို့လည်း ဆိုပါတယ်။ တစ်ချို့ reddit ဆိုရှယ်မီဒီယာ
သုံးသူတွေကတော့ ဒါက လူ့ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့
ဝေဖန်နေကြပါတယ် ဒီ coin ကို ဝယ်ယူချင်ရင်
မှာ ဝယ်ယူလို့ရသလို coin ရဲ့ website ကတော့
https://coronacoinofficial.com/
မသိတာလေး တစ်ခု နှစ်ခု သိသွားခဲ့ရင် ရေးသားသူကို vote လေးပေးပြီး
အသိအမှတ် ပြုပေးခဲ့ကြပါ vote မရတော့ ကိုယ်ရေးတာကို ဖတ်မိတဲ့လူ
ရှိလား မရှိလားတောင် မသိရဘူး ဖြစ်နေလို့ပါ
ကျွန်တော် သေချာ မလေ့လာဘဲနဲ့ ဒီ corona coin အကြောင်း ရေးလိုက်တာပါ။ နောက် လေ့လာကြည့်ပြီး 10 dollar လောက် ရင်းနှီးမြုပ်နှံကြည့်တော့ 10 dollar စလုံး ဆုံးရှုံးသွားပါတယ်။ ဒီ coin က scam ပါ developer သုံးလေးယောက်က သုံးခါ လေးခါလောက် exit scam လုပ်ထားပါတယ်