ဲဒီနေ့ကလေဒီနေ့ မနက်ရုံးရောက်တည်းက ပြသနာလေးတစ်ခုကဆီးကြိုနေခဲ့ပါတယ်။ ကိုယ့်အဖွဲ့က အငယ်လေးတစ်ယောက်က မပြောမဆိုနဲ့ လစာထုတ်ပြီးထွက်သွားလိုက်တာ ပြန်မလာတော့ဖူးနော်ဆိုတဲ့ စာလေးတစ်စောင်ပဲလက်ခံရရှိလိုက်ပါတယ်။
ဒီတော့ လည်းမိုးလင်းတည်းက manager အခန်းထဲကိုယ်တိုင်ရောက်သွားခဲ့ရတာပါပဲ။ လူကြီးတွေအနေနဲ့စိတ်ဆိုးမယ်ဆိုလည်းဆိုးစရာပါပဲ။
Finance ဆိုတာစည်းကမ်းအတင်းကြပ်ဆုံး ဌာနဖြစ်ပြီး ဒီလိုစည်းမရှိကမ်းမရှိ အဖွဲ့အစည်းကိုလည်းတစ်ချက်မှပြန်မကြည့်ပဲ ထွက်ချသွားတာဟာ company အတွက်လည်းတော်တော်လေးကိုအရုပ်ဆိုးစေပါတယ်။
ဒါ့အပြင် အားလုံးကကိုယ့်တာဝန်နဲ့ကိုယ်ခွဲထားပြီးသားဖြစ်တဲ့အတွက် လက်လွတ်စပါယ် ထားပစ်ခဲ့တဲ့သူ့ရဲ့တာဝန်တွေကို နောက်ထပ်လူသစ်မလာမချင်း ကျန်တဲ့သူတွေဆီမှာခွဲဝေကျရောက်ကုန်ပါတယ်။
ထွက်သွားခဲ့တဲ့ ၀န်ထမ်းလေးလည်း company မှ blacklist စာရင်းသွင်းခံရပါတယ်။
တစ်ဖက်မှာအလုပ်သစ်တစ်ခုရလာတဲ့အခါ လစာနဲ့ခံစားခွင့်ကသာတာရယ် ဒီမှာလုပ်ရတဲ့အလုပ်အပေါ် အနည်းငယ်စိတ်တိုင်းမကျတာရယ်နဲ့ပေါင်းပြီးတစ်ဖက်ကိုပြောင်းဖို့ဖြစ်လာပါတယ်။
တကယ်တမ်းပြောင်းမယ်ဆိုတော့ လူကြီးတွေကိုပြောမထွက်တာရယ် ပြောင်းခွင့်မရတာကိုစိတ်ပူတာရယ်နဲ့ဘာတစ်ခုမှအသိမပေးခဲ့ပဲလစာယူပြီးထွက်ချသွားခဲ့တာပါပဲ။
တကယ်တော့ သူရှိနေစဉ်မှာ သူလုပ်ရမယ့်အလုပ်တွေကို တာဝန်ကျေစွာလုပ်ဆောင်သွားပါတယ်။ သူလုပ်ပုံကိုင်ပုံလေးတွေရယ် ခိုင်းလိုက်ရင် မငြီးမငြူလုပ်ပေးတတ်တာလေးတွေရယ်ကြောင့် ဒီတစ်ခေါက် ရာထူးတိုးလစာတိုးမှာလည်းသူ့ကိုထည့်ပေးဖို့စီစဉ်ထားပြီးသားပါ။
သူသာ ခုလိုမျိုးလက်လွတ်စပယ်မလုပ်ပဲ ကိုယ်ဝင်ရောက်ခဲ့တဲ့အဖွဲ့အစည်းနဲ့ ကိုယ်လုပ်ကိုင်ခဲ့တဲ့ဌာနအပေါ်မှာ ရင်းနှီးနွေးထွေးစွာနဲ့ ပွင့်ပွင့်လင်းလင်းလေးပြောဆိုဆွေးနွေးခဲ့မယ်ဆိုရင် ရလဒ်ကတစ်မျိုးပြောင်းသွားမှာအသေအချာပါပဲ။
အခုဖြစ်ပျက်သွားခဲ့တဲ့အပေါ်ပြန်ပြီးသုံးသပ်ကြည့်ရင် လူအများနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေမှာ ရင်းနှီးနွေးထွေးမှု ငဲ့ညှာထောက်ထားမှု ပွင့်လင်းရိုးသားမှုတွေဟာ မဖြစ်မနေလိုကိုလိုအပ်ပါတယ်။
ဒါမှသာ ကိုယ်တိုင်အတွက်ရော အဖွဲ့အစည်းအတွက်ပါမဖြစ်သင့်တာတွေမဖြစ်တော့ပဲ လက်ရှိထက်ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ဖြစ်ပေါ်လာမယ်ဆိုတာကိုလည်းဆင်ခြင်သုံးသပ်မိပါတယ်။
ကျွန်မတို့အခု ၀င်ရောက်ထားတဲ့ MSC ဆိုတဲ့အဖွဲ့အစည်းမှာလည်း ထိုနည်းတူပါပဲ။ အဖွဲ့အစည်းသို့စတင်ဝင်ရောက်စဉ်ကလည်းနွေးထွေးစွာကြိုဆိုခဲ့သလို ရှိနေစဉ်မှာလည်း အပြန်အလှန်ဖေးမကူညီရင်းရှေ့ဆက်ခဲ့ကြတာလေးတွေဟာ တကယ်ကိုအမှတ်တရကောင်းလေးတွေအဖြစ်ကျန်ရစ်ခဲ့သင့်ပါတယ်။ အဖွဲ့အစည်းအတွင်းနေထိုင်လုပ်ကိုင်ရင်း ကိုယ့်မှာအဆင်မပြေခြင်းတွေ အခက်အခဲတွေဖြစ်ပေါ်လာခဲ့ရင် တစ်ယောက်တည်းမြိုသိပ်ထားခြင်းမျိုး၊ စိတ်ထွက်ပေါက်ရှာ၍ အဆိုးဖက်မှတွေးကာဖြေရှင်းခြင်းမျိုးထက် အဖွဲ့အစည်းအတွင်းရှိတာဝန်ရှိသူများနှင့် လူကြီးများထံအသိပေးခြင်း အကြံဥာဏ်တောင်းခြင်း မျိုးဖြင့် မိမိအတွက်ရော အဖွဲ့စည်းအတွက်ပါပိုမိုကောင်းမွန်သောအကျိုးရလဒ်များပေါ်ပေါက်လာစေရန်ဆန္ဒပြုရင်း ဒီမှာပဲအဆုံးသတ်ပါရစေ။အားလုံးလည်အဆင်ပြေကြပါစေ ငါလည်းကော်ပီကူးတယ်လေ။
@mrnaingsoe
Photo credit google
အရမ်းကောင်းပါတယ်ဗျကူးတာတွေဘာတွေခ် ခ်Thank
မန်မာ့စီးပွားရေး လည်ပတ်ပုံကို စိုးရိမ်နေကြပြီး ဗဟိုဘဏ်နဲ့တကွ စီးပွားရေးစည်းကြပ်သူ မူဝါဒချမှတ်သူတွေကို မေးခွန်းထုတ်တာ
The best post i receive idea thank you much
ကူးတာလေးတွေအရမ်းကောင်းပါတယ် ခ်