ဝမ်းနည်းချင်း စာစုတစ်ပုဒ်
တွေ့ဆုံခဲ့ရတဲ့ အချိန်က
အလွန်နည်းခဲ့ပါတယ် mz ရယ်
ဟန်ဆောင်မှုတွေ မရှိတဲ့ ညနေခင်းတွေမှာ
ထန်းရည် သောက်ချင်မိတယ်
ရာသီ စက်ဝန်းကြီးကလဲ
နွေပြီးလို့ မိုး
မိုးပြီးလို့ ဆောင်း
ဆောင်းပြီးလို့ နွေ
တကျော့ပြန်ရောက်လာခဲ့ပြီ
မပြီးဆုံးခဲ့တဲ့ ပရောဂျက် တစ်ခု
ထပ်မံရောက်ရှိခဲ့တဲ့ ခရီးတစ်ခေါက်
ထပ်မံတွေ့ခွင့်မရတော့တဲ့ လူတစ်ယောက်
အခုတော့လဲ အမှတ်တမဲ့တွေက
အမှတ်တရတွေ ဖြစ်ပါတော့လား
မဟုတ်မခံ
ပျော်ပျော်နေတတ်ပြန်တဲ့သူ
ဘယ်သူတွေ ထင်မှာလဲ
သူ့ကို မနက်ဖြန် နှုတ်ဆက် ထွက်ခွာမဲ့လူလို့
ဒါပေမယ့် သူ
နှုတ်မဆက်ပဲ ထွက်ခွာသွားခဲ့တာ
1နှစ်ခွဲ ပြည့်တော့မယ်
လူဂွစာ အမှန်တရားကို မြတ်နိုးတဲ့သူ
အစွန်းရောက်တဲ့သူတွေကြားမှာ
ကိုယ်တိုင်အစွန်းရောက်ခဲ့ပေမယ့်
အမြင်နှစ်ဖက်နဲ့ ကြည့်တဲ့သူ
ဘယ်သူ့ကို အပြစ်တင်ရမလဲ
ဘယ်သူ့ကို အပြစ်တင်ရမလဲ
ပြောကြပါ
သေမင်းနိုင်ငံမှာ server ထောင်ထားရင်
သူ့ကို အစောကြီး ခေါ်ဆောင်သွားတဲ့ ငရဲမင်းကြီးအတွက် 65500bytes နဲ့
responed တွေ တစ်ပြုံကြီးပေးလိုက်မိမယ်
မရမက vul တွေရှာပြီး
သိသလောက် exploit တွေနဲ့ တိုက်မိလိမ့်မယ်
:'( :'( :'(
တစ်ချိန်က ဆရာအကို တစ်ယောက်အား သတိရခြင်းများစွာနှင့်
MSC-074
@minwan
great info, i will follow
Thz
Interesting
I will follow you to see your future posts! +upvote
Congratulations @minwan! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!