"ပန်းတပွင့်ရဲ့ ဒိုင်ယာရီ"

in #myanmar7 years ago

Слива цветёт 1.JPG

အမြင့်မှာ ပွင့်သေားပန်း
ခူး၍နမ်းမည် လက်လှမ်းမိသော်
ခြေချော်ခွေကျ ရင်ဘတ်မှာ
ဒဏ်ရာရတဲ့ အခိုက်မှာ
ရှိုက်ရှိုက်ငင်ငင် ငိုမိတယ်.....။

အဆိပ်သင့်ပန်း
အတိတ်ရင်နင့်ဖွယ်အလွမ်းနဲ့
ဇာတ်လမ်းပုံဆင်
တသက်လွမ်းရမယ့်ပုံပြင်တပုဒ်
ပန်းပွင့်ဒိုင်ယာရယ်လို့
ထုပ်နှုတ်တင်ပြ လိုက်ပါသည်။ ။

မင်းသိုက်ထွန်း


maxresdefault-1.jpg

"ဦးလေး နောက်တမြူနဲ့ ပဲးခြမ်းသုတ်တပွဲ "
"ရမယ်ငါ့တူ ခဏလေးဆောင့် ပဲသုပ်ဖို့ မင်းတို့အဒေါ်
လက်မအားသေးလို့ကွာ"
ကျွန်တော့် စကားအဆုံးမှာပင် ထန်းတဲးက
ထန်းရည်ရောင်းတဲ့ ဦးလေးကြီး မဆိုင်းမတွပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့" လို့
ကျွန်တော်လဲလှမ်းအော်ပြောလိုက်အပြီး
လက်ကျန် ထန်းရည်ခွက်ကို ကောက်မော့လိုက်၏။
ပြီးမှ အတူထိုင်သောက်နေတဲ့ သူငယ်ချင်း အောင်ကျော်သူကို
မသိမသာလေး ဝေ့ကြည့်မိ၏။
အောင်ကျော်သူမှာမူ ဆက်သောက်ချင်ဟန်ပင်မတူတော့
လက်ထဲမှ ထန်းရည်ခွက်ကို ကိုင်ရင်း မအီမသာဖြစ်နေ၏။
အတော်လေးလဲမူးနေဟန်တူသည်။
သူဆိုမပြောနဲ့ ကျွန်တော်က သူအရင် သောက်နေသူဖြစ်ပြီး
မည်မျှလောက်သောက်ပြီး သည်ပင် မမှတ်မိတော့။
"သိုက်ကြီး မင်းသောက်တာများနေပြီကွာ သိပ်လဲမလုပ်နဲ့
တော်ကြာ သက်ဆိုးမရှည်ပဲနေးဦးမယ်ဟ.....
မိန်းကလေးတယောက်အတွက်နဲ့"
အောင်ကျော်သူစကားအဆုံးမှာ ကျွန်တော့်မှာပင် ချက်ချင်း
စကားမတုန့်ပြန်နိုင်သေးပေ ဗိုက်တင်းနေသည်ကတကြောင်း
မူးဝေနေသည့်ကတကြောင်း။
"အေ့....."
အတန်ကြာမှပင် လေတချက်တတ်လိုက်မှာ
နေသာသလောက်ရှိသွားပြီး စကားဆက်နိုင်တော့သည်။
"သူငယ်ချင်းရာ ငါ ပန်းဝေကိုကိုဘယ်လောက်ချစ်တယ်ဆိုတာ
ငါ့နေရာမှာ မင်း ခဏဝင်ကြည့်စေ့ချင်တယ်"
ကျွန်တော်လဲ စကားဆုံးတာနဲ့ ထန်းရည်ခွက်ကို မော့သောက်လိုက်ပြန်၏။
ပြီးမှဆက်ပြီး။

download.jpg

"တောက်.... ဟိုကောင် သာချို ဒီကောင့်ကို ဘယ်တော့မှမကျေနပ်ဘူးကွာ."
အောက်ကျော်သူက ကျွန်တော့်စကားအဆုံးမှာပင် ချက်ချင်းစကားဝင် ထောက်လိုက်၏။
"အေးပါ သူငယ်ချင်ရာ သူ့အမေ့ မနက်က ငါ့ရှေ့မှာပဲပြောတာ
ရွှေ ရွှေချင်းထပ်မှ မြတ်တယ်ဆိုပဲကွ"

"အေးကွာ မိန်းမဆိုတာ ငွေနဲ့ ဝယ်ရတဲ့ခေတ်ကြီးကိုဖြစ်နေရော
သ္မီးကိုလဲ ဈေးဖြတ်ရောင်းတဲ့အမေတွေ ခုမှတွေ့ဖူးတော့တယ်ကွာ"
" ရော့ဗျာ ငါ့တူအသဲကွဲးသမားကြီး နောက်တမြူနဲ့ ပဲးခြမ်းသုပ်ရပြီကွ ဟဲ...ဟဲ"
လက်ကျန်ကုန်သွားသည်နှင့် တောက်ထပ် ထန်းထည်တမြူထပ်ရောက်လာ၏
သည်မှာ ကွတ်တိဖြစ်ပင်ဖြစ်သွားသည်။

အညာဒေသ၏ နွေဦးအပူချိန်သည် ကျစ်ကျစ်တောက်ပူပြင်းသည်
ဘေးပတ်ဝန်ကျက်တခုလုံးသည်က မြေနီများကြောင့် အုတ်နီခဲးပုံကြီးသဖွယ်
အရွက်များပင်မရှိတော့သော သစ်ပင်များက
ဟိုတပင်ဒီတပင်နှင့် လွမ်းမောဖွယ်ပင် အလွန်ကောင်းလှ၏။
ရီဝေနေသေား ကျွန်တော့်အမြင်များကပင် အရာအားလုံးကို
ပကတိမမြင်ရပဲ ရေးရေးရိပ်ရိပ်နှင့်ပင် ရှိခြေ၏။

( ငိငိ......မူးသွားပြီ ဆက်မရေးနိုင်တော့ဘူး ရောက်နေ့မှဆက်မယ်ဗျာ.....😂😂😂😂)

မင်းသိုက်ထွန်း
14, 01, 2018

@minthiketun

RSM-5

Photos credit: Google Image

Sort:  

ကောင်းပါပြီ အစ်ကိုရေ :D

ကျေးဇူးပါလို့..