မြန်မာတီထွင်သောစက်ကိရိယာ

in #myanmar7 years ago (edited)

မြန်မာတီထွင်သော စက်ကိရိယာ
image
လွန်ခဲ့သော အနှစ် ၂၀ ခန့်က TV နှင့် VCD,DVD Player တို့ကို ကျွန်တော်တို့က အပေါ်စက် အောက်စက်ဟု ခေါ်ကြသည်။ ထိုစဉ်က ဂျပန်ကျ 110V TV ကလေးများတင်သွင်းလာကြသဖြင့် ကျွန်တော်တို့မှာTV တစ်လုံးကို ကိုယ်ပိုင် အဖြစ် မြန်မာငွေ ၃၅၀၀၀ ရှိသူတိုင်းဝယ်ကြည့်နိုင်သည်။ တရုတ်မှ တင်သွင်းသည့် Supper တံဆိပ် VCD Player ကလေးများကို နှစ်သောင်းခွဲသုံးသောင်းရှိလျှင် ဝယ်ယူကြည့်ရှုနိုင်ကြသဖြင့် ဟိုတုန်းကလို VIDEO ကားများကြည့်ဖို့ VIDEO ရုံများတွင် သွားရောက်ကြည့်ရှုရသည့်ခေတ်ကုန်သွားသည်။
image
ထိုစဉ်က ပြည်မြို့တွင် မြင့်ဇော် ရေဒီယို၊ ကက်ဆက်၊ TV ၊ VCD ပြုပြင်ရေးသည် လက်မလည်နိုင်အောင်ပြင်ရသည်။ သူတို့၏အား သာချက်တစ်ခုမှာ ရေဒီယို၊ TV ၊ VCD ပစ္စည်းတစ်ခုခုအပ်လာပြီဆိုသည်နှင့် ဖြစ်ပျက်ပုံပြောပြပြီး နောက်ဖုံး ဖွင့်စစ်ဆေးပြီး၊ မည်သည့်အစိတ်အပိုင်းချို့ယွင်းသွားသည်။ ပြုပြင်ရမည်။သို့မဟုတ်အသစ်လဲရမည်။ ဘယ်လောက်ကုန် ကျမည် စသည်တို့ကို ငါးမိနစ်အတွင်းအဖြေထုတ်ပေးနိုင်သည်။ပစ္စည်းအပ်သူက ပြင်ပါ့မယ်ဆိုလျှင် အလွန်ဆုံးနာရီဝက်ကြာ မည်။ ကုန်ကျစရိတ် မတတ်နိုင်၍ နောက်မှလာပြင်ပါတော့မယ်ဆိုလျှင်လည်း ကိစ္စမရှိ။ စစ်ဆေးပေးခ ၁၅၀၀ ကျပ်ပေး ရသည်။သူတို့၏တိကျမှု၊ ကျွမ်းကျင်မှုတို့ကြောင့် သူတို့ဆိုင်တွင် မနက် ၅ နာရီကတဲက လာပြီးတန်းစီနေသူတွေရှိသည်။ ဘေးကဆိုင်တွေငုတ်တုတ် မေ့နေချိန်၌ မနားတမ်းပြင်နေရသော ဆိုင်ဖြစ်သည်။
image
ကြံခင်းမြို့တွင် 110V TV ကလေးပျက်၍သွားပြင်ဖူးသည်။ သုံး ရက်စောင့်ပါဆို၏။ သုံးရက်ပြည့်၍သွားတော့ မရသေး ဘူးစောင့်ပေးပါဦးဆိုပြန်သည်။ ပြီးတော့လည်းကောင်းမလာပါ။ နောက်ဆုံးပြန်ယူလာခဲ့ရသည်။ ရန်ကုန်ကပြောင်းလာသည့် ရပ်ကွက်ထဲက ဦးသောင်းဆိုသူကလည်း ဒီဆိုင်မျိုးရန်ကုန်မှာပင်မတွေ့ဖူးပါဟုဆိုသည်။ အမှန်ပင်ဖြစ်သည်။ ရန်ကုန်မှာ နေစဉ်က ကျွန်တော့ laptop Fujitsu လေးသွားပြဖူး၏။ ထားခဲ့ပါ ဘယ်အချိန်မှလာယူနိုင်မလား စသည်ပြောဆိုတတ်သူ များသာများသည်။ကျွန်တော်သည် မြင့်ဇော် ရေဒီယို၊ ကက်ဆက်၊ TV ၊ VCD ပြုပြင်ရေးကို ကြော်ငြာပေးနေခြင်းမဟုတ်ပါ။ မြန်မာ အများစုကို သူတို့လိုတာဝန်ယူရဲ၊ တာဝန်ခံရဲပြီး တိကျပြတ်သားသော၊ ကျွမ်းကျင်သောသူမျိုးတွေဖြစ်စေချင်လှသည်။ တကယ်တော့ မြင့်ဇော် ရေဒီယို၊ ကက်ဆက်၊ TV ၊ VCD ပြုပြင်ရေးသည် TV ၊ VCD များမပေါ်ခင်ကတည်းက ရေဒီယိုကက် ဆက်တွေပြုပြင်နေသောဆိုင်ကလေးဖြစ်သည်။ မိဘလက်ငုတ်လက်ရင်းအလုပ်ကို သားကဆက်လုပ်နေခြင်းဖြစ်ပြီး၊ ထူးခြား ချက်မှာ သားလုပ်သူမြင်ဇော်သည် AGTI (Electronic) ဖြင့်ကျောင်းပြီးထားခြင်းဖြစ်ပါသည်။ မိဘ၏ လက်တွေ့လုပ်ငန်းခွင်နှင့် သားဖြစ်သူ၏ စာတွေ့ပေါင်းစပ်လိုက်သောအခါ ထူးခြားပြောင်မြောက်လာခြင်းဖြစ်သည်။ သို့သော် AGTI (Electronic) ဖြင့်ကျောင်းပြီးခဲ့သည့် သူများရှိသော်လည်း၊ သူတို့လိုဘာမှ မပြုပြင်တတ်ပါ။အဓိကမှာ ဝါသနာ၊ မိဘအလုပ်လက်တွေ့၊ မိမိ သင်ခန်းစာများပေါင်းစပ်လိုက်သဖြင့် အောင်မြင်မှု ဖြစ်လာသည်ဟုဆိုလိုပါသည်။ ရေဒီယို၊ ကက်ဆက်၊ TV ၊ VCD တို့၏ Electrionic Diagram Chart တွေကိုမြင့်ဇော်က ကောင်းစွာဖတ်ရှုတတ်ပြီး လက်တွေ့နှင့်အကောင်းဆုံးပေါင်းစပ်လုပ် ကိုင်တတ်သဖြင့် အောင်မြင်ကြခြင်းဖြစ်ပါသည်။
သို့သော် မြင့်ဇော်ကိုလည်းကျွန်တော်အားမရသေးပါ။ သူတို့ ဒိထက်မက လုပ်နိုင်သေးရက်နဲ့ ဒီနေရာမှာရပ် နေကြသူ ဟုကျွန်တော်မြင်နေသည်။ ကမ္ဘာကြီးတွင် Electronic နည်းပညာသည် နေ့စဉ်နှင့်အမျှ တိုးတက်ထွန်းကားလျက်ရှိသည်။ ကျွန်တော်တို့သည် Andriod Phone များကိုလူတိုင်းနီးပါးကိုင်သုံးနေကြသော်လည်း။ Andriod Phone နှင့်ပတ်သက်၍ ဖုန်းပြုပြင်နည်းများ ၊ Application ရေးဆွဲနည်းများလောက်ကိုသာ သင်ကြားကြ၊သင်ယူကြတတ်မြောက်ကြသည်။ Andriod Phone အသစ်တစ်လုံးကို အဘယ်သူသည်မိမိဘာသာမိမိ အသစ်တီထွင်တပ်ဆင်နိုင်ပါသနည်း။ ကျွန်တော်သိသလောက် မြန်ပြည်တွင်မရှိသေးပါ။ တရုတ်ပြည်တွင် အိမ်တွင်းမှုလုပ်ငန်းပင် ဖြစ်နေပါပြီ။ အထက်ကတင်ပြခဲ့သော Supper တံဆိပ် VCD Player ကလေးများတရုတ်ပြည်မှ တင်သွင်းလာစဉ်က အတွင်း ကလီစာခေါ် Circult များ အားလုံးမှာ Made in Japan တွေဖြစ်သည်။ နောက်ပိုင်းဝင်လာသော Player အားလုံး ကြတော့ made in China တွေဖြစ်ကုန်ကြသည်။ ဆိုလိုသည်မှာ နည်းပညာကူးယူသွားခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ရော ဘာကြောင့် နည်းပညာကူးယူ၍ မရနိုင်ဖြစ်ရပါမည်နည်း။ လေ့လာလိုပါက ပျက်စီးသွားသော ဖုန်းအဟောင်းများကို လက်တွေ့ဖြုတ်၍ ကြည့်ရှုလေ့လာနိုင်သလို Internet တွင် စာတွေ့လက်တွေ့များကို Video များဖြင့် လေ့လာနိုင်ပါသေးသည်။ သူတပါးတို့တီထွင်ထားသမျှ သုံးစွဲတတ်ယုံမျှဖြင့်အားမရစေချင်ပါ။ ကိုယ်တိုင်တီထွင်ကြစေ လိုခြင်းမှာ ကျွန်တော့ဆန္ဒမှန်ဖြစ်ပါသည်။ Electronic နည်းပညာများကို အိမ်တွင်းမှုလုပ်ငန်းများအဖြစ် မြန်မာလူငယ်များ ကူးပြောင်းပေးမည့်နေ့ကိုစောင့်မျှော်နေလိုပါသည်။ မြန်မာပြည်ကြီး ကမ္ဘာနှင့် ရင်ဘောင်တန်း၍ ချမ်းသာကြွယ်ဝပြီး ခေတ်မီသော နိုင်ငံကြီးဖြစ်ပေါ်လာရန်မှာ နည်းပညာမှတပါးအခြားမရှိနိုင်ဟုယုံကြည်လျက်….
ရေးသားသူ-မင်းစိုးနိုင်
MSC 010
Photo- Google

Sort:  

Calling @originalworks :)
img credz: pixabay.com
Nice, you got a 2.0% @minnowbooster upgoat, thanks to @minsoenaing
Want a boost? Minnowbooster's got your back!

မကြာခင် Robot တွေပါ ထွင်လာတော့မှာပါ။ :D

Robot တွေလာရင် ခေါ်ထားလိုက်ရမလား

Followed လုပ်ထားပါသည်။ ပြန် Follow လုပ်ပေးပါဦး။ မိတ်ဖြစ်ဆွေဖြစ်ပေါ့ဗျာ။

Done follow bro

အဲ့လိကြီးမပြောပါနဲ့ အားနာစရာပါ ကျွှန်တော့် ကို facebook ဆက်သွယ်ပေးလို့ရမလားဗျာ messanger ကနေလည်း စာပို့ထားပေးလို့ အဆင်ပြေရင်ပို့ထားပေးပါ ဘယ်သူမှန်းမသိမှာစိုးလို့ပါ steemit မှာ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွှက်ကြဖို့ ဖိတ်ခေါ်ပါတယ်

လုပ်လိုက်တော့

Right

မှန်ရင် လုပ်ကြစို့

Good post

ကျေးဇူး

စိတ်ဝင်စာပါတယ်

အရင်ဆုံးစိတ်ဝင်စားဖို့အရေကြီးတာ

good post

ကျေးဇူးပါ

အဲ့လိုတော့ ဖြစ်စေချင်တာ အမှန်ပါ

တကယ် ဖြစ်ချင်တကယ်လုပ် အဟုတ် ဖြစ်ရမည်ဆိုလား ဘာလား

ကျွန်တော်လည်းတော်တော်ကျွမ်းကျင်ပါတယ် ဖျက်ပစ်တဲ့နေရာမှာပါ 1☻☻☻

ဖြစ်ပျက်ကိုနားလည်နေပြီ

the most interesting post ever!!

နောက်ကျကျန်နေခဲ့တာကိုဗျ

လိုက်ကြတာပေါ့

မှီမယ်မထင်ပါဘူးဗျာ

ဗဟုသုတရပါတယ်ရှင့် ကျေးကျေးပါနော်

အကြားအမြင်များခြင်းကလည်း မင်္ဂလာ

အဟောင်းမကြိုက်သလို အသစ်လည်းမတတ်ကြတာပေါ့

အင်းးး...ဒွတ်ခ

အမြင်စူးစူးနဲ့ ကြည့်တတ်သူ၊ ကြည့်သမျှမြင်တတ်သူ၊ မြင်သမျှရေးတတ်သူ ကိုလက်ညှိုးထိုဲးပပါဆိုလျှင် ဆရာမင်းစိုးနိုင်ကို ပြရပေမည်။ သူမြင်သမျှ စာဖတ်သူမြင်အောင်မီးမောင်းထိုးပြနိုင်သူပါပေ။

များသွားပြီ၊အဲ့ဒီလောက်ကြီးမဟုတ်ပါဘူး။နည်းနည်းလျော့ပေးပါ။

မှန်ကန်သောသစ္စာဆိုပါမည်၊ ကိုယ်ရေးခဲ့တဲ့စာသားတွေသည်၊ ရင်မှာပေါက်ဖွား၊ နှလုံးသားနဲ့ တစ်သားထည်းကျခဲ့သည်။

ဖြုတ်တာတော့ဝါသနာပါတယ်။ပြန်မတပ်တတ်ဘူး။