ခွင့်တရက် အလည်ထွက်

in #myanmar7 years ago

သူများတွေ ကျနော်လဲ ဒီနေ့ တော့ တနင်္လာဖြစ်ပေမယ့် rest လုပ်တယ်ပေါ့ဗျာ ။ ခွင့်ယူပြီး အဒေါ်အိမ်ကို အမေနဲ့အတူ အလည်ထွက်ကြပါတယ် ။

ကျနော်အနားယူပုံက အဆန်းဗျ ။ ပြည်မှာရေကြီးတယ်ကြားတော့ မန်းလေးနေတဲ့ကျနော့်ကို အမေက အလုပ်နားခိုင်းလို့  နားလိုက်ရတာကြောင့်ပါ ။

received_915972505249267.jpeg

အမေက " သားရေပြည်မှာရေကြီးလို့ တဲ့ သားအဲ့ဒါအလုပ်နားပြီး အန်တီမီးတို့ အိမ်ကိုသွားနေကြမယ် " လို့  အရင်းမရှိအဖျားမရှိပြောလာတော့ ကျနော်ကြောင်တောင်တောင်ဖြစ်သွားတာပေါ့ ။

နောက်မှရေလည်သွားတော့တယ် ။ ပြည်မှာ ဘုန်းဘုန်းသုမနက ၁၁ရက်တရားစခန်းသင်တန်းသွားလို့  စိတ်ပူပြီး သတင်းမေးရင်း ဒီမှာကလဲ မိုးမပြတ်တော့ ရပ်ကွက်ထဲဗွက်ထလို့  ထမင်းဟင်းချက်ရတာအဆင်မပြေတဲ့အတူတူ အိမ်အလည်ထွက် ထမင်းစားကြွမှန်းသိလိုက်ရတယ် ။

ဟိုအိမ်ရောက်တော့ လူစုံတက်စုံလို့ ပြောရမှာထက် ဖုန်းစုံပါးစပ်စုံလို့ ပြောရင် ပိုအဆင်ပြေပါမယ် ။ ဘုန်းဘုန်းကိုသတင်းမေးကြရင်း တရားစခန်းထိုင်စဉ်က မပြောလိုက်ရတဲ့အတင်းတွေ အဖျင်းတွေ အဲ့ဟုတ်ပေါင် သတင်းတွေပြောလိုက်ကြတာ နားအူမတတ်ပါဘဲ ။

FB_IMG_1528720210139.jpg

အပျင်းပြေညီလေးရှိလို့ တော်သေးတာပေါ့ ။ သူကလဲ ကျောင်းမလိုက်တော့ ဖျာတချပ်ခင်းပြီး အရုပ်တွေဆက်နေလိုက်တာ ပွနေတာပါဘဲ ။ နားပူလို့  သူ့ အနားကပ်မှ မျက်စိကန်းမယ့်အပေါက်နဲ့တိုးနေတယ် ။ နဂိုကမှ တမျိုးလုံးက မျက်မှန်မပါရင် သိပ်မဟုတ်ချင်ဘူး ဆိုနေမှဘဲ သူ့ အရုပ်သေးသေးလေးလေးတွေ ဟိုဆက်ဒီဆက် လုပ်နေရတယ် ။

မိုးကအေးတော့ ဗိုက်ကပိုဆာသလိုပါဘဲဗျာ ။ အိမ်ထဲက ကိုယ့်ဆရာမထွက်အလာချောင်းကြည့်ပြီး ညီလေးကို မြှောက်ပေးရတာပေါ့ ။ လမ်းထိပ်မုန့် စားထွက်ဖို့  B Pyae ခေါ်လိုက် ဒုတ်ထိုးက ခုလိုမိုးရွာနေချိန် ကြာဇံကြော်လေးနဲ့တွဲစားလိုက်ရင် good လဲဆိုလိုက်ရော ၂ခါမပြောရဘူး ။

B Pyae ထွက်လာပြီး ကျနော်တို့ မောင်နှမ၃ဦး ဒုတ်ထိုးဆိုင်ကို ဒိုးတော့တာပေါ့ ။ အစားဆို ၂ခါမတိုင်ပင်ရတဲ့ အမျိုးတွေပါဗျာ ။ ကျနော်တို့ စားပြီးပြန်လာတော့ အမေတို့ ဖုန်းစုံပါးစပ်စုံအဖွဲ့လဲ အဆက်ပြတ်သွားကြပြီး ဘယ်သွားကြတာလဲမေးတော့ ဒုတ်ထိုးသွားစားကြောင်းတင်ပြလိုက်တာ စားလဲစားနိုင်ကြတယ်လို့  အမေက မှတ်ချက်ချပါတယ် ။

FB_IMG_1528720553665.jpg

ကျနော်လဲ ခပ်တည်တည်နဲ့ မော်လမြိုင်စကား မွန်အစားလို့  ပြောလိုက်တာ အမေက ဒီတခါတော့ တဝါးဝါးနဲ့ သဘောကျသွားတော့တာပေါ့ ။ အန်တီမီးက " ကိုယ့်ဘာသာ အစားပုပ်တာကို မွန်တွေအစားကြီးလို့  လိုက်တူသလိုလို ဖြစ်ရသေးတယ်လို့  အံ့ပါရဲ့တော် " လို့  ကျနော့်ကိုပြန်လည်ချေပပါတော့တယ် ။

@minmanthawe

MSC 257

Sort:  

သူတို့ကနားရက်တွေများကြီးပဲ။ကိုယ်ပိုင်အလုပ်လုပ်ရတာမကောင်းဘူး။ဆိုင်လခမီးလခ..လခပေါင်းများစွာတွက်ရင်းနဲ့ နားရက်ဆိုတာတောင်မရှိတာကြာခဲ့ပြီလေ..။သြော်လောကကြီးကဒီလိုပဲ ကိုယ်ကသူ့အားကျ သူကပြန်ကိုယ့်အားကျနဲ့ ..။

စက်ရုပ်တောင် တရစပ်လုပ်ရင် ဂျမ်းဖြစ်သေးတယ် လူကတော့ နားနားနေနေ နေသင့်တာပေါ့ မဇာရယ်

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.ustream.tv/HowTo

ဘာတုန်းဗျာ လာပြန်ပီ

ညနေကျ အကြော်ဝယ်စားတာပါထည့်ရေးလေ

ညနေက ညနေ အခြေအနေအရပေါ့

ဖတ်​ပြီး ဒုတ်​ထိုး​တောင်​စားချင်​မိတယ်​😂

လာခဲ့လေဗျာ

အကြိုက်တွေ

good တယ်

ကောင်းတာ သူတို့ နားရက်များ

ဦးလေးထွေးလဲနားလိုက်ဗျာ

မိုး​အေး​အေးနဲ့ တုတ်​ထိုး​လေးစား ဟင်းရည်​ပူ​လေး​သောက်​ ... ​ပြောရင်းစားချင်​လာ​ပေါ့ဗျာ ..

ရှလွပ်

အမျိုးတွေ စုမိတာ ပျော်စရာကောင်းပါတယ်

ဟုတ်ကဲ့ နားတော့အတော်ပူတယ်ဗျ

ပြည်မှာရေကြီး… မန်းလေးမှာနေ … အလုပ်နား … ထို့နောက် … မုန်စား
အဆင်ကိုပြေနေရောဘဲ နော်

ဟီးး

ကိုယ်တွေလည်း အဲ့..cheetaလာလို့ညစ်နေပါတယ်ဆို..။

ဟုပဗျာ သူကဈေးဦးဖောက်တယ် ခ်ခ်

တုတ်ထိုး မစားရတာကြာပြီ ဆိုတော့ မြင်တော့လဲ စားချင်စိတ် ဖြစ်မိပြန်တယ် မိုးလင်းရင် သွားစားမှပါ