စာရေးမယ် ... ရေးရမယ် ... ငါစာရေးရမယ်
ငါ့မှာ ပိုစ့်တင်ဖို့ တင်ရှိတယ် ။ ဘာရေးရမယ်
မသိ မစဉ်းစားရသေး ။ အလုပ်ကမအား ။
အလုပ်မအားဘူးဆိုလို့  ၊ ဒီလူ အလုပ်ကြိုးစား
တယ် တကယ့်အလုပ်ကြီးအကိုင်ကြီးသမားပဲ
စသဖြင့် မထင်လိုက်ကြပါနဲ့ ။
မနက်အိပ်ရာထထချင်းကလေးထိန်းရတယ်။ သူ့အမေနိုးလာတော့ ကမန်းကတန်း ရေမိုးချိုးအဝတ်အစားလဲ ဈေးသွားရပြန်တယ်။အိမ်ပြန်ရောက်တော့ ဝယ်လာတာတွေ ချက်ဖို့် ပြင်ရတယ်။ဟင်းချက်နေ တုန်းဈေးကပြေးရောင်း၊မိတ္တူကူးစရာရှိကူး ။ စာရိုက်စရာရှိ ရိုက် ၊ဓာတ်ပုံထုတ်စရာရှိထုတ် (အိမ်ဆိုင်လေးတွဲဖွင့်ထားတာ )daily စရိတ်လေး ရလိုရငြားပေါ့ ။ ပြီးတာနဲ့ ဟင်းအိုးဘက်ပြေးရပြန်တယ်။ကလေးက အငယ်လေး လက်ပေါ်ကချမရ (လက်ကြိုက်စိန်က😃😃)။ထမင်းဟင်း
ချက်ပြီးလို့  စာရေးမယ်ကြံရင် ကလေးက
ငို ကလေးချီပြီးလမ်းလျောက်ပေးရပြန်တယ်။
ကလေးမငို ရင် တစ်စုံတစ်ခု အကြောင်းကိစ္စက
ပေါ်လာစမြဲ ။အဲ့လိုနဲ့ တွေးထားတာတွေ ပျောက် ဘာရေးရမယ်မှန်းမသိဖြစ်ကုန်ရော ။ ညဘက်ဆိုလည်း ညဘက်မို့လို့  ။ အလုပ်က အဲ့လိုတွေနဲ့ သံသရာလည်နေတာ။
ခုအချိန်မှာ အားကျမိတာကတော့ လူပျိုကြီးတွေ ဘဝပါပဲ။ တွေး၊ ငေး ၊ ဆွေး စိတ်ထင်တိုင်း
ကဲ၊ ပျော်ပျော်နေပြီး ဘဝကို ဖြတ်သန်းခွင့်
ရတာ နိဗ္ဗာန်တခုပါ။လက်ရှိမြင်နေတဲ့အမြင်ပါ။
(မယူခင်ကတော့အမြင်တမျိုးပေါ့ 😁😁)
တချို့ တလေကျတော့လည်း လိုချင်ရဲ့သားနဲ့
မရတတ်ကြ ။ ဒါလည်း ငရဲတမျိုးပါပဲ ။
"ရှိတာမလို လိုတာမရ"
" လူ့အလို နတ်မလိုက်နိုင် " ဆိုသလိုပေါ့
ကိုယ်အပါအဝင် လူတွေက အလိုရမ္မက်လောဘကြီးကြတာကိုး။အလိုရမ္မက်လောဘနောက် လိုက်ပါရင်း ဘဝတွေ စုန်းစုန်းမြုပ်သွား
ကြတာပါပဲ ။
ဆရာဖေမြင့်ရေးတဲ့စာအုပ်မှာအရင်ကဖတ်ဖူးခဲ့တယ်။ လူတွေက တရက်ကို တခါ မြေကြီး
ထဲဝင်သွားကြတယ်တဲ့ ။ အဲ့လိုနဲ့ နောက်ဆုံးကြ
တော့ မြေကြီးထဲ အကုန်ရောက်သွားကြပါလေရောတဲ့ ။ ဟုတ်တယ်လေ ကျနော်တို့ အားလုံးတချိန်မှာအကုန်မြေကြီးထဲ အကုန်ရောက်ကြရမှာပဲ ။ ကိုယ်ဆိုတဲ့ခန္ဓာ ကိုယ် မှ ရေမလောင်း ရင် တခြားဘယ်သူမှ ရေလာလောင်း ကြမှာ မဟုတ်ဖူးလေ။ သံသရာမှာရှင်သန်ကြီးထွားဖို့ တရားဓမ္မရေ လောင်းတာကို ပြောတာပါ။
ကိုယ်တွေမှာက သံယောဇဉ်တွေနဲ့ ရေခပ်စရာတွင်းရှိနေပါရဲ့နဲ့ မခပ်နိုင်သေး။အပူတွေ မထုတ်နိုင်သေး။
သံသရာဆိုတဲ့ ရပ်တည်မှုကိုစဉ်းစားကြည့်မိ
တယ်၊နိစ္စဓူဝများမြောင်တဲ့ ကိစ္စတွေကို သုံးသပ်
ကြည့်တော့အရမ်းကိုပူလောင်တယ်။
ဒါနဲ့များဘာကြောင့် အေးချမ်းမှုကို မရှာကြပဲ
အပူတွေချည်း ရှာနေမိလည်းစဉ်းစားမရဘူး။
လူတစ်ဦး ပူမှုရယ်ဆယ်ကုဋေ တကယ်မှန်တဲ့
စကား။ ခေတ္တအပျော်နောက်လိုက်ပြီး ဘဝကို
အပူထဲနှစ်ပြီး သေခြင်းတရားကိုရှာဖွေနေကြပုံ များဆင်ခြင်စရာကောင်းလေစွ ။
ကိုယ့်အနေနဲ့ ကတော့
တခြားဘာမှလည်းထွေထွေထူးထူးမလုပ်နိုင်တော့ စိတ်ကောင်းစေတနာကောင်းလေးထား
ပြီး အတတ်နိုင်ဆုံး သတိထားမိတဲ့သံဝေဂ
တရားလေးနဲ့အတူ ခုနောက်ပိုင်းဘဝကို
ပြုပြင်နေထိုင်မိတော့တယ်။
....
@minkhantnyar (MSC-048)
Image -minkhantnyar
ဟုတ်ပါ့ဗျာ i v and c u...plz v and c me back!!
@mgtoetat 👍
Thank! I will
အရေးကောင်းအတွေးကောင်းပါ့။ကလေးအဖေတွေဘဝဒီလိုပါပဲ;bro.I တို့လိုအပျိုကြီးတွေငြိမ်းချမ်းပါ့😜😜😜
ကြာ်ငြာကဝင်တယ်နော် မအိ 😃😃
နေတတ်ရင်ေ ကြနပ်စရာ
Right!
ဒါကလည်း ပျော်စရာတစ်ခုလိုပဲသတ်မှတ်ထားလိုက်ပါ အစ်ကို
အပေါ့ဗျာ 😃😃
Are you not happy your life? Why not? I also not happy of my life, why i want to be rich! 😁😁
May be one day ! I will pray for you 😃😃
ကလေးအဖေလားဗျ
လေးဖေ ကြီးပါဗျာ 😃😃
ကလေးနဲ့ဆိုတော့ စာရေးရတာ ဘယ်အဆင်ပြေမလဲ။ကျွန်မဆို တီဗီသံလေးဆူညံတာနဲ့တင် စာဖေးဖို့ mood ပျောက်သွားတယ်။
အမှန်ပဲဗျို့  ဘယ်က စရမှန်း မသိဖြစ်ဖြစ်သွားတယ်
ဘုရားရိပ်ပဲအေးချမ်းပါတယ် bro ရေ
Right!
Right!
မရေးအသား good တယ် bro
Tgank you 😃
အနေမတတ်ရင်အသေခင်တတ်တယ်
သေတတ်ရင်ကျေနပ်စရာပါ 😃😃
ကလေးထိန်းရင်းရေးတာတောင် good တုန်း
:)
ကျေးဇူးပါဗျာ 😃😃
အပျိုကြီးတွေလက်မထောင်ရမှာပေါ့၊ဟိဟိ
ကြာ်ငြာတွေ ဝင်တယ် 😃😃
Good bro
Thank!
ကလေးတစ်ယောက်ထိန်းရတဲ့ ဒုက္ခက မလွဲဘူးဗျာ
ဖိုက်တင်းဗျာ ဟဲဟဲ
တကယ်မလွယ်တာ ...
အသိလေးတွေမျှဝေတာ ကောင်းတယ်ဗျာ
ကျေးဇူးပါဘရို 😃
ကောင်းပါတယ်အကိုရေ နောက်ကျ့ sorry နော်
ရပါတယ်ဗျာ ... ဒီလိုပါပဲ
ကလေးဖေဘ၀ မလွယ်ပါလား
မလွပေမယ့် လေးမျက်နှာမြင်ရင်မေပြေတယိဗျ 😃😃