တောင်လှေကားမြို့သို့ အလည်တစ်ခေါက် (2)

in #myanmar7 years ago

456A8725-31E9-4380-A76A-EADB4D5A9EC6.jpeg

အမျိုးသားကန်တော်ကြီး ဥယျာဉ်သို့ခြေချမိသည်နှင့် မြက်ခင်းစိမ်းကွင်းပြင် (green field) က သင့်အားကြိုဆိုနေလိမ့်မည်။ ကန်တော်ကြီးဥယျာဉ်ထဲတွင် ပန်းပေါင်းမျိုးစုံကို စနစ်တကျ လူအင်အား နည်းပညာအားဖြင့် အချိန်ယူ၍ပန်းအမျိုးမျိုး တို့ကို ထိန်းသိမ်းစိုက်ပျိုးထားတတ်သည်။ ထို့ကြောင့် ပန်းများအား စည်းကမ်းမဲ့ခူးယူခြင်းအား အထူးတားမြစ်ထားရာ 'ပန်းမခူးရ' ဟူသော လမ်းညွှန်ချက်များကို နေရာတိုင်းတွင်ထားရှိထားသည်။ ထို့ကြောင့် အထူးသဖြင့် အမျိုးသမီးဧည့်သည် ပန်းမခူးမိကြစေရန် အထူးအကြံပေးလိုသည်။
0D2FD597-8D6C-4303-AA4F-DF45B9CDCC2D.jpeg

မိမိနှင့်သူငယ်ချင်းများသည် ကန်တောကြီးဥယျာဉ်သို့ခြေချမိသည်နှင့် အလွန်လှပသောမြက်ခင်းစိမ်းခင်းပေါ်တွင် အလှဓာတ်ပုံရိုက်ကြသည်။ ပိုစ့်ပေးကြသည်။ ဓာတ်ဖမ်းကြလေတော့သည်။ အုပ်စုလိုက် ဓာတ်ပုံရိုက်ကြသည်။ထို့နောက် ဥယျာဉ်အတွင်းရှိ သစ်ခွပန်းဥယျာဉ်သို့ ထပ်မံသွားလည်ကြသည်။ သစ်ခွပန်းဥယျာဉ်တွင် အာဆီယံနိုင်ငံများတွင်ပင် မရှိသေးသော် ရှာဖွေတွေ့ရှိခြင်း မခံထားရသေးသော သစ်ခွမျိုးကွဲပေါင်းများစွာကို တွေ့ရသည်။အချို့သစ်ခွပန်းများ ဆိုလျှင် အခြား အာရှနိုင်ငံများ၊ အနောက်နိုင်ငံများတွင်ပင်မရှိသေးသည့် သစ်ခွမျိုးကွဲများကိုတွေ့နိုင်သည်။
78BF3405-55E7-4728-9319-2EE44837F496.jpeg
ဤသည်မှာ ရုက္ခဗေဒ ပညာရှင်များအတွက် အလွန်အဖိုးမဖြတ်နိုင်သော နိုင်ငံ့ရတနာများဖြစ်ကြသည်။ထို့နောက် မိမိနှင့်သူငယ်ချင်းများသည် တဖန်လိပ်ပြာ ဥယျာဉ် သို့သွားရောက် လာပတ်ကြပြန်သည်။ လိပ်ပြာဥယျာဉ်တွင် အမျိုးစုံလှသော လိပ်ပြာမျိုးခွဲများကို ပြသထားသည်။ လိပ်ပြာများသည်သာမက အခြားအင်းဆက်မျိုးစိတ် အချို့ကိုလည်း ဖြည့်စွက်ပြသထားသည်ကိုတွေ့ရသည်။ ဤတွင် သတိထားရမည်မှာ အချို့နေရာများတွင် ဓာတ်ပုံရိုက်ခွင့်မပေးခြင်းဖြစ်သည်။ ( ထို့ကြောင့် လိပ်ပြာပြတိုက်အတွင်မှ ရိုက်ကူးခဲ့သော ဓာတ်ပုံများကျွန်တော့်တွင်ပြစရာမရှိခြင်းဖစ်သည်ဟု ထင်မိသည်။) ထို့ကြောင့် ကွပ်ကဲကြီးကြပ်သူများ၏ လမ်းညွှန်ချက်များကို လိုက်နာပေးသင့်သည်။

ကျွန်တော်နှင့် သငယ်ချင်းများသည် ကန်တော်ကြီး ဥယျာဉ်အတွင်းအတန်ကြာလည်ပတ်ပြီးနောက် မြို့တွင်းတွင်ရှိသည့် တရုတ်ဘုံကျောင်းသို့ တဆက်တည်းမောင်းခိုင်းလိုက်သည်။အဘယ်ကြောင့်ဆိုသော် အခြားလည်ပတ်စရာများဖြစ်သည့် ပိတ်ချင်းမြောင်၊ပွဲကောက်ရေတံခွန်နှင့် ဓာတ်တော်ချိုင့်တို့မှာ မြို့မှ အတန်ငယ်သွားရသေးသည်။ထို့ကြောင့် မြို့တွင်းမှ လည်စရာ ပတ်စရာများကို အရင်ဆုံးသွားရောက်ရန်မှာ အသင့်တော်ဆုံးပင်ဖြစ်ပါသည်။
75D9B0F4-22F8-4F32-AFBA-68326D4888EB.jpeg

တရုတ်ဘုံကျောင်းသည် ဗုဒ္ဓဘာသာနှင့်ဆိုင်သော နေရာဖြစ်သည်နှင့်အညီ ဂေါတမမြတ်စွာဘုရားရှင် ဆင်းတုတော်များ၊ရုပ်ပွားတော်များကို ပူဇော်နိုင်သည်။ဖူးမျှော်နေသည်။ ထို့ပြင် တရုတ်ဘုံကျောင်းအတွင်းတွင် ကြာကန်များ ဝူခုံး၊ပါကျဲ အထိမ်းအမှတ်ရုပ်တုများနှင့်လဲ ဓာတ်ဖမ်းနိုင်သည်။ထို့ပြင် တရုတ်ဘုံကျောင်းအတွင်းရှိ တရုတ်ရိုးရာ ဘုံပြသာဒ် ခုနှစ်ဆင့်ရှိ အဆောက်အဦးပေါ်သို့လဲ တက်ရောက်လေ့လာနိုင်သည်။ မိမိနှင့်သူငယ်ချင်းများမှာ ဓာတ်ဖမ်းပြီးသကာလ မြတ်စွာဘုရားရှင်အားပူဇော်ပြီး တရုတ်ရိုးရာ တုတ်ချောင်းဗေဒင် ကြည့်ကြတော့သည်။
29E8BA0E-00B6-4015-9BF6-E181C7320D5C.jpeg
တရုတ်တုတ်ချောင်းဗေဒင်ဆိုသည်မှာ တုတ်ချောင်းလေးများစွာထည့်ထားသော ဗူးကို ဆုတောင်းရင်း လှုပ်၍ အထဲမှ တုတ်ချောင်းတချောင်းအား ထွက်ကျစေခြင်းဖြစ်သည်။ပြီးမှ မိမိလှုပ်ခတ်၍ထွက်ကျလာသော တုတ်ချောင်းမှ အမှတ်စဉ်အတိုင်း ဗေဒင် လမ်းညွှန်စာအုပ်တွင်ရှာ၍ ဟောခြင်းဖြစ်ပေသည်။ မိမိကံစမ်းကြည့်ရာ ပညာရေး ကံကောင်းမည် ဟု အတိတ်နမိတ်ထွက်ပေါ်လာခဲ့သည်။

ဆက်ရန်-
steemit myanmar
written by @mgtoetat
photos by @mgtoetat

Sort:  

ကျေးဇူးပါ။ မရောက်ဖူးသေးပေမယ့် သိသွားပြီ။

ပြောပြခွင့်ရတဲ့တွက် ကျေးဇူးပါဗျာ!!

သွားအုံးမယ်ဗျာ

သွားသင့်တယ်ဗျာ လုံးဝအကျိုးရှိစေမယ့် ခရီးစဉ်ပါ 👍👍

သွားမယ်ဗျာ

ဟုတ်ဘီဗျာ 👍👍

သွားစရာ တေ

လည်စရာတွေကောနော် 😁👍👍

ကိုtraveller ကြီးရာ
ပိုက်ဆံပေါတဲ့တစ်နေ့လျှောက်သွားပါ့မယ်
နေရာစုံ

ချ ချ 😁😁

လုပ်မှာ

Go မယ်ဗျာ ရောက်ဖူးသိဘူး

ရောက်အောင် သွားကြည့်ဗျာ 👍👍

vote ခဲ့တယ်ဗျာ
If u would like to vote me back
@aungmyotun

အိုခေ ဘဒို!!!

ပြင်ဦးလွင်ကို

အယ် ပုံတွေက စာတန်းတွေကြီးဘဒို

ဟမ် ပေါ်ပါဒေ ဘဒိုရယ် 😐😐

Congratulations @mgtoetat! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Goမယ်​ဆိုလက်​တို့ဘာ😍😜

ခုတောင် သီတင်းကျွတ် မေမြို့မှာ 🌝🌝

ရောက်ဖူးတယ် ၂ ကြိမ် ဒါပေမဲ့ သွားချင်သေးတာပဲ